iMyanmarHouse.com - Best Property Website for Myanmar
×

အသည္းကြဲေ၀ဒနာ ခံစားေနရသူေတြကို အားေပးေလ့ရွိတဲ့စကားက "အခ်ိန္က ကုစားသြားလိမ့္မယ္" ဆုိတာပါပဲ။ ဟုတ္ပါတယ္။ အသည္းကြဲေ၀ဒနာ ခံစားေနရတဲ့သူေတြဟာ အခ်ိန္အတုိင္းအတာ တစ္ခုၾကာလာေလ၊ ေသြးေအးလာျပီး ရည္းစားေဟာင္းကို ေမ့ပစ္သြားႏိုင္ၾကပါတယ္။ အရင္ကေတာ့ ဒီလိုေမ့ႏိုင္ဖုိ႕ လေပါင္းမ်ားစြာ၊ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူၾကရပါတယ္တဲ့။ ဒါဟာအရင္လူေနမႈပံုစံ၊ ခံယူခ်က္၊ အမူအက်င့္ေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ခု သုေတသနပညာရွင္ေတြရဲ႕ မွတ္တမ္းအရေတာ့ အသည္းကြဲတဲ့သူ အေျခအေနပံုမွန္ျပန္ျဖစ္ဖုိ႕၊ ဒီေ၀ဒနာကိုကုစားႏိုင္ဖုိ႕ အခ်ိန္အမ်ားၾကီး မလိုေတာ့ပါဘူး။ လြန္ေရာက်ြံေရာ သံုးလပါပဲတဲ့။

ဒီေလ့လာမႈကို Positive Psychology ဂ်ာနယ္မွာ ေဖာ္ျပခဲ့တာျဖစ္ျပီး လူအေယာက္ ၁၅၅ေယာက္မွာ ၇၁ေယာက္က အသည္းကြဲတာကို ကုစားဖုိ႕ အခ်ိန္ ၁၁ပတ္ (သံုးလ)သာ လိုပါတယ္တဲ့။ ဒါကိုအေကာင္းဘက္က ၾကည့္ရင္ေတာ့ သူတုိ႕ဟာ လူၾကီးပိုဆန္လာျပီး မခံစားသင့္တဲ့အရာကို မခံစားၾကေတာ့တာမုိ႕ သေဘာက်စရာပါ။

ခုလို အခ်ိန္တိုေလးအတြင္းမွာ အသည္းကြဲေ၀ဒနာကို ကုစားႏိုင္တာ ဟုတ္ရဲ႕လားလုိ႕ ထင္ခ်င္စရာရွိေပမယ့္ ဒါဟာ စံုတြဲေတြၾကားဘာေတြျဖစ္ပ်က္ခဲ့သလဲဆုိတဲ့ အခ်က္ေပၚေတာ့ မူတည္ေနပါတယ္။ ဘာလုိ႕လဲဆုိေတာ့ အသည္းကြဲပံုကြဲနည္းကလည္း ကြာေသးတာကိုး။ အသည္းကြဲျခင္းေ၀ဒနာကို ၾကိမ္ဖန္မ်ားစြာ ခံစားရတဲ့ လူတစ္ေယာက္ကေတာ့ စိတ္ေ၀ဒနာခံစားရတဲ့အထိကို ျဖစ္သြားႏိုင္တယ္လို႕လည္း ဒီသုေတသနမွတ္တမ္းမွာ ေဖာ္ျပထားပါေသးတယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အသည်းကွဲဝေဒနာ ခံစားနေရသူတွေကို အားပေးလေ့ရှိတဲ့စကားက "အချိန်က ကုစားသွားလိမ့်မယ်" ဆိုတာပါပဲ။ ဟုတ်ပါတယ်။ အသည်းကွဲဝေဒနာ ခံစားနေရတဲ့သူတွေဟာ အချိန်အတိုင်းအတာ တစ်ခုကြာလာလေ၊ သွေးအေးလာပြီး ရည်းစားဟောင်းကို မေ့ပစ်သွားနိုင်ကြပါတယ်။ အရင်ကတော့ ဒီလိုမေ့နိုင်ဖို့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ အချိန်ယူကြရပါတယ်တဲ့။ ဒါဟာအရင်လူနေမှုပုံစံ၊ ခံယူချက်၊ အမူအကျင့်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ခု သုတေသနပညာရှင်တွေရဲ့ မှတ်တမ်းအရတော့ အသည်းကွဲတဲ့သူ အခြေအနေပုံမှန်ပြန်ဖြစ်ဖို့၊ ဒီဝေဒနာကိုကုစားနိုင်ဖို့ အချိန်အများကြီး မလိုတော့ပါဘူး။ လွန်ရောကျွံရော သုံးလပါပဲတဲ့။

ဒီလေ့လာမှုကို Positive Psychology ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး လူအယောက် ၁၅၅ယောက်မှာ ၇၁ယောက်က အသည်းကွဲတာကို ကုစားဖို့ အချိန် ၁၁ပတ် (သုံးလ)သာ လိုပါတယ်တဲ့။ ဒါကိုအကောင်းဘက်က ကြည့်ရင်တော့ သူတို့ဟာ လူကြီးပိုဆန်လာပြီး မခံစားသင့်တဲ့အရာကို မခံစားကြတော့တာမို့ သဘောကျစရာပါ။

ခုလို အချိန်တိုလေးအတွင်းမှာ အသည်းကွဲဝေဒနာကို ကုစားနိုင်တာ ဟုတ်ရဲ့လားလို့ ထင်ချင်စရာရှိပေမယ့် ဒါဟာ စုံတွဲတွေကြားဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတဲ့ အချက်ပေါ်တော့ မူတည်နေပါတယ်။ ဘာလို့လဲဆိုတော့ အသည်းကွဲပုံကွဲနည်းကလည်း ကွာသေးတာကိုး။ အသည်းကွဲခြင်းဝေဒနာကို ကြိမ်ဖန်များစွာ ခံစားရတဲ့ လူတစ်ယောက်ကတော့ စိတ်ဝေဒနာခံစားရတဲ့အထိကို ဖြစ်သွားနိုင်တယ်လို့လည်း ဒီသုတေသနမှတ်တမ်းမှာ ဖော်ပြထားပါသေးတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top