iMyanmarHouse.com - Best Property Website for Myanmar
×

အနံ႔အသက္မေကာင္းတဲ့ဆံပင္ေၾကာင့္ စိတ္ညစ္ေနရသူေတြအတြက္ ဆံေက သာအနံ႔အသက္ေကာင္းေအာင္ ကူညီေပးႏိုင္မယ့္ သဘာဝနည္းလမ္းတစ္ခ်ိဳ႕ကို အႀကံျပဳေပးခ်င္ပါတယ္။ဦးေရျပားမွာဆီထြက္တာ၊ေဗာက္ထတာနဲ႔ေခါင္းေခြၽးထြက္တာ၊ေလထုညစ္ညမ္းမႈ၊မႈိနဲ႔ဗက္တီရီးယားကူးစက္မႈေတြေၾကာင့္ အနံ႔ အသက္ မေကာင္းရတာပါ။ဒါဟာ တစ္ကိုယ္ရည္သန႔္ရွင္းမႈအားနည္းတာေ ၾကာင့္ျဖစ္ႏိုင္ သလို တစ္ခါတစ္ေလမွာ ေဟာ္္မုန္းဓါတ္မညီမွ် တာ (ဒါမွမဟုတ္) ပတ္ဝန္းက်င္ ကတခုခုနဲ႔ဓါတ္မတည့္တာေတြေၾကာင့္ ခုလိုအနံ႔နံရတာပါ။

(၁)ၾကက္သြန္ျဖဴဆီ
ၾကက္သြန္ျဖဴဟာ အနံ႔စူးရွပါတယ္။ဒါေပမယ့္ ဒါကို ဦးေရျပားမနံေအာင္ အသုံးျပဳ လို႔ရပါတယ္။မႈိနဲ႔ဗက္တီးရီးယားေတြကို ေသေစႏိုင္တဲ့ အစြမ္းလည္း သူ႔မွာရွိပါ တယ္။ၾကက္သြန္ျဖဴ(၃)(၄)မႊာကို အုန္းဆီလက္ဖက္ရည္ပန္းကန္လုံး တစ္ဝက္ နဲ႔ေရာၿပီး ဆူေအာင္တည္ပါ။ရလာတဲ့အရည္ကိုေတာ့ ဂြမ္းစနဲ႔တို႔ၿပီး ဦးေရျပားကို လူးေပးပါ။လူးေနရင္းဦးေရျပားကို ႏွိပ္နယ္တာမ်ိဳး လုပ္ေပးပါ။ အဲ့ဒီလိုလုပ္ၿပီး မိနစ္(၂၀)ေလာက္ၾကာရင္ေတာ့ ရွန္ပူနဲ႔ေခါင္းေလွ်ာ္ပစ္လိုက္ပါ။

(၂)ရွားေစာင္းလက္ပတ္
ရွားေစာင္းလက္ပတ္ဟာ ဦးေရျပားဆီထြက္တာနဲ႔ေဗာက္ေတြကို ႏိုင္ပါတယ္။ ဒါ့အျပင္အစိုဓါတ္နဲ႔ဆံပင္ကို က်န္းမာႀကံ့ခိုင္ေစပါတယ္။ရွားေစာင္းလက္ပတ္ ကိုထက္ျခမ္းျခမ္းလိုက္ၿပီး ရလာတဲ့ အဆီပ်စ္ကိုအသုံးျပဳရမွာပါ။ ပုံမွန္ေလွ်ာ္ေနက် ရွန္ပူနဲ႔ေခါင္းေလွ်ာ္ၿပီးရင္ အဲ့ဒီအဆီပ်စ္ကို ဆံပင္နဲ႔ဦးေရျပားကို လိမ္းေပးရမွာပါ။ (၁၅)မိနစ္ေလာက္ ၾကာေအာင္ထားၿပီးရင္ေတာ့ ေခါင္းကို ျပန္ေဆးခ်ပစ္ရမွာျဖစ္ပါတယ္။

(၃)ၾကက္သြန္နီ
ၾကက္သြန္နီဟာလည္း ၾကက္သြန္ျဖဴလိုပါပဲ။ဗက္တီးရီးယားနဲ႔မႈိေတြကို ဖယ္ရွား ရွင္းလင္းေပးႏိုင္ပါတယ္။ဆံပင္ကိုျမန္ျမန္ရွည္ေစသလို ဆံပင္ကြၽတ္ထိပ္ေျပာင္ တာေတြအတြက္လည္း ေကာင္းပါတယ္။ၾကက္သြန္နီကို လွီးၿပီး ေဖ်ာ္စက္ထဲမွာ ထည့္ေဖ်ာ္ပါ။ရလာတဲ့အရည္ကို ေခါင္းမွာလူးေပးရမွာျဖစ္ပါတယ္။နာရီဝက္ေလာက္ၾကာေအာင္ထားၿပီးရင္ေတာ့ ရွန္ပူနဲ႔ေခါင္းေလွ်ာ္ပစ္ရမွာျဖစ္ပါတယ္။

