iMyanmarHouse.com - Best Property Website for Myanmar
×

အရြယ္ေရာက္လာသူေတြပဲျဖစ္ျဖစ္၊ အသက္အရြယ္ႀကီးလာတဲ့သူေတြပဲျဖစ္ျဖစ္ တင္းတိပ္ အနည္းနဲ႔အမ်ား ရွိစၿမဲပါ။ မ်က္ႏွာေပၚမွာ တင္းတိပ္ေတြရွိတာက ရွက္စရာမဟုတ္ပါဘူး သဘာ၀ကေပးတဲ့ အရာပါ။

၁-တင္းတိပ္ေတြမွာ ကြဲျပားျခားနားတဲ့ တင္းတိပ္အမ်ိဳးအစား ႏွစ္မ်ိဳးရွိပါတယ္။ အေတြ႕ရမ်ားတာကေတာ့ Ephelides လို႔ေခၚတဲ့ ရာသီအလိုက္ထြက္တတ္တဲ့ ခပ္ပါးပါး အညိဳေဖ်ာ့ေဖ်ာ့ တင္းတိပ္ေတြပါ။ သူတို႔ေတြက ေႏြရာသီမွာ အေရာင္ပိုရင့္လာတတ္ၿပီး ေဆာင္းရာသီမွာ ျပန္ေဖ်ာ့သြားတဲ့ တင္းတိပ္ပံုစံေတြပါ။

၂-တင္းတိပ္ေတြဟာ မ်ိဳးရိုးဗီဇေတြေၾကာင့္လည္းျဖစ္တတ္ပါတယ္။ တင္းတိပ္ေတြက သင့္ဆံပင္အေရာင္၊အသားအေရေတြနဲ႔လည္း ဆက္စပ္ေနတာပါ။ MC1R လို႔ေခၚတဲ့ Geneက သင္ထုတ္လုပ္တဲ့ Melanin ႏွစ္မ်ိဳး (အညိဳရင့္ေရာင္ Eumelaninနဲ႔ အနီေရာင္သမ္းတဲ့ Pheomelanin)ကို ထိန္းခ်ဳပ္ပါတယ္။ သင့္ရဲ႕MC1R Geneက အလုပ္မလုပ္ေတာ့ဘူးဆိုရင္ေတာ့ Pheomelaninေတြ ပိုထုတ္လုပ္ၿပီး အေရျပားကို အေရာင္ေဖ်ာ့ေစပါတယ္။ အဲဒီကေနတစ္ဆင့္ တင္းတိပ္ေတြကို ျဖစ္ေပၚေစပါတယ္။

၃-ေမြးရာပါမဟုတ္ပါဘူး။ ဘယ္သူပဲျဖစ္ျဖစ္ ေမြးကတည္းက တင္းတိပ္ေတြက ေမြးရာပါအမွတ္လို ပါမလာပါဘူး။

၄-တင္းတိပ္ေတြက သင့္အသားအေရဟာ ေနေရာင္နဲ႔ ဘယ္ေလာက္အထိမခံလဲဆိုတာ ျပေနတဲ့သက္ေသတစ္ခုပါ။ တင္းတိပ္ေတြဟာ ေနေလာင္ခံတာမ်ားရင္လည္း ျဖစ္တတ္ပါတယ္။ သင့္မွာ တင္းတိပ္ေတြမ်ားလာေလေလ သင့္အသားအေရက sensitive ျဖစ္တယ္ဆိုတာ သတိထားဖို႔ မေမ့သင့္ပါဘူး။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အရွယ်ရောက်လာသူတွေပဲဖြစ်ဖြစ်၊ အသက်အရွယ်ကြီးလာတဲ့သူတွေပဲဖြစ်ဖြစ် တင်းတိပ် အနည်းနဲ့အများ ရှိစမြဲပါ။ မျက်နှာပေါ်မှာ တင်းတိပ်တွေရှိတာက ရှက်စရာမဟုတ်ပါဘူး သဘာဝကပေးတဲ့ အရာပါ။

၁-တင်းတိပ်တွေမှာ ကွဲပြားခြားနားတဲ့ တင်းတိပ်အမျိုးအစား နှစ်မျိုးရှိပါတယ်။ အတွေ့ရများတာကတော့ Ephelides လို့ခေါ်တဲ့ ရာသီအလိုက်ထွက်တတ်တဲ့ ခပ်ပါးပါး အညိုဖျော့ဖျော့ တင်းတိပ်တွေပါ။ သူတို့တွေက နွေရာသီမှာ အရောင်ပိုရင့်လာတတ်ပြီး ဆောင်းရာသီမှာ ပြန်ဖျော့သွားတဲ့ တင်းတိပ်ပုံစံတွေပါ။

၂-တင်းတိပ်တွေဟာ မျိုးရိုးဗီဇတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ တင်းတိပ်တွေက သင့်ဆံပင်အရောင်၊အသားအရေတွေနဲ့လည်း ဆက်စပ်နေတာပါ။ MC1R လို့ခေါ်တဲ့ Geneက သင်ထုတ်လုပ်တဲ့ Melanin နှစ်မျိုး (အညိုရင့်ရောင် Eumelaninနဲ့ အနီရောင်သမ်းတဲ့ Pheomelanin)ကို ထိန်းချုပ်ပါတယ်။ သင့်ရဲ့MC1R Geneက အလုပ်မလုပ်တော့ဘူးဆိုရင်တော့ Pheomelaninတွေ ပိုထုတ်လုပ်ပြီး အရေပြားကို အရောင်ဖျော့စေပါတယ်။ အဲဒီကနေတစ်ဆင့် တင်းတိပ်တွေကို ဖြစ်ပေါ်စေပါတယ်။

၃-မွေးရာပါမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် မွေးကတည်းက တင်းတိပ်တွေက မွေးရာပါအမှတ်လို ပါမလာပါဘူး။

၄-တင်းတိပ်တွေက သင့်အသားအရေဟာ နေရောင်နဲ့ ဘယ်လောက်အထိမခံလဲဆိုတာ ပြနေတဲ့သက်သေတစ်ခုပါ။ တင်းတိပ်တွေဟာ နေလောင်ခံတာများရင်လည်း ဖြစ်တတ်ပါတယ်။ သင့်မှာ တင်းတိပ်တွေများလာလေလေ သင့်အသားအရေက sensitive ဖြစ်တယ်ဆိုတာ သတိထားဖို့ မမေ့သင့်ပါဘူး။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top