iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းတြင္းဖက္နဲ႔ ႏႈတ္ခမ္းေျခာက္ေသြ႔တဲ့ အခါမွာ ဆိုးေလ့ရွိၿပီး ေစ်းသက္သက္သာသာနဲ႔ အလြယ္တကူ ေဆာင္ထားႏိုင္တဲ့ ႏႈတ္ခမ္းအဆီေတာင့္ေတြဟာ ႏႈတ္ခမ္းအက္ကြဲတာကို ေပ်ာက္ကင္းေစတဲ့အျပင္ တျခားအသံုးဝင္တဲ့ ေနရာေတြ အမ်ားႀကီး ရွိေနပါေသးတယ္။

 (၁)သူ႔မွာပါတဲ့ ပ်ားဖေယာင္း၊ အုန္းဆီ စတဲ့ ပါဝင္ပစၥည္းေတြ အားလံုးဟာ အစိုဓာတ္ကို ထိန္းသိမ္းေပးတာေတြခ်ည္း ျဖစ္လို႔ အေရျပား ေျခာက္ေသြ႔ၾကမ္းတမ္းတာေတြ အတြက္ အေကာင္းဆံုးေဆး တစ္ခုပါပဲ။ ေဆာင္းတြင္းဘက္မွာ ဒူးေခါင္း၊ ေျခဖဝါး၊ တံေတာင္ဆစ္နဲ႔ လက္ဆစ္လိုမ်ဳိး မြဲေျခာက္ၾကမ္းတမ္းတဲ့ ေနရာေတြမွာ သုတ္လိမ္းမယ္ဆိုရင္ ထိေရာက္တဲ့ အာနိသင္ကို ေတြ႔ရမွာပါ။

(၂) လက္သည္း ေျခသည္းေတြ မာေျခာက္ေျခာက္နဲ႔ အေရာင္ေဖ်ာ့ေတာ့လာၿပီး ဆုိင္မွာ တကူးတက သြားျပင္ဖို႔ အခ်ိန္မေပးႏိုင္ေသးဘူး ဆိုရင္လည္း ဒါေလးကိုပဲ လြယ္လြယ္ကူကူ သုတ္လိမ္းေပးပါ။

(၃) ဆံပင္ေတြ တအားဖြာေနတဲ့အခါ ဒါမွမဟုတ္ သပ္မရဘဲ ထိုးထိုးေထာင္ေထာင္ ျဖစ္ေနတဲ့အခါ ႏႈတ္ခမ္းအဆီေတာင့္နဲ႔ နည္းနည္းေလာက္ လိမ္းေပးမယ္ဆိုရင္ ႏူးညံ့တဲ့ ဆံေကသာ အသြင္အျပင္ကို ခ်က္ခ်င္းရရွိေစပါလိမ့္မယ္။ စပေရးေတြ ဘာေတြေတာင္ ျဖန္းေနဖို႔ မလိုပါဘူး။

(၄)ေဆာင္းတြင္းဘက္မွာ အသားအေရ ေျခာက္ေသြ႔တတ္ေတာ့ ႏွာေခါင္းဟာလည္း နီရဲလာၿပီး ယားယံေနတတ္ပါတယ္။ ဒီလိုအခါမ်ဳိးမွာ အႏၱရာယ္ျဖစ္မွာကို စိုးရိမ္စရာ မလိုဘဲ ႏွာေခါင္းအတြင္းကိုေရာ အျပင္ကိုေရာ လိမ္းေပးလို႔ရၿပီး ယားယံမႈေတြ ခဏေလးနဲ႔ သက္သာသြားပါလိမ့္မယ္။

(၅)အိုင္းရွဲဒိုးဆိုးတဲ့အခါ ေအာက္ခံအျဖစ္ နည္းနည္းေလာက္ သံုးၾကည့္ပါ။ ဆိုးရတာ ပိုလြယ္သလို ပိုလည္းၾကာၾကာခံပါတယ္။

 (၆) မ်က္ႏွာအလွျပင္လို႔ ၿပီးသြားၿပီဆိုတဲ့အခါ ပါးရိုးေပၚၿပီး ေတာက္ပတဲ့ အသြင္အျပင္ကို ရရွိေအာင္ ဒါေလးကို လက္နဲ႔ နည္းနည္းယူၿပီး ပါးရိုးတစ္ဝိုက္မွာ လိမ္းေပးပါ။

(၇) ပံုမက်တဲ့ မ်က္ခံုးေမြးေတြကို လိုသလို ပံုေဖာ္လို႔ ရေစသလို မ်က္ခံုးေမြးကိုလည္း ပိုထူထဲနက္ေမွာင္သလုိ ထင္ရေစပါတယ္။

(၈) ေဒါက္ျမင့္ဖိနပ္ စီးခ်င္ေပမယ့္လည္း ဖိနပ္ေပါက္တဲ့ဒဏ္ကို မခံႏိုင္တဲ့သူေတြ ေျခဖဝါးနာမွာ ေၾကာက္သူေတြ အတြက္လည္း ဒီႏႈတ္ခမ္းအဆီေတာင့္ေလးက ကယ္တင္ရွင္ပါပဲ။ ေျခဖဝါးနဲ႔ ေျခဖမိုးေဘး တစ္ေလွ်ာက္ကို လိမ္းေပးမယ္ဆိုရင္ ဖိနပ္နဲ႔ အသားၾကားမွာ ၾကားခံတစ္ခုအျဖစ္ ေပါက္ၿပဲဒဏ္ရာေတြ မရရွိေအာင္ ကာကြယ္ေပးပါတယ္။

