iMyanmarHouse.com - Best Property Website for Myanmar
×

အဲဒါ ဘာေကာင္လဲ ? 
 အသက္ ၈၀ အရြယ္ အဘုိးအုိတစ္ဦးဟာ အိမ္ထဲက ဆုိဖာမွာ အသက္ ၄၅ႏွစ္အရြယ္ ပညာတတ္သားျဖစ္သူနဲ႔ထုိင္ေနတုန္းမွာ ရုတ္တရက္ ျပတင္းေပါက္မွာ က်ီးကန္းတစ္ေကာင္ လာနားပါတယ္။ ဖခင္ျဖစ္သူက သားကုိေမးတယ္။ “အဲဒါ ဘာေကာင္လဲ သား?” သားကေျဖတယ္ “အဲဒါက်ီးကန္းပါ အေဖ”။ မိနစ္အနည္းငယ္ၾကာေတာ႔ ဖခင္ျဖစ္သူက သားကုိ ဒုတိယအႀကိမ္ထပ္ေမးပါတယ္။ “အဲဒါ ဘာေကာင္လဲ သား?” သားကေျဖတယ္ “အခုေလးပဲ ေျပာၿပီးၿပီေလ အဲဒါက်ီးကန္း”။ ခဏအၾကာမွာ ဖခင္ဟာ သားကုိ တတိယအႀကိမ္ ထပ္ေမးလုိက္ပါတယ္။ “သား အဲဒါ ဘာေကာင္လဲ?” ဒီတစ္ႀကိမ္မွာေတာ႔ သားျဖစ္ရဲ႕ေလသံထဲမွာ စိတ္ဆုိးသံပါလာၿပီး ဖခင္ျဖစ္သူကုိ မညာမတာျပန္ေျပာလုိက္ပါတယ္။ “အဲဒါ က်ီးကန္း…. က်ီးကန္း….”။ =========== ခဏေလာက္အၾကာမွာ ဖခင္ဟာ သားကုိ ေလးႀကိမ္ေျမာက္ထပ္ေမးလုိက္ပါတယ္။ “အဲဒါ ဘာေကာင္လဲ သား?” ဒီအႀကိမ္မွာေတာ႔ သားဟာ ဖခင္ကုိ ေအာ္ဟစ္ေျပာဆုိပါေတာ႔တယ္။ “အေဖ ဘာေၾကာင္႔ ဒီေမးခြန္းကုိ ထပ္တလဲလဲေမးေနရတာလဲ? ကြ်န္ေတာ္ အႀကိမ္မေရတြက္ႏုိင္ေအာင္ ေျပာၿပီးၿပီေလ။” “အဲဒါ က်ီးကန္း သိလား” “ခင္ဗ်ား ဒါေလးမွ နားမလည္ႏုိင္ဘူးလား?” ============

ခဏၾကာၿပီးေနာက္မွာေတာ႔ ဖခင္ျဖစ္သူဟာ သူ႔အခန္းထဲကုိ၀င္သြားၿပီး ေဟာင္းႏြမ္းစုတ္ျပတ္ေနတဲ႔ ဒုိင္ယာရီ စာအုပ္ေလးနဲ႔ျပန္ထြက္လာပါ။ အဲဒီစာအုပ္ေလးဟာ သူ႔သာေမြးကတည္းက ထိန္းသိမ္းလာခဲ႔တဲ႔စာအုပ္ပါ။ စာမ်က္ႏွာတစ္ရြက္ကုိဖြင္႔ၿပီး သူ႔ရဲ႕သားကုိ ဖတ္ၾကည္႔ဖုိ႔ေျပာပါတယ္။ သားျဖစ္သူက ဖတ္တဲ႔အခါမွာ ေအာက္ပါစာလုံးေတြကုိ ေတြ႔လုိက္ရပါတယ္။ :- ============

