iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ႕ဆုိရွယ္မီဒီယာေပၚ ၀င္ၾကည့္လိုက္တာနဲ႔ အဲ့ဒီလူရဲ႕ Relati onship အေျခအေနကို အကဲျဖတ္ၾကည့္လို႕ရပါတယ္။ဆိုရွယ္မီဒီယာေပၚမွာ Relationship နဲ႔႔ပတ္သက္ၿပီး မတင္ပဲ Silent အေနအထားမ်ိဳးနဲ႔ ေနတ တ္တဲ့သူမ်ိဳးကေတာ့ ခၽြင္းခ်က္ပါ။အဲ့ဒီလိုပါပဲ လက္မွာ လက္စြပ္ ၀တ္ ထားတဲ့ ပံုစံကို ၾကည့္လိုက္ရင္လည္း လက္ထပ္ၿပီးတာလား၊မၿပီးဘူးလားဆိုတာ သိႏိုင္ ပါတယ္။

လက္ထပ္လက္စြပ္ဆိုရင္ေတာ့ ဘယ္ဖက္လက္သၾကြယ္မွာ ၀တ္ၾကပါတယ္။ ဒါဟာ ေရာမေေခတ္တည္းကစခဲ့တာပါ။ေလးေခ်ာင္းေျမာက္ လက္ေခ်ာင္း (လက္သၾကြယ္)မွာ၀တ္ရတဲ့ အေၾကာင္းကေတာ့ အဲ့ဒီမွာရွိတဲ့ ေသြးေၾကာ ဟာ ႏွလံုးသားဆီကို တိုက္ရိုက္ေရာက္တာေၾကာင့္ လက္ေခ်ာင္းေတြထဲကမွ အဲ့ဒီလက္ေခ်ာင္းမွာ ေရြး၀တ္ၾကတာပါ။ လက္သန္းမွာ လက္စြပ္၀တ္ထားတဲ့ မိန္းကေလးေတာ္ေတ္ာမ်ားမ်ားကို ေတြ႔ လာရပါတယ္။တစ္ခ်ိဳ႕ကေတာ့ အမႈမဲ့ အမွတ္မဲ့ ၀တ္မိတာမ်ိဳးလည္း ရွိႏိုင္ေပမယ့္ တစ္ခ်ိဳ႕ကေတာ့ အဓိပၸါယ္နဲ႔၀တ္ တာပါ။အဲ့ဒီအဓိပၸါယ္ကေတာ့…

ကိုယ့္ကိုယ္ကိုခ်စ္တဲ့ (Self love)နဲ႔လက္ခံႏိုင္တယ္ဆိုတဲ့သေဘာပါ။သူတို႔ရဲ႕ ဘ၀မွာ သူတို႔ကို ခ်စ္ေပးမယ့္သူ၊ျပည့္စံုေအာင္ျဖည့္ဆည္းေပးမယ့္ လက္တြဲေဖာ္ မလုိအပ္ဘူးလို႔ ေျပာခ်င္တာပါ။ကိုယ့္ကိုယ္ကိုခ်စ္တယ္။ကိုယ့္ကိုယ္ကို အျပည့္ အ၀ လက္ခံႏိုင္တယ္လို႔ ေျပာခ်င္တာပါ။

ဗစ္တိုးရီးယားဘုရင္မႀကီးေခတ္(၁၈၀၀)ခုႏွစ္ေက်ာ္ေလာက္က လက္ထပ္ဖို႔ကို စိတ္မ၀င္စားၾကတဲ့ Single အမ်ိဳးသား၊အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ စိတ္ကို ေဖာ္ျပတဲ့ အေနနဲ႔ ဘယ္လက္ရဲ႕ လက္သန္းမွာ လက္စြပ္ကို ၀တ္ဆင္ေလ့ ရွိခဲ့ဖူးတယ္လုိ႔သိရပါတယ္။ဒီေန႔ေခတ္ရဲ႕ လက္သန္းမွာ လက္စြပ္၀တ္တဲ့ အဓိပၸါယ္ဟာ အဲ့ဒီေခတ္ကေန ဆင္းသက္လာခဲ့တာလို႔ ယူဆရပါတယ္။

