iMyanmarHouse.com - Best Property Website for Myanmar
×

ဒူးဟာ ခႏၶာကိုယ္႐ွိ အဆစ္အျမစ္ေတြထဲမွာ အ႐ႈပ္ေထြးဆံုးအပိုင္း ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔လည္း မၾကာခဏဆိုသလို နာက်င္မႈေတြ ခံစားရပါတယ္။ ဒူးနာတာကို လူ ၅ ဦးမွာ ၁ ဦးေလာက္ကေတာ့ ၾကံဳေနရတာပါပဲလို႔ American Academy of Pain Medicine က ဆုိပါတယ္။ ဒူးနာေနခ်ိန္မွာေတာ့ တတ္ႏိုင္သမွ် လႈပ္႐ွားမႈေတြမလုပ္ဘဲေနသင့္ပါတယ္။ အားကစားလုပ္တာ၊ gym သြားတာေတြကိုလည္း ရပ္ထားဖုိ႔လိုပါတယ္။ သာမာန္ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ဒူးနာတာမ်ိဳးကိုေတာ့ အေၾကာဆန္႔ေလ့က်င့္ခန္းအခ်ိဳ႕က သက္သာေပ်ာက္ကင္းေစပါတယ္။
 

၁။ ႀကိဳးတစ္ေခ်ာင္းလိုပါတယ္။ တင္ပါးတဝိုက္႐ွိ ခါးကေန နာေနတဲ့ဒူး႐ွိတဲ့ ေျခဖဝါးကို ခ်ိတ္ဆက္ရစ္သိုင္းဖုိ႔ပါ။ ဒီလိုလုပ္မယ္ဆုိ ေက်ာ႐ိုးမႀကီးက မလႈပ္ဘဲေနမွ ပိုၿပီးထိေရာက္မွာျဖစ္ပါတယ္။ ၾကမ္းျပင္မွာလွဲခ်ၿပီး ႀကိဳးသိုင္းထားတဲ့ေျခကို နံရံမွာကပ္ေျမႇာက္ထားပါ။ ေျခတစ္ေခ်ာင္းကို ၾကမ္းမွာခ်ထားရပါမယ္။ ႀကိဳးကို ဆြဲတင္းလိုက္တဲ့အခါ ၾကြက္သားေတြတင္းသြားတာကို ခံစားမိပါလိမ့္မယ္။ စိတ္ထဲကေန ၁၀ အထိ ျဖည္းျဖည္းခ်င္း ေရတြက္ျပီးမွ ျပန္ေလွ်ာ့ခ်ပါ။
 

၂။ ေျခသလံုးၾကြက္သားေတြ နာက်င္ေနရင္လည္း အေၾကာေလွ်ာ့ရင္း ေျပေလ်ာ့သက္သာေအာင္ လုပ္လို႔ရပါတယ္။ ေလွကားထစ္တစ္ခုေပၚကို ေျခဖ်ားေလးပဲ တင္ၿပီး ဖေနာင့္ကို ေအာက္ခ်ထားပါ။ ေျခေထာက္တစ္ဖက္ခ်င္းစီ ျပဳလုပ္ရပါမယ္။ တစ္ဖက္ကို စကၠန္႔ ၃၀ ၾကာ ေနေပးရပါမယ္။ ၿပီးရင္ တျခားေျခေျပာင္းပါ။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 ဒူးဟာ ခန္ဓာကိုယ်ရှိ အဆစ်အမြစ်တွေထဲမှာ အရှုပ်ထွေးဆုံးအပိုင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း မကြာခဏဆိုသလို နာကျင်မှုတွေ ခံစားရပါတယ်။ ဒူးနာတာကို လူ ၅ ဦးမှာ ၁ ဦးလောက်ကတော့ ကြုံနေရတာပါပဲလို့ American Academy of Pain Medicine က ဆိုပါတယ်။ ဒူးနာနေချိန်မှာတော့ တတ်နိုင်သမျှ လှုပ်ရှားမှုတွေမလုပ်ဘဲနေသင့်ပါတယ်။ အားကစားလုပ်တာ၊ gym သွားတာတွေကိုလည်း ရပ်ထားဖို့လိုပါတယ်။ သာမာန် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒူးနာတာမျိုးကိုတော့ အကြောဆန့်လေ့ကျင့်ခန်းအချို့က သက်သာပျောက်ကင်းစေပါတယ်။

၁။ ကြိုးတစ်ချောင်းလိုပါတယ်။ တင်ပါးတဝိုက်ရှိ ခါးကနေ နာနေတဲ့ဒူးရှိတဲ့ ခြေဖဝါးကို ချိတ်ဆက်ရစ်သိုင်းဖို့ပါ။ ဒီလိုလုပ်မယ်ဆို ကျောရိုးမကြီးက မလှုပ်ဘဲနေမှ ပိုပြီးထိရောက်မှာဖြစ်ပါတယ်။ ကြမ်းပြင်မှာလှဲချပြီး ကြိုးသိုင်းထားတဲ့ခြေကို နံရံမှာကပ်မြှောက်ထားပါ။ ခြေတစ်ချောင်းကို ကြမ်းမှာချထားရပါမယ်။ ကြိုးကို ဆွဲတင်းလိုက်တဲ့အခါ ကြွက်သားတွေတင်းသွားတာကို ခံစားမိပါလိမ့်မယ်။ စိတ်ထဲကနေ ၁၀ အထိ ဖြည်းဖြည်းချင်း ရေတွက်ပြီးမှ ပြန်လျှော့ချပါ။

၂။ ခြေသလုံးကြွက်သားတွေ နာကျင်နေရင်လည်း အကြောလျှော့ရင်း ပြေလျော့သက်သာအောင် လုပ်လို့ရပါတယ်။ လှေကားထစ်တစ်ခုပေါ်ကို ခြေဖျားလေးပဲ တင်ပြီး ဖနောင့်ကို အောက်ချထားပါ။ ခြေထောက်တစ်ဖက်ချင်းစီ ပြုလုပ်ရပါမယ်။ တစ်ဖက်ကို စက္ကန့် ၃၀ ကြာ နေပေးရပါမယ်။ ပြီးရင် တခြားခြေပြောင်းပါ။

Credit:duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top