ဒီကေန႔ ကြ်န္ေတာ္႔သားေလးနဲ႔ ကြ်န္ေတာ္ ဆုိဖာေပၚမွာထုိင္ေနတုန္း ျပတင္းေပါက္မွာ က်ီးကန္းတစ္ေကာင္လာနားတယ္။ ကြ်န္ေတာ္႔သားက အဲဒါဘာေကာင္လဲဆုိတာကုိ ၂၃ ႀကိမ္ေမးပါတယ္။ ကြ်န္ေတာ္ ၂၃ႀကိမ္လုံးလုံးေျဖပါတယ္။ အဲဒါ က်ီးကန္းဆုိတဲ႔ ငွက္ပါဆုိတာကုိ။ ေမးခြန္းတစ္ခုတည္းကုိပဲ ထပ္ခါ ထပ္ခါ သားကေမးလုိက္တဲ႔အခ်ိန္တုိင္းမွာ ကြ်န္ေတာ္သူ႔ကုိ ၾကင္ၾကင္နာနာ ေပြ႔ဖက္ထားခဲ႔ပါတယ္။ ကြ်န္ေတာ္လုံး၀ကုိ စိတ္ဆုိးမႈမျဖစ္တဲ႔အျပင္ ရုိးသားတဲ႔ ကြ်န္ေတာ္႔သားေလးအတြက္ ဂရုဏာသက္မိပါတယ္။ ============== ကေလးျဖစ္သူက ၂၃ ႀကိမ္တုိင္တုိင္ “အဲဒါ ဘာေကာင္လဲ?” လုိ႔ေမးခဲ႔စဥ္က ဖခင္ျဖစ္သူဟာ စိတ္မဆုိးဘဲ ၂၃ ႀကိမ္တုိင္တုိင္ေျဖေပးခဲ႔တာမွာ ဒီေန႔အခ်ိန္မွာ ဖခင္ျဖစ္သူက သားကုိ ဒီေမးခြန္းကုိပဲ ေလးႀကိမ္ေမးရုံနဲ႔ စိတ္ဆုိး ေဒါသထြက္ပါသတဲ႔။

 ဒါေၾကာင္႔မုိ႔ သင္႔မိဘေတြဟာ အရြယ္ရလာၿပီဆုိရင္ သူတုိ႔ကုိ ၀န္ထုပ္၀န္ပုိးသဖြယ္သေဘာထားၿပီး မႏွစ္ၿမဳိ႕စရာလုိ႔ ၾကည္႔ျမင္မယူဆလုိက္ပါနဲ႔။ သူတုိ႔ကုိ က်က္သေရရွိတဲ႔စကားေလးေတြေျပာေပးပါ။ ေအးေအးေဆးေဆး ေျပာပါ။ သူတုိ႔ကုိ ရုိရုိေသေသ ႏွိမ္႔ႏွိမ္႔ခ်ခ်နဲ႔ ၾကင္ၾကင္နာနာေျပာဆုိဆက္ဆံေပးပါ။ သူတုိ႔ေတြဟာ အတၱကင္းတဲ႔ခ်စ္ျခင္းေမတၱာေတြနဲ႔ ကြ်န္ေတာ္တုိ႔အေပၚကုိ သြန္းေလာင္းခဲ႔သူေတြပါ။ ဒီကေန႔ ကြ်န္ေတာ္တုိ႔ေတြကုိ လူ႔အသုိင္းအ၀ုိင္းမွာ ရပ္တည္ႏုိင္ေအာင္လုပ္ေပးဖုိ႔ သူတုိ႔ဟာ မုန္တုိင္းမျမင္ အပူဒဏ္မျမင္နဲ႔ ေတာင္ေတြကုိေက်ာ္ၿပီး ေခ်ာက္ကမ္းပါးေတြကုိျဖတ္လာခဲ႔ၾကရသူေတြပါ။ ==========
ဤစာအား ေ၀မွ်ျခင္းအားျဖင္႔ ကြ်န္ေတာ္တုိ႔၏ အသိစိတ္မ်ားကုိ ျမွင္႔တင္ေပးၾကပါစုိ႔။

Credit: English-ျမန္မာ စာပေဒသာ။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အဲဒါ ဘာကောင်လဲ ?

 အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်ထဲက ဆိုဖာမှာ အသက် ၄၅နှစ်အရွယ် ပညာတတ်သားဖြစ်သူနဲ့ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင် လာနားပါတယ်။ ဖခင်ဖြစ်သူက သားကိုမေးတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အဲဒါကျီးကန်းပါ အဖေ”။ မိနစ်အနည်းငယ်ကြာတော့ ဖခင်ဖြစ်သူက သားကို ဒုတိယအကြိမ်ထပ်မေးပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အခုလေးပဲ ပြောပြီးပြီလေ အဲဒါကျီးကန်း”။ ခဏအကြာမှာ ဖခင်ဟာ သားကို တတိယအကြိမ် ထပ်မေးလိုက်ပါတယ်။ “သား အဲဒါ ဘာကောင်လဲ?” ဒီတစ်ကြိမ်မှာတော့ သားဖြစ်ရဲ့လေသံထဲမှာ စိတ်ဆိုးသံပါလာပြီး ဖခင်ဖြစ်သူကို မညာမတာပြန်ပြောလိုက်ပါတယ်။ “အဲဒါ ကျီးကန်း…. ကျီးကန်း….”။ =========== ခဏလောက်အကြာမှာ ဖခင်ဟာ သားကို လေးကြိမ်မြောက်ထပ်မေးလိုက်ပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” ဒီအကြိမ်မှာတော့ သားဟာ ဖခင်ကို အော်ဟစ်ပြောဆိုပါတော့တယ်။ “အဖေ ဘာကြောင့် ဒီမေးခွန်းကို ထပ်တလဲလဲမေးနေရတာလဲ? ကျွန်တော် အကြိမ်မရေတွက်နိုင်အောင် ပြောပြီးပြီလေ။” “အဲဒါ ကျီးကန်း သိလား” “ခင်ဗျား ဒါလေးမှ နားမလည်နိုင်ဘူးလား?” ============

