iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္၍ သင္ဟာေဆးလိပ္ေသာက္တတ္တဲ့သူ ျဖစ္မယ္ဆိုရင္ တခ်ိဳ ႔အခ်ိန္ေတြမွာ စိတ္ညစ္စရာ၊ စိတ္ဖိစီးစရာ၊ ေဒါသထြက္စရာေတြ ၾကံဳလာရရင္ ေဆးလိပ္ေသာက္ျပီးစိတ္ျငိမ္ေအာင္ ၾကိဳးစားဖူးမွာပါ။ ေဆးလိပ္တလိပ္ေလာက္ ေသာက္လိုက္တာက အခိုက္အတန္႔ေတာ့စိတ္ျငိမ္သြားတယ္လို႔ သင္ထင္မိမွာပါပဲ။ ေဆးလိပ္ေသာက္သူေတာ္ေတာ္မ်ားမ်ားကလည္း ဒီကိစၥကို လက္ခံထားၾကပါတယ္။ တကယ္ေတာ့ ဒါဟာ မွားယြင္းတဲ့လုပ္ရပ္ပါ။ ေဆးလိပ္ဟာ သင့္ရဲ ႔ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆုိင္ရာ က်န္းမာေရးအတြက္ အႏၱရာယ္မ်ားတဲ့အရာပါ။ အဓိကအေနနဲ႔ ကင္ဆာေရာဂါ၊ ႏွလံုးေသြးေၾကာနဲ႔ဆိုင္တဲ့ေရာဂါေတြက ေဆးလိပ္ေသာက္တာၾကာလာတာနဲ႔အမွ် ျဖစ္လာမွာပါ။

ပညာရွင္ေတြကေတာ့ “ေဆးလိပ္ေသာက္ျခင္းက တကယ္ကို စိတ္က်န္းမာေရးအေျခအေနေတြကို ပိုမိုေကာင္းမြန္တိုးတက္လာေစမယ္ ဆိုရင္ ျပည္သူ႔စိတ္က်န္းမာေရးအတြက္ ေဆးလိပ္က အေကာင္းဆံုးဆိုျပီး ျပဠာန္းေပးထားမွာေပါ႔” လို႔ ဆိုပါတယ္။

အမွန္ေတာ့ ေဆးလိပ္ျဖတ္လိုက္ျခင္းကမွ သင့္ရဲ ႔စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအတြက္ေရာ သင့္ရဲ ႔ ေန႔စဥ္လူေနမွုဘဝကိုပါ ေျပာင္းလဲတုိးတက္ေစမွာပါ။ ေဆးလိပ္မေသာက္ဘဲေနတာ ရက္ပိုင္းအတြင္းမွာ သင့္ရဲ ႔ စိတ္ဖိစီးမွု၊ စိတ္ဓာတ္က်မွုစတာေတြကို ေလ်ာ့နည္းသြားေစပါတယ္။ Australian ပညာရွင္ေတြရဲ ႔Black Day Institute သုေတသနျပဳလုပ္ခ်က္အရ ေဆးလိပ္ျဖတ္လိုက္တဲ့လူတေယာက္ရဲ ႔ စိတ္အေျခအေနဟာ စိတ္က်ေရာဂါေၾကာင့္ ကုသမွုကိုခံယူျပီးတဲ့ လူရဲ ႔စိတ္အေျခအေနတိုးတက္မွုနဲ႔ အတူတူပဲ ဆိုတာကုိ သက္ေသျပႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္သင္ဟာေဆးလိပ္စြဲေနတယ္ဆိုရင္လည္း ျဖတ္ႏိုင္ေအာင္ၾကိဳးစားပါ။ လံုးဝမျဖတ္ႏိုင္ေသးဘူးဆိုရင္ေတာင္ အနည္းဆံုးေတာ့ ေလ်ာ့ေသာက္ႏိုင္ေအာင္ၾကိဳးစားပါ။ သင့္ရဲ ႔ ပတ္ဝန္းက်င္နဲ႔ သင့္ရဲ ႔လူေနမွုပံုစံ ဘယ္လိုေျပာင္းလဲသြားလဲဆိုတာ သင္သိလာမွာပါ။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

အကယ်၍ သင်ဟာဆေးလိပ်သောက်တတ်တဲ့သူ ဖြစ်မယ်ဆိုရင် တချို့အချိန်တွေမှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာ၊ ဒေါသထွက်စရာတွေ ကြုံလာရရင် ဆေးလိပ်သောက်ပြီးစိတ်ငြိမ်အောင် ကြိုးစားဖူးမှာပါ။ ဆေးလိပ်တလိပ်လောက် သောက်လိုက်တာက အခိုက်အတန့်တော့စိတ်ငြိမ်သွားတယ်လို့ သင်ထင်မိမှာပါပဲ။ ဆေးလိပ်သောက်သူတော်တော်များများကလည်း ဒီကိစ္စကို လက်ခံထားကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့လုပ်ရပ်ပါ။ ဆေးလိပ်ဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အန္တရာယ်များတဲ့အရာပါ။ အဓိကအနေနဲ့ ကင်ဆာရောဂါ၊ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေက ဆေးလိပ်သောက်တာကြာလာတာနဲ့အမျှ ဖြစ်လာမှာပါ။

ပညာရှင်တွေကတော့ “ဆေးလိပ်သောက်ခြင်းက တကယ်ကို စိတ်ကျန်းမာရေးအခြေအနေတွေကို ပိုမိုကောင်းမွန်တိုးတက်လာစေမယ် ဆိုရင် ပြည်သူ့စိတ်ကျန်းမာရေးအတွက် ဆေးလိပ်က အကောင်းဆုံးဆိုပြီး ပြဠာန်းပေးထားမှာပေါ့” လို့ ဆိုပါတယ်။

အမှန်တော့ ဆေးလိပ်ဖြတ်လိုက်ခြင်းကမှ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော သင့်ရဲ့ နေ့စဉ်လူနေမှုဘဝကိုပါ ပြောင်းလဲတိုးတက်စေမှာပါ။ ဆေးလိပ်မသောက်ဘဲနေတာ ရက်ပိုင်းအတွင်းမှာ သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုစတာတွေကို လျော့နည်းသွားစေပါတယ်။ Australian ပညာရှင်တွေရဲ့Black Day Institute သုတေသနပြုလုပ်ချက်အရ ဆေးလိပ်ဖြတ်လိုက်တဲ့လူတယောက်ရဲ့ စိတ်အခြေအနေဟာ စိတ်ကျရောဂါကြောင့် ကုသမှုကိုခံယူပြီးတဲ့ လူရဲ့စိတ်အခြေအနေတိုးတက်မှုနဲ့ အတူတူပဲ ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒါကြောင့်သင်ဟာဆေးလိပ်စွဲနေတယ်ဆိုရင်လည်း ဖြတ်နိုင်အောင်ကြိုးစားပါ။ လုံးဝမဖြတ်နိုင်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ လျော့သောက်နိုင်အောင်ကြိုးစားပါ။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ သင့်ရဲ့လူနေမှုပုံစံ ဘယ်လိုပြောင်းလဲသွားလဲဆိုတာ သင်သိလာမှာပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top