Credit : thevoicemyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဆောင်းတွင်းဖက်နဲ့ နှုတ်ခမ်းခြောက်သွေ့တဲ့ အခါမှာ ဆိုးလေ့ရှိပြီး ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဆောင်ထားနိုင်တဲ့ နှုတ်ခမ်းအဆီတောင့်တွေဟာ နှုတ်ခမ်းအက်ကွဲတာကို ပျောက်ကင်းစေတဲ့အပြင် တခြားအသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ်။

 (၁)သူ့မှာပါတဲ့ ပျားဖယောင်း၊ အုန်းဆီ စတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးဟာ အစိုဓာတ်ကို ထိန်းသိမ်းပေးတာတွေချည်း ဖြစ်လို့ အရေပြား ခြောက်သွေ့ကြမ်းတမ်းတာတွေ အတွက် အကောင်းဆုံးဆေး တစ်ခုပါပဲ။ ဆောင်းတွင်းဘက်မှာ ဒူးခေါင်း၊ ခြေဖဝါး၊ တံတောင်ဆစ်နဲ့ လက်ဆစ်လိုမျိုး မွဲခြောက်ကြမ်းတမ်းတဲ့ နေရာတွေမှာ သုတ်လိမ်းမယ်ဆိုရင် ထိရောက်တဲ့ အာနိသင်ကို တွေ့ရမှာပါ။

(၂) လက်သည်း ခြေသည်းတွေ မာခြောက်ခြောက်နဲ့ အရောင်ဖျော့တော့လာပြီး ဆိုင်မှာ တကူးတက သွားပြင်ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုရင်လည်း ဒါလေးကိုပဲ လွယ်လွယ်ကူကူ သုတ်လိမ်းပေးပါ။

(၃) ဆံပင်တွေ တအားဖွာနေတဲ့အခါ ဒါမှမဟုတ် သပ်မရဘဲ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့အခါ နှုတ်ခမ်းအဆီတောင့်နဲ့ နည်းနည်းလောက် လိမ်းပေးမယ်ဆိုရင် နူးညံ့တဲ့ ဆံကေသာ အသွင်အပြင်ကို ချက်ချင်းရရှိစေပါလိမ့်မယ်။ စပရေးတွေ ဘာတွေတောင် ဖြန်းနေဖို့ မလိုပါဘူး။

(၄)ဆောင်းတွင်းဘက်မှာ အသားအရေ ခြောက်သွေ့တတ်တော့ နှာခေါင်းဟာလည်း နီရဲလာပြီး ယားယံနေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အန္တရာယ်ဖြစ်မှာကို စိုးရိမ်စရာ မလိုဘဲ နှာခေါင်းအတွင်းကိုရော အပြင်ကိုရော လိမ်းပေးလို့ရပြီး ယားယံမှုတွေ ခဏလေးနဲ့ သက်သာသွားပါလိမ့်မယ်။

(၅)အိုင်းရှဲဒိုးဆိုးတဲ့အခါ အောက်ခံအဖြစ် နည်းနည်းလောက် သုံးကြည့်ပါ။ ဆိုးရတာ ပိုလွယ်သလို ပိုလည်းကြာကြာခံပါတယ်။

 (၆) မျက်နှာအလှပြင်လို့ ပြီးသွားပြီဆိုတဲ့အခါ ပါးရိုးပေါ်ပြီး တောက်ပတဲ့ အသွင်အပြင်ကို ရရှိအောင် ဒါလေးကို လက်နဲ့ နည်းနည်းယူပြီး ပါးရိုးတစ်ဝိုက်မှာ လိမ်းပေးပါ။

(၇) ပုံမကျတဲ့ မျက်ခုံးမွေးတွေကို လိုသလို ပုံဖော်လို့ ရစေသလို မျက်ခုံးမွေးကိုလည်း ပိုထူထဲနက်မှောင်သလို ထင်ရစေပါတယ်။

(၈) ဒေါက်မြင့်ဖိနပ် စီးချင်ပေမယ့်လည်း ဖိနပ်ပေါက်တဲ့ဒဏ်ကို မခံနိုင်တဲ့သူတွေ ခြေဖဝါးနာမှာ ကြောက်သူတွေ အတွက်လည်း ဒီနှုတ်ခမ်းအဆီတောင့်လေးက ကယ်တင်ရှင်ပါပဲ။ ခြေဖဝါးနဲ့ ခြေဖမိုးဘေး တစ်လျှောက်ကို လိမ်းပေးမယ်ဆိုရင် ဖိနပ်နဲ့ အသားကြားမှာ ကြားခံတစ်ခုအဖြစ် ပေါက်ပြဲဒဏ်ရာတွေ မရရှိအောင် ကာကွယ်ပေးပါတယ်။

Credit : thevoicemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top