ခဏကြာပြီးနောက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့အခန်းထဲကိုဝင်သွားပြီး ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့ပြန်ထွက်လာပါ။ အဲဒီစာအုပ်လေးဟာ သူ့သာမွေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့စာအုပ်ပါ။ စာမျက်နှာတစ်ရွက်ကိုဖွင့်ပြီး သူ့ရဲ့သားကို ဖတ်ကြည့်ဖို့ပြောပါတယ်။ သားဖြစ်သူက ဖတ်တဲ့အခါမှာ အောက်ပါစာလုံးတွေကို တွေ့လိုက်ရပါတယ်။ :- ============

ဒီကနေ့ ကျွန်တော့်သားလေးနဲ့ ကျွန်တော် ဆိုဖာပေါ်မှာထိုင်နေတုန်း ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင်လာနားတယ်။ ကျွန်တော့်သားက အဲဒါဘာကောင်လဲဆိုတာကို ၂၃ ကြိမ်မေးပါတယ်။ ကျွန်တော် ၂၃ကြိမ်လုံးလုံးဖြေပါတယ်။ အဲဒါ ကျီးကန်းဆိုတဲ့ ငှက်ပါဆိုတာကို။ မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ သားကမေးလိုက်တဲ့အချိန်တိုင်းမှာ ကျွန်တော်သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက်ထားခဲ့ပါတယ်။ ကျွန်တော်လုံးဝကို စိတ်ဆိုးမှုမဖြစ်တဲ့အပြင် ရိုးသားတဲ့ ကျွန်တော့်သားလေးအတွက် ဂရုဏာသက်မိပါတယ်။ ============== ကလေးဖြစ်သူက ၂၃ ကြိမ်တိုင်တိုင် “အဲဒါ ဘာကောင်လဲ?” လို့မေးခဲ့စဉ်က ဖခင်ဖြစ်သူဟာ စိတ်မဆိုးဘဲ ၂၃ ကြိမ်တိုင်တိုင်ဖြေပေးခဲ့တာမှာ ဒီနေ့အချိန်မှာ ဖခင်ဖြစ်သူက သားကို ဒီမေးခွန်းကိုပဲ လေးကြိမ်မေးရုံနဲ့ စိတ်ဆိုး ဒေါသထွက်ပါသတဲ့။

 ဒါကြောင့်မို့ သင့်မိဘတွေဟာ အရွယ်ရလာပြီဆိုရင် သူတို့ကို ဝန်ထုပ်ဝန်ပိုးသဖွယ်သဘောထားပြီး မနှစ်မြို့စရာလို့ ကြည့်မြင်မယူဆလိုက်ပါနဲ့။ သူတို့ကို ကျက်သရေရှိတဲ့စကားလေးတွေပြောပေးပါ။ အေးအေးဆေးဆေး ပြောပါ။ သူတို့ကို ရိုရိုသေသေ နှိမ့်နှိမ့်ချချနဲ့ ကြင်ကြင်နာနာပြောဆိုဆက်ဆံပေးပါ။ သူတို့တွေဟာ အတ္တကင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော်တို့အပေါ်ကို သွန်းလောင်းခဲ့သူတွေပါ။ ဒီကနေ့ ကျွန်တော်တို့တွေကို လူ့အသိုင်းအဝိုင်းမှာ ရပ်တည်နိုင်အောင်လုပ်ပေးဖို့ သူတို့ဟာ မုန်တိုင်းမမြင် အပူဒဏ်မမြင်နဲ့ တောင်တွေကိုကျော်ပြီး ချောက်ကမ်းပါးတွေကိုဖြတ်လာခဲ့ကြရသူတွေပါ။ ==========

ဤစာအား ဝေမျှခြင်းအားဖြင့် ကျွန်တော်တို့၏ အသိစိတ်များကို မြှင့်တင်ပေးကြပါစို့။

Credit: English-မြန်မာ စာပဒေသာ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top