iMyanmarHouse.com - Best Property Website for Myanmar
×

ေနထိုင္စားေသာက္ရတဲ့ ပတ္ဝန္းက်င္နဲ႔ ကိုယ့္ရဲ႕အလုပ္အကိုင္ေၾကာင့္ျဖစ္ေစ ခႏၶာကိုယ္မွာ အဆိပ္အေတာက္ေတြ ကပ္ၿငိေနရပါတယ္။ အသည္းက အဆိပ္အေတာက္ေတြကို ေခ်ဖ်က္ေပးေနတာျဖစ္တာေၾကာင့္ ကိုယ္တြင္းက အသည္းကို ေကာင္းမြန္ေအာင္လည္း ေနထုိင္စားေသာက္ရပါမယ္။ ဒါေတြတင္သာမက ယခုေျပာျပမယ့္ အခ်က္ေတြကလည္း ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ျပယ္ေစမယ့္ နည္းလမ္းေကာင္းေတြပါ။

၁။ ေရမ်ားမ်ားေသာက္ျခင္းက အဆိပ္အေတာက္ေတြ ေျပသြားေစဖုိ႔ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ ခႏၶာကိုယ္အပူခ်ိန္နဲ႔ သိပ္မကြာတဲ့ ေရၾကက္သီးေႏြးေလးက အေကာင္းဆံုးပါပဲ။ ေဆးဘက္ဝင္ေရေႏြး၊ အသီးေတြနဲ႔ေရာစပ္ထားတဲ့ေရ စတာေတြကိုလည္း ေသာက္သင့္ပါတယ္။

၂။ အယ္လ္ကိုေဟာနဲ႔ ေကာ္ဖီကို ေလွ်ာ႔ေသာက္ပါ။ ဆီး႐ႊင္ေစတဲ့အရည္ေတြက ခႏၶာကိုယ္တြင္းက ေရဓာတ္ကိုခမ္းေစပါတယ္။ အခ်ိဳမ်ားတဲ့ေဖ်ာ္ရည္ေတြကိုလည္း ေလွ်ာ့ေသာက္ပါ။ ဆိုးေဆးေရာင္စံုနဲ႔ ေသာက္စရာေတြကိုလည္း ေ႐ွာင္သင့္ပါတယ္။

၃။ သဘာဝႀကီးနဲ႔ ထိေတြ႕ဆက္သြယ္ပါ။ ဆိုလိုတာကေတာ့ အေအာက္အအံုျပင္ပမွာ လမ္းေလွ်ာက္တဲ့အက်င့္ေလး ရွိပါေစ။ ေနေရာင္ျခည္ေလးခံယူရင္း သစ္ပင္ေတြေအာက္မွာ လမ္းေလွ်ာက္ပါ။ သဘာဝေလထုက စိတ္နဲ႔ခႏၶာကိုယ္ကို လန္းဆန္းေစပါတယ္။

၄။ အဆုတ္ကို ေလ့က်င့္ခန္းေပးပါ။ ေလထုညစ္ညမ္းမႈဒဏ္ေတြ သက္ေရာက္မႈကေနေဝးေအာင္ ေ႐ွာင္ႏိုင္သမွ်ေ႐ွာင္ပါ။ ေဆးလိပ္ေသာက္ျခင္းကို ေလွ်ာ့ပါ။

၅။ ေရေႏြးေငြ႕နဲ႔ ေပါင္းတင္ျခင္းကလည္း အဆိပ္အေတာက္ေတြ ျပယ္သြားေစပါတယ္။ ေရေႏြးေငြ႕ေၾကာင့္ ေခၽြးေပါက္ေတြပြင့္သြားၿပီး ေသြးလည္ပတ္မႈ အားေကာင္းလာပါလိမ့္မယ္။ အေရျပားေအာက္မွာပုန္းေအာင္းေနတဲ့ ေခၽြးနဲဲ႔အဆီဂလင္းေတြက ေမြးညင္းေပါက္ေတြကေနပြင့္ထြက္လာၿပီး အသားအေရကိုလည္း ၾကည္လင္ေစပါတယ္။