(၄)ခရမ္းခ်ဥ္သီး

ဗီတာမင္နဲ႔သံဓါတ္ေတြပါ၀င္တဲ့ ခရမ္းခ်ဥ္သီးဟာလည္း ဦးေရျပားရဲ႕ အက္စစ္ ဓါတ္Level ကိုျမႇင့္ေပးႏိုင္တာေၾကာင့္ ဗက္တီးရီးယားနဲ႔မႈိကို ႏွိမ္နင္းေပးႏိုင္ ပါတယ္။ဆံပင္ကိုသန႔္ရွင္းေတာက္ပ ေစႏိုင္တဲ့ အစြမ္းရွိပါတယ္။ေဖ်ာ္စက္ထဲမွာ ခရမ္းခ်ဥ္သီးေတြကို ထည့္ေဖ်ာ္ၿပီး ရလာတဲ့အရည္နဲ႔ေခါင္းကိုလူးေပးရမွာျဖစ္ ပါတယ္။ငါးမိနစ္ေလာက္ၾကာေအာင္ထားၿပီးရင္ေတာ့ ေခါင္းျပန္ေလွ်ာ္ပစ္ရမွာျဖစ္ပါတယ္။

(၅)သံပ႐ိုသီး
သံပ႐ိုသီးကိုအရည္ညႇစ္ၿပီး ေရလက္ဖက္ရည္ပန္းကန္လုံးႏွစ္လုံးနဲ႔ေရာရမွာျဖစ္ပါတယ္။ေခါင္းကိုရွန္ပူနဲ႔ေလွ်ာ္ၿပီး သံပ႐ိုအရည္ကို ဦးေရျပားေပၚေလာင္းခ်ေပး လိုက္ပါ။ငါးမိနစ္ေလာက္ ၾကာရင္ေတာ့ ေခါင္းကို ေဆးခ်ေပးရမွာျဖစ္ပါတယ္။

(၆)စမုန္ျဖဴ
စမုန္ျဖဴဟာ အနံ႔အသက္အတြက္ေကာင္းတဲ့ ေဆးဖက္ဝင္အပင္တစ္မ်ိဳးျဖစ္ပါ တယ္။ဆံပင္အနံ႔နံတာေတြကို သက္သာေစပါတယ္။အခုေနာက္ပိုင္းမွာေ တာ့ ေခါင္းေလွ်ာ္ရည္ေတြမွာ စမုန္ျဖဴကို ထည့္သြင္းအသုံးျပဳလာတာကို ေတြ႕ရပါ တယ္။စမုန္ျဖဴလက္ဖက္ရည္ပန္းကန္လုံးႏွစ္လုံးနဲ႔ေရႏွစ္လီတာကို (၁၅)မိနစ္ေ လာက္ ဆူပြတ္ေအာင္ က်ိဳပါ။တခုခုထဲမွာ အဖုံးဖုံးၿပီး က်ိဳရမွာျဖစ္ပါ တယ္။ၿပီး ရင္ေတာ့အေအး ခံၿပီးရလာ တဲ့အရည္ကို ေခါင္းေလွ်ာ္ရာမွာ အသုံးျပဳရ မွာျဖစ္ ပါတယ္။

Credit:auntymay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အနံ့အသက်မကောင်းတဲ့ဆံပင်ကြောင့် စိတ်ညစ်နေရသူတွေအတွက် ဆံကေ သာအနံ့အသက်ကောင်းအောင် ကူညီပေးနိုင်မယ့် သဘာဝနည်းလမ်းတစ်ချို့ကို အကြံပြုပေးချင်ပါတယ်။ဦးရေပြားမှာဆီထွက်တာ၊ဗောက်ထတာနဲ့ခေါင်းချွေးထွက်တာ၊လေထုညစ်ညမ်းမှု၊မှိုနဲ့ဗက်တီရီးယားကူးစက်မှုတွေကြောင့် အနံ့ အသက် မကောင်းရတာပါ။ဒါဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာေ ကြာင့်ဖြစ်နိုင် သလို တစ်ခါတစ်လေမှာ ဟော်မုန်းဓါတ်မညီမျှ တာ (ဒါမှမဟုတ်) ပတ်ဝန်းကျင် ကတခုခုနဲ့ဓါတ်မတည့်တာတွေကြောင့် ခုလိုအနံ့နံရတာပါ။

(၁)ကြက်သွန်ဖြူဆီ
ကြက်သွန်ဖြူဟာ အနံ့စူးရှပါတယ်။ဒါပေမယ့် ဒါကို ဦးရေပြားမနံအောင် အသုံးပြု လို့ရပါတယ်။မှိုနဲ့ဗက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းလည်း သူ့မှာရှိပါ တယ်။ကြက်သွန်ဖြူ(၃)(၄)မွှာကို အုန်းဆီလက်ဖက်ရည်ပန်းကန်လုံး တစ်ဝက် နဲ့ရောပြီး ဆူအောင်တည်ပါ။ရလာတဲ့အရည်ကိုတော့ ဂွမ်းစနဲ့တို့ပြီး ဦးရေပြားကို လူးပေးပါ။လူးနေရင်းဦးရေပြားကို နှိပ်နယ်တာမျိုး လုပ်ပေးပါ။ အဲ့ဒီလိုလုပ်ပြီး မိနစ်(၂၀)လောက်ကြာရင်တော့ ရှန်ပူနဲ့ခေါင်းလျှော်ပစ်လိုက်ပါ။