Credit:shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတစ်ယောက်ရဲ့ဆိုရှယ်မီဒီယာပေါ် ဝင်ကြည့်လိုက်တာနဲ့ အဲ့ဒီလူရဲ့ Relati onship အခြေအနေကို အကဲဖြတ်ကြည့်လို့ရပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာ Relationship နဲ့ပတ်သက်ပြီး မတင်ပဲ Silent အနေအထားမျိုးနဲ့ နေတ တ်တဲ့သူမျိုးကတော့ ချွင်းချက်ပါ။အဲ့ဒီလိုပါပဲ လက်မှာ လက်စွပ် ဝတ် ထားတဲ့ ပုံစံကို ကြည့်လိုက်ရင်လည်း လက်ထပ်ပြီးတာလား၊မပြီးဘူးလားဆိုတာ သိနိုင် ပါတယ်။

လက်ထပ်လက်စွပ်ဆိုရင်တော့ ဘယ်ဖက်လက်သကြွယ်မှာ ဝတ်ကြပါတယ်။ ဒါဟာ ရောမေခေတ်တည်းကစခဲ့တာပါ။လေးချောင်းမြောက် လက်ချောင်း (လက်သကြွယ်)မှာဝတ်ရတဲ့ အကြောင်းကတော့ အဲ့ဒီမှာရှိတဲ့ သွေးကြော ဟာ နှလုံးသားဆီကို တိုက်ရိုက်ရောက်တာကြောင့် လက်ချောင်းတွေထဲကမှ အဲ့ဒီလက်ချောင်းမှာ ရွေးဝတ်ကြတာပါ။ လက်သန်းမှာ လက်စွပ်ဝတ်ထားတဲ့ မိန်းကလေးတော်တေ်ာများများကို တွေ့ လာရပါတယ်။တစ်ချို့ကတော့ အမှုမဲ့ အမှတ်မဲ့ ဝတ်မိတာမျိုးလည်း ရှိနိုင်ပေမယ့် တစ်ချို့ကတော့ အဓိပ္ပါယ်နဲ့ဝတ် တာပါ။အဲ့ဒီအဓိပ္ပါယ်ကတော့…

ကိုယ့်ကိုယ်ကိုချစ်တဲ့ (Self love)နဲ့လက်ခံနိုင်တယ်ဆိုတဲ့သဘောပါ။သူတို့ရဲ့ ဘဝမှာ သူတို့ကို ချစ်ပေးမယ့်သူ၊ပြည့်စုံအောင်ဖြည့်ဆည်းပေးမယ့် လက်တွဲဖော် မလိုအပ်ဘူးလို့ ပြောချင်တာပါ။ကိုယ့်ကိုယ်ကိုချစ်တယ်။ကိုယ့်ကိုယ်ကို အပြည့် အ၀ လက်ခံနိုင်တယ်လို့ ပြောချင်တာပါ။

ဗစ်တိုးရီးယားဘုရင်မကြီးခေတ်(၁၈၀၀)ခုနှစ်ကျော်လောက်က လက်ထပ်ဖို့ကို စိတ်မဝင်စားကြတဲ့ Single အမျိုးသား၊အမျိုးသမီးတွေဟာ သူတို့ရဲ့ စိတ်ကို ဖော်ပြတဲ့ အနေနဲ့ ဘယ်လက်ရဲ့ လက်သန်းမှာ လက်စွပ်ကို ဝတ်ဆင်လေ့ ရှိခဲ့ဖူးတယ်လို့သိရပါတယ်။ဒီနေ့ခေတ်ရဲ့ လက်သန်းမှာ လက်စွပ်ဝတ်တဲ့ အဓိပ္ပါယ်ဟာ အဲ့ဒီခေတ်ကနေ ဆင်းသက်လာခဲ့တာလို့ ယူဆရပါတယ်။

Credit:shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top