iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားနဲ႕ ကြဲလုိ႕ ၀မ္းနည္းလုိ႕ပဲ ျဖစ္ျဖစ္ မိမိခ်စ္ရတဲ့ သူတစ္ တစ္ဦးတစ္ေယာက္ ေသဆုံးသြားလုိ႕ျဖစ္ျဖစ္ ငုိခ်လုိက္ျခင္းဟာ စိတ္ပညာအရ လုံး၀ေကာင္းမြန္ပါတယ္။လတ္တေလာ ျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္အရ ငုိေၾကြးတတ္တယ္ဆုိတာ ခႏၶာကုိယ္ပုိင္းဆုိင္ရာအရ က်န္းမာတဲ့ လကၡဏာတစ္ရပ္ျဖစ္သလုိ စိတ္ဓာတ္က်န္းမာေရးအတြက္လည္း ေကာင္းမြန္တဲ့လုပ္ေဆာင္ခ်က္တစ္ရပ္ျဖစ္တယ္ လုိ႕ဆုိခဲ့ပါတယ္။ငုိေၾကြးျခင္းဟာ လူသားမ်ား စိတ္ခံစားခ်က္ဆုိင္ရာ ေၾကာင့္ ျဖစ္ေပၚတဲ့ လုပ္ေဆာင္ခ်က္တစ္ခု ျဖစ္ျပီး ငုိေၾကးျခင္းဟာ စိတ္ေသာက ျဖစ္ရာ အေတြးမ်ားကုိ ကန္႔သတ္ေပးႏုိင္ပါတယ္။တကယ္လုိ႕ သင္ဟာ သင့္စိတ္ခံစားခ်က္မ်ားကုိ အျမဲတမ္းခ်ဳပ္ထိန္းေနသူတစ္ေယာက္ျဖစ္ျပီး မ်က္ရည္မ်ားကို မငုိမိေအာင္ထိန္းထားမယ္ဆုိရင္ ေရရွည္မွာ စိတ္က်န္းမာေရးဆုိင္ရာ ျပႆနာ မ်ားအထိ ျဖစ္ပြားႏုိင္ပါတယ္။

၁။ ငိုေၾကြးျခင္းဟာ စိတ္ဖိစီးမႈကုိ သက္သာေစတယ္။


မ်က္ရည္မ်ားဟာ လူခႏၶာကိုယ္အတြက္ လုိအပ္တဲ့ ကုထုံးတစ္မ်ဳိးျဖစ္ျပီး ေလ့လာခ်က္တစ္ခုအရ စိတ္ခံစားခ်က္ေၾကာင့္ က်တဲ့ မ်က္ရည္ေတြမွာ စိတ္ခံစားခ်က္ေၾကာင့္ မဟုတ္ဘဲ က်တဲ့ မ်က္ရည္မ်ား(ၾကက္သြန္နီလွီးလုိ႕ က်တဲ့ မ်က္ရည္) ထက္ ပရုိတင္းဓာတ္ပုိမုိပါ၀င္တာကုိ ေတြ႕ရွိခဲ့ရပါတယ္။ဒီအခ်က္ဟာ ကၽြန္ေတာ္တုိ႕ မ်က္ရည္က်တဲ့အခ်ိန္မွာ စိတ္ပုိင္းဆုိင္ရာ အေျပာင္းအလဲမ်ားသာမက ရုပ္ပုိင္းဆုိင္ရာ အေျပာင္းအလဲ မ်ားလည္း ျ့ဖစ္ေပၚေနတယ္ဆိုတာကုိ ျပသေနတာ ျဖစ္ပါတယ္။

၂။ ငိုေၾကြးျခင္းဟာ စိတ္ဓာတ္ကုိ ၾကံခုိင္ေစတယ္။

ငိုေၾကြးျခင္းဟာ သင့္ရဲ႕ စိတ္ခံစားခ်က္မ်ားကုိ အသိအမွတ္ျပဳလုိက္ျခင္းျဖစ္ျပီး လက္ခံရင္ဆုိင္လုိက္ျခင္းျဖစ္ပါတယ္။သင့္ရဲ႕ ဆုိးရြားတဲ့ စိတ္ခံစားခ်က္မ်ားကုိ လ်စ္လ်ဳရႈလုိက္ျခင္း၊ေရွာင္ရွားျခင္းက သင္ရဲ႕ စိတ္က်န္းမာေရးကုိ ထိခုိက္ေစႏုိင္သလုိ စိတ္ရႈပ္ေထြးျခင္း၊စိတ္က်ျခင္းမ်ားအထိ ျဖစ္ေစႏုိင္ပါတယ္။ဒါေၾကာင့္ သင္ရဲ႕ ခံစားခ်က္မ်ားကုိ လက္ခံရင္ဆုိင္ျပီး သင့္စိတ္က်န္းမာေရးအတြက္ ခံစားခ်က္မ်ားကုိ ထိပ္တုိက္ရင္ဆုိင္ျပီး ငုိလုိက္ဖုိ႕အေရးၾကီးပါတယ္။

