iMyanmarHouse.com - Best Property Website for Myanmar
×







Credit:duwun



#Unicode Version

သူတို့စုံတွဲဟာ အခင်ဆုံး သူငယ်ချင်းတွေကို ဖိတ်ပြီး ပါတီပွဲလုပ်ခဲ့ကြတယ်လို့ TV Report သတင်းဌာနမှာ ဖော်ပြထားပါတယ်။

လီမင်ဟိုနဲ့ ဆူဇီဟာ ချစ်သူတွေဖြစ်ကြောင်း ၂၀၁၅ ခုနှစ် မတ်လမှာ တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ လအနည်းငယ်အကြာ ၂၀၁၆ စက်တင်ဘာလနဲ့ သြဂုတ်လတွေမှာ သူတို့နှစ်ယောက် ကွဲသွားကြပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပေမဲ့လည်း ဒီသတင်းတွေ မဟုတ်မှန်ကြောင်း နှစ်ဖက်စလုံးက ငြင်းဆန်ခဲ့ကြပါတယ်။

အသက် ၂၉ နှစ်အရွယ် လီမင်ဟိုနဲ့ အသက် ၂၂ နှစ်အရွယ် ဆူဇီတို့ဟာ များပြားလှတဲ့ အလုပ်တွေကြောင့် မကြာခဏ မတွေ့ဖြစ်ကြပေမဲ့ သူတို့ရဲ့အချစ်တွေက ခိုင်မာနေဆဲပဲလို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပါတီပွဲနဲ့ ပတ်သက်ပြီး ဆူဇီရဲ့အေဂျင်စီဖြစ်တဲ့ JYP Entertainment ကတော့ အတည်မပြုနိုင်ကြောင်း ပြောခဲ့ပါတယ်။

"သတင်းကို ကျွန်တော်တို့ မြင်ပါတယ်။ ကျွန်တော်တို့ရဲ့အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ စပ်လျဉ်းပြီး တရားဝင်ကြေညာချက် မထုတ်ပါဘူး" လို့ ဆိုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ချစ်သူသက်တမ်း ၂ နှစ်ပြည့်အတွက် အားလုံးပဲ ကွန်ကရက်ကျူလေးရှင်း လုပ်ပေးလိုက်ပါဦး။

Credit:duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top