(၂)ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဟာ ဦးရေပြားဆီထွက်တာနဲ့ဗောက်တွေကို နိုင်ပါတယ်။ ဒါ့အပြင်အစိုဓါတ်နဲ့ဆံပင်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။ရှားစောင်းလက်ပတ် ကိုထက်ခြမ်းခြမ်းလိုက်ပြီး ရလာတဲ့ အဆီပျစ်ကိုအသုံးပြုရမှာပါ။ ပုံမှန်လျှော်နေကျ ရှန်ပူနဲ့ခေါင်းလျှော်ပြီးရင် အဲ့ဒီအဆီပျစ်ကို ဆံပင်နဲ့ဦးရေပြားကို လိမ်းပေးရမှာပါ။ (၁၅)မိနစ်လောက် ကြာအောင်ထားပြီးရင်တော့ ခေါင်းကို ပြန်ဆေးချပစ်ရမှာဖြစ်ပါတယ်။

(၃)ကြက်သွန်နီ
ကြက်သွန်နီဟာလည်း ကြက်သွန်ဖြူလိုပါပဲ။ဗက်တီးရီးယားနဲ့မှိုတွေကို ဖယ်ရှား ရှင်းလင်းပေးနိုင်ပါတယ်။ဆံပင်ကိုမြန်မြန်ရှည်စေသလို ဆံပင်ကျွတ်ထိပ်ပြောင် တာတွေအတွက်လည်း ကောင်းပါတယ်။ကြက်သွန်နီကို လှီးပြီး ဖျော်စက်ထဲမှာ ထည့်ဖျော်ပါ။ရလာတဲ့အရည်ကို ခေါင်းမှာလူးပေးရမှာဖြစ်ပါတယ်။နာရီဝက်လောက်ကြာအောင်ထားပြီးရင်တော့ ရှန်ပူနဲ့ခေါင်းလျှော်ပစ်ရမှာဖြစ်ပါတယ်။

(၄)ခရမ်းချဉ်သီး

ဗီတာမင်နဲ့သံဓါတ်တွေပါဝင်တဲ့ ခရမ်းချဉ်သီးဟာလည်း ဦးရေပြားရဲ့ အက်စစ် ဓါတ်Level ကိုမြှင့်ပေးနိုင်တာကြောင့် ဗက်တီးရီးယားနဲ့မှိုကို နှိမ်နင်းပေးနိုင် ပါတယ်။ဆံပင်ကိုသန့်ရှင်းတောက်ပ စေနိုင်တဲ့ အစွမ်းရှိပါတယ်။ဖျော်စက်ထဲမှာ ခရမ်းချဉ်သီးတွေကို ထည့်ဖျော်ပြီး ရလာတဲ့အရည်နဲ့ခေါင်းကိုလူးပေးရမှာဖြစ် ပါတယ်။ငါးမိနစ်လောက်ကြာအောင်ထားပြီးရင်တော့ ခေါင်းပြန်လျှော်ပစ်ရမှာဖြစ်ပါတယ်။

(၅)သံပရိုသီး
သံပရိုသီးကိုအရည်ညှစ်ပြီး ရေလက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးနဲ့ရောရမှာဖြစ်ပါတယ်။ခေါင်းကိုရှန်ပူနဲ့လျှော်ပြီး သံပရိုအရည်ကို ဦးရေပြားပေါ်လောင်းချပေး လိုက်ပါ။ငါးမိနစ်လောက် ကြာရင်တော့ ခေါင်းကို ဆေးချပေးရမှာဖြစ်ပါတယ်။

(၆)စမုန်ဖြူ
စမုန်ဖြူဟာ အနံ့အသက်အတွက်ကောင်းတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါ တယ်။ဆံပင်အနံ့နံတာတွေကို သက်သာစေပါတယ်။အခုနောက်ပိုင်းမှာေ တာ့ ခေါင်းလျှော်ရည်တွေမှာ စမုန်ဖြူကို ထည့်သွင်းအသုံးပြုလာတာကို တွေ့ရပါ တယ်။စမုန်ဖြူလက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးနဲ့ရေနှစ်လီတာကို (၁၅)မိနစ်ေ လာက် ဆူပွတ်အောင် ကျိုပါ။တခုခုထဲမှာ အဖုံးဖုံးပြီး ကျိုရမှာဖြစ်ပါ တယ်။ပြီး ရင်တော့အအေး ခံပြီးရလာ တဲ့အရည်ကို ခေါင်းလျှော်ရာမှာ အသုံးပြုရ မှာဖြစ် ပါတယ်။

Credit:auntymay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top