၃။ ငုိေၾကြးျခင္းက သင့္ကုိ သက္သာေပ်ာက္ကင္းေစတယ္။

ေလ့လာခ်က္အရ ငုိေၾကြးျခင္းဟာ စိတ္ဓာတ္က်ျခင္း၊စိတ္အားငယ္ျခင္းစတဲ့ ခံစားခ်က္မ်ားကုိ ေျခဖ်က္တဲ့ လုပ္ေဆာင္ခ်က္တစ္ခုျဖစ္ျပီး သင္ဟာ စိတ္ခံစားခ်က္တစ္ခုေၾကာင့္ ငုိမယ္ဆုိရင္ ထုိစိတ္ခံစားခ်က္ေ၀ဒနာဟာ သက္သာ ေပ်ာက္ကင္းေလ့ရွိပါတယ္။

၄။ ငုိေၾကြးျခင္းဟာ ေပါင္းသင္းဆက္ဆံေရးမ်ားကုိ အားျဖည့္ေပးတယ္။

မ်က္ရည္ဆုိတာ ကၽြန္ေတာ္တုိ႕ ဘယ္သူလဲဆုိတာကုိ ျပသတဲ့ သရုပ္ကန္ အစစ္ေတြျဖစ္ျပီး ကၽြန္ေတာ္တုိ႕ရဲ႕ မ်က္ရည္မ်ားဟာ ကၽြန္ေတာ္တုိ႕ရဲ႕ ကမာၻၾကီးနဲ႕ ကၽြန္ေတာ္တုိ႕ ခ်စ္ရတဲ့ သူေတြ အေၾကာင္းကုိ ေဖာ္ျပေပးေနပါတယ္။လူေရွ႕မွာ ငုိလုိက္ျခင္းအားျဖင့္ သင့္ရဲ႕ စိတ္ခံစားခ်က္အလႊာဟာ ပြင့္က်သြားတဲ့ သေကၤတ ျဖစ္သလုိ သင္ဟာ ထုိအခ်ိန္မွာ ထိခုိက္လြယ္တယ္ လူတစ္ေယာက္ ျဖစ္ေနတယ္ ဆုိတာကုိ ျပသေနပါတယ္။ဒါေၾကာင့္ သူငယ္ခ်င္း မိတ္ေဆြမ်ားနဲ႕ အတူတကြ ငုိေၾကြးလုိက္ျခင္းအားျဖင့္ သင္တုိ႕ နွစ္ေယာက္ရဲ႕ သံေယာဇဥ္ၾကဳိးကုိ ပုိျပီး ခုိင္မာလာေစမွာ ျဖစ္ပါတယ္။

ငုိေၾကြးျခင္းဟာ သင့္ကုိ ပုိျပီး သက္သာလာေစတယ္လုိ႕ သိပၸံနည္းက် သက္ေသျပထားတဲ့ ေလ့လာခ်က္ေတြအမ်ားအျပားထြက္ေပၚခဲ့ပါျပီ။ငိုေၾကြးျခင္းဟာ သင့္ျပႆနာေတြ၊အေျခအေနေတြကုိ မေျပာင္းလဲေပးႏုိင္ေပမဲ့ ငုိေၾကြးလုိက္ျခင္းအားျဖင့္ သင္ကုိ ျပန္လည္သက္သာေစမဲ့ စိတ္ပုိင္းဆုိင္ရာထြက္ေပါက္တစ္ခု ပြင့္သြားေစျပီး သင္စိတ္ကုိ ပုိျပီး ၾကံခုိင္လာေစမွာ ျဖစ္ပါတယ္။

Credit:Shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရည်းစားနဲ့ ကွဲလို့ ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ် မိမိချစ်ရတဲ့ သူတစ် တစ်ဦးတစ်ယောက် သေဆုံးသွားလို့ဖြစ်ဖြစ် ငိုချလိုက်ခြင်းဟာ စိတ်ပညာအရ လုံးဝကောင်းမွန်ပါတယ်။လတ်တလော ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ငိုကြွေးတတ်တယ်ဆိုတာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရ ကျန်းမာတဲ့ လက္ခဏာတစ်ရပ်ဖြစ်သလို စိတ်ဓာတ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ရပ်ဖြစ်တယ် လို့ဆိုခဲ့ပါတယ်။ငိုကြွေးခြင်းဟာ လူသားများ စိတ်ခံစားချက်ဆိုင်ရာ ကြောင့် ဖြစ်ပေါ်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး ငိုကြေးခြင်းဟာ စိတ်သောက ဖြစ်ရာ အတွေးများကို ကန့်သတ်ပေးနိုင်ပါတယ်။တကယ်လို့ သင်ဟာ သင့်စိတ်ခံစားချက်များကို အမြဲတမ်းချုပ်ထိန်းနေသူတစ်ယောက်ဖြစ်ပြီး မျက်ရည်များကို မငိုမိအောင်ထိန်းထားမယ်ဆိုရင် ရေရှည်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာ များအထိ ဖြစ်ပွားနိုင်ပါတယ်။