၆။ ေဆးဘက္ဝင္ သစ္ဥသစ္ဖုေတြလည္း ရွိပါတယ္။ အေကာင္းဆံုးတစ္ခုကို ေျပာရရင္ေတာ့ ဆႏြင္း (နႏြင္း)ပါ။ နႏြင္းတက္က အသည္းကို အားျဖည့္ေပးႏိုင္ပါတယ္။ ကိုယ္တြင္းက အဆိပ္ေတြကို စစ္ထုတ္ေပးရတာမို႔ အသည္းအားေကာင္းေအာင္ ေနထိုင္ပါ။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
နေထိုင်စားသောက်ရတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အလုပ်အကိုင်ကြောင့်ဖြစ်စေ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ ကပ်ငြိနေရပါတယ်။ အသည်းက အဆိပ်အတောက်တွေကို ချေဖျက်ပေးနေတာဖြစ်တာကြောင့် ကိုယ်တွင်းက အသည်းကို ကောင်းမွန်အောင်လည်း နေထိုင်စားသောက်ရပါမယ်။ ဒါတွေတင်သာမက ယခုပြောပြမယ့် အချက်တွေကလည်း ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြယ်စေမယ့် နည်းလမ်းကောင်းတွေပါ။

၁။ ရေများများသောက်ခြင်းက အဆိပ်အတောက်တွေ ပြေသွားစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အပူချိန်နဲ့ သိပ်မကွာတဲ့ ရေကြက်သီးနွေးလေးက အကောင်းဆုံးပါပဲ။ ဆေးဘက်ဝင်ရေနွေး၊ အသီးတွေနဲ့ရောစပ်ထားတဲ့ရေ စတာတွေကိုလည်း သောက်သင့်ပါတယ်။

၂။ အယ်လ်ကိုဟောနဲ့ ကော်ဖီကို လျှော့သောက်ပါ။ ဆီးရွှင်စေတဲ့အရည်တွေက ခန္ဓာကိုယ်တွင်းက ရေဓာတ်ကိုခမ်းစေပါတယ်။ အချိုများတဲ့ဖျော်ရည်တွေကိုလည်း လျှော့သောက်ပါ။ ဆိုးဆေးရောင်စုံနဲ့ သောက်စရာတွေကိုလည်း ရှောင်သင့်ပါတယ်။

၃။ သဘာဝကြီးနဲ့ ထိတွေ့ဆက်သွယ်ပါ။ ဆိုလိုတာကတော့ အအောက်အအုံပြင်ပမှာ လမ်းလျှောက်တဲ့အကျင့်လေး ရှိပါစေ။ နေရောင်ခြည်လေးခံယူရင်း သစ်ပင်တွေအောက်မှာ လမ်းလျှောက်ပါ။ သဘာဝလေထုက စိတ်နဲ့ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။

၄။ အဆုတ်ကို လေ့ကျင့်ခန်းပေးပါ။ လေထုညစ်ညမ်းမှုဒဏ်တွေ သက်ရောက်မှုကနေဝေးအောင် ရှောင်နိုင်သမျှရှောင်ပါ။ ဆေးလိပ်သောက်ခြင်းကို လျှော့ပါ။

၅။ ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းကလည်း အဆိပ်အတောက်တွေ ပြယ်သွားစေပါတယ်။ ရေနွေးငွေ့ကြောင့် ချွေးပေါက်တွေပွင့်သွားပြီး သွေးလည်ပတ်မှု အားကောင်းလာပါလိမ့်မယ်။ အရေပြားအောက်မှာပုန်းအောင်းနေတဲ့ ချွေးနဲ့အဆီဂလင်းတွေက မွေးညင်းပေါက်တွေကနေပွင့်ထွက်လာပြီး အသားအရေကိုလည်း ကြည်လင်စေပါတယ်။

၆။ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေလည်း ရှိပါတယ်။ အကောင်းဆုံးတစ်ခုကို ပြောရရင်တော့ ဆနွင်း (နနွင်း)ပါ။ နနွင်းတက်က အသည်းကို အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်တွေကို စစ်ထုတ်ပေးရတာမို့ အသည်းအားကောင်းအောင် နေထိုင်ပါ။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top