၁။ ငိုကြွေးခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေတယ်။


မျက်ရည်များဟာ လူခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကုထုံးတစ်မျိုးဖြစ်ပြီး လေ့လာချက်တစ်ခုအရ စိတ်ခံစားချက်ကြောင့် ကျတဲ့ မျက်ရည်တွေမှာ စိတ်ခံစားချက်ကြောင့် မဟုတ်ဘဲ ကျတဲ့ မျက်ရည်များ(ကြက်သွန်နီလှီးလို့ ကျတဲ့ မျက်ရည်) ထက် ပရိုတင်းဓာတ်ပိုမိုပါဝင်တာကို တွေ့ရှိခဲ့ရပါတယ်။ဒီအချက်ဟာ ကျွန်တော်တို့ မျက်ရည်ကျတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများသာမက ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ များလည်း ြ့ဖစ်ပေါ်နေတယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

၂။ ငိုကြွေးခြင်းဟာ စိတ်ဓာတ်ကို ကြံခိုင်စေတယ်။

ငိုကြွေးခြင်းဟာ သင့်ရဲ့ စိတ်ခံစားချက်များကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး လက်ခံရင်ဆိုင်လိုက်ခြင်းဖြစ်ပါတယ်။သင့်ရဲ့ ဆိုးရွားတဲ့ စိတ်ခံစားချက်များကို လျစ်လျုရှုလိုက်ခြင်း၊ရှောင်ရှားခြင်းက သင်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ရှုပ်ထွေးခြင်း၊စိတ်ကျခြင်းများအထိ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် သင်ရဲ့ ခံစားချက်များကို လက်ခံရင်ဆိုင်ပြီး သင့်စိတ်ကျန်းမာရေးအတွက် ခံစားချက်များကို ထိပ်တိုက်ရင်ဆိုင်ပြီး ငိုလိုက်ဖို့အရေးကြီးပါတယ်။

၃။ ငိုကြွေးခြင်းက သင့်ကို သက်သာပျောက်ကင်းစေတယ်။

လေ့လာချက်အရ ငိုကြွေးခြင်းဟာ စိတ်ဓာတ်ကျခြင်း၊စိတ်အားငယ်ခြင်းစတဲ့ ခံစားချက်များကို ခြေဖျက်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး သင်ဟာ စိတ်ခံစားချက်တစ်ခုကြောင့် ငိုမယ်ဆိုရင် ထိုစိတ်ခံစားချက်ဝေဒနာဟာ သက်သာ ပျောက်ကင်းလေ့ရှိပါတယ်။

၄။ ငိုကြွေးခြင်းဟာ ပေါင်းသင်းဆက်ဆံရေးများကို အားဖြည့်ပေးတယ်။

မျက်ရည်ဆိုတာ ကျွန်တော်တို့ ဘယ်သူလဲဆိုတာကို ပြသတဲ့ သရုပ်ကန် အစစ်တွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ မျက်ရည်များဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ ချစ်ရတဲ့ သူတွေ အကြောင်းကို ဖော်ပြပေးနေပါတယ်။လူရှေ့မှာ ငိုလိုက်ခြင်းအားဖြင့် သင့်ရဲ့ စိတ်ခံစားချက်အလွှာဟာ ပွင့်ကျသွားတဲ့ သင်္ကေတ ဖြစ်သလို သင်ဟာ ထိုအချိန်မှာ ထိခိုက်လွယ်တယ် လူတစ်ယောက် ဖြစ်နေတယ် ဆိုတာကို ပြသနေပါတယ်။ဒါကြောင့် သူငယ်ချင်း မိတ်ဆွေများနဲ့ အတူတကွ ငိုကြွေးလိုက်ခြင်းအားဖြင့် သင်တို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကြိုးကို ပိုပြီး ခိုင်မာလာစေမှာ ဖြစ်ပါတယ်။

ငိုကြွေးခြင်းဟာ သင့်ကို ပိုပြီး သက်သာလာစေတယ်လို့ သိပ္ပံနည်းကျ သက်သေပြထားတဲ့ လေ့လာချက်တွေအများအပြားထွက်ပေါ်ခဲ့ပါပြီ။ငိုကြွေးခြင်းဟာ သင့်ပြဿနာတွေ၊အခြေအနေတွေကို မပြောင်းလဲပေးနိုင်ပေမဲ့ ငိုကြွေးလိုက်ခြင်းအားဖြင့် သင်ကို ပြန်လည်သက်သာစေမဲ့ စိတ်ပိုင်းဆိုင်ရာထွက်ပေါက်တစ်ခု ပွင့်သွားစေပြီး သင်စိတ်ကို ပိုပြီး ကြံခိုင်လာစေမှာ ဖြစ်ပါတယ်။

Credit:Shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top