iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားတစ္ဦးက ကိုယ့္ကို သေဘာက်ေနတာလားဆုိတာကို သူ႔ဆီတုိက္႐ိုက္ေမးစရာ မလိုပါဘူး။ သူ႔ရဲ႕ကိုယ္ဟန္မူရာနဲ႔ လႈပ္႐ွားမႈေတြကို နည္းနည္းပါးပါး အကဲခတ္ၾကည့္ရင္ သိႏိုင္ပါတယ္။ အမ်ားႀကီးေတာ့ မဟုတ္ေပမဲ့ ဒီအခ်က္ေတြ အေတာ္မ်ားမ်ားနဲ႔ ကိုက္ညီေနတယ္ဆုိရင္ေတာ့ သူက သင့္ကိုသေဘာက်ေနတယ္လုိ႔ မွတ္ယူႏိုင္ပါတယ္။

၁။ ဆံပင္ကိုသပ္တယ္

သူ႔ရဲ႕ဆံပင္ကို လက္နဲ႔သပ္တင္တာကို သင့္ေ႐ွ႕မွာ မၾကာခဏ ျပဳလုပ္တယ္ ဆုိရင္ေတာ့ သူ႔ကိုယ္သူယံုၾကည္မႈရဖုိ႔ ျပဳလုပ္ၾကတာပါ။ ဆြဲေဆာင္မႈ႐ွိတဲ့ လူတစ္ေယာက္နဲ႔ ေတြ႔တဲ့အခါ ကိုယ့္ကိုယ္ကိုယ္လည္း ပိုၿပီးၾကည့္ေကာင္းသြားေအာင္လည္း နည္းနည္းေလာက္ျပင္ဆင္မိတတ္ၾကတာမို႔ သူ႔အက်ႌေလးေတြကို ဆြဲဆန္႔တယ္၊ ဆံပင္ေတြ သပ္တင္တယ္ဆုိရင္ေတာ့ သူက သင့္ကို သေဘာက်တယ္လို႔ မွတ္ယူႏိုင္ပါတယ္။

၂။ ခါးေထာက္တဲ့စတုိင္လ္

တင္ပါးနားမွာ လက္ႏွစ္ဖက္ကို ထားထားတာမ်ိဳးပါ။ ခပ္ေလ်ာ့ေလ်ာ့ ခါးေထာက္တာ သို႔မဟုတ္ ေဘာင္းဘီအိတ္ထဲ လက္ထည့္ထားတာက သူစတိုင္လ္ထုတ္ေနတာပါ။ သူက စမတ္ျဖစ္တယ္ဆုိတဲ့အသြင္ သင့္ကိုျပခ်င္လုိ႔ ျဖစ္ပါတယ္။

၃။ ကိုယ့္ေဘးမွာ႐ွိတဲ့အခါ

လူအမ်ားစုဟာ ကိုယ့္ေဘးမွာ႐ွိတဲ့လူနဲ႔ စကားေျပာခ်င္တဲ့အခါ ေျခေထာက္ေတြနဲ႔ ဦးေခါင္းကို အဲ့ဒီလူဆီကို ဦးတည္ထားတတ္ၾကပါတယ္။ ဒါမဟုတ္ စကားေျပာခ်င္လာၿပီဆုိရင္ ေျခေထာက္ေတြနဲ႔ မ်က္ႏွာကို လွည့္လိုက္ၾကတာပဲမဟုတ္လား။ သူ႔အေတြးထဲမွာ သင္႐ွိေနတဲဲ့အခါမွာလည္း ထိုနည္းတူပါပဲ။

၄။ စကားေျပာသတဲ့

သင့္ဆီကေန အာ႐ံုစိုက္မႈ ရခ်င္တဲ့အတြက္ အခ်ိဳ႕ေယာက္်ားေလးေတြက စကားေတြေဖာင္ဖြဲ႔ေျပာၾကပါတယ္။ ဟာသေတြ ေျပာဖုိ႔လည္း ႀကိဳးစားၾကပါတယ္။

၅။ အတုခိုးတယ္

ကိုယ့္အမူအရာေတြကို လိုက္ကူးခ်တယ္။ ဥပမာ ကိုယ္က ေမးေထာက္ရင္ သူကပါ လိုက္ၿပီး ေမးေထာက္တာမ်ိဳးေပါ့။ တမင္သက္သက္မရည္႐ြယ္ေပမဲ့ သူ႔စိတ္ကိုက သင့္ထံတိမ္းညႊတ္ေနတာေၾကာင့္ သူကိုယ္တုိင္ေတာင္ မသိလုိက္ဘဲ လိုက္လံအတုခိုးသလို ျဖစ္ေနတတ္ပါတယ္။

အထက္မွာ ေဖာ္ျပထားတဲဲ့ ကိုယ္ဟန္အမူအရာေတြကေတာ့ အမ်ိဳးသားအမ်ားစုထံမွာ ေတြ႔ရေလ့႐ွိတ့ဲအရာေတြ ျဖစ္ပါတယ္။ အခ်ိဳ႕ေတြကေတာ့ စိတ္လႈပ္ရွားၿပီး စကားမေျပာၾကတာေတြလည္း ႐ွိပါေသးတယ္။ အခ်ိဳ႕က်ျပန္ေတာ့လည္း ကိုယ္စိတ္ဝင္စားေၾကာင္း တစ္ဖက္သိမွာစိုးလို႔ မသိသလို ခပ္တည္တည္ေနၾကတာေတြလည္း ႐ွိပါရဲ႕။ ဒါေပမဲ့ အထက္ပါအမူအရာ ၅ မ်ိဳးကေတာ့ တစ္စံုတစ္ေယာက္ကို စိတ္လႈပ္ရွားရင္ခုန္တာထက္ သေဘာက်ႏွစ္သက္ရင္ အလိုလိုျဖစ္လာတတ္တဲ့ အမူရာေတြျဖစ္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိုးသားတစ်ဦးက ကိုယ့်ကို သဘောကျနေတာလားဆိုတာကို သူ့ဆီတိုက်ရိုက်မေးစရာ မလိုပါဘူး။ သူ့ရဲ့ကိုယ်ဟန်မူရာနဲ့ လှုပ်ရှားမှုတွေကို နည်းနည်းပါးပါး အကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။ အများကြီးတော့ မဟုတ်ပေမဲ့ ဒီအချက်တွေ အတော်များများနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သူက သင့်ကိုသဘောကျနေတယ်လို့ မှတ်ယူနိုင်ပါတယ်။

၁။ ဆံပင်ကိုသပ်တယ်

သူ့ရဲ့ဆံပင်ကို လက်နဲ့သပ်တင်တာကို သင့်ရှေ့မှာ မကြာခဏ ပြုလုပ်တယ် ဆိုရင်တော့ သူ့ကိုယ်သူယုံကြည်မှုရဖို့ ပြုလုပ်ကြတာပါ။ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်နဲ့ တွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးကြည့်ကောင်းသွားအောင်လည်း နည်းနည်းလောက်ပြင်ဆင်မိတတ်ကြတာမို့ သူ့အကျႌလေးတွေကို ဆွဲဆန့်တယ်၊ ဆံပင်တွေ သပ်တင်တယ်ဆိုရင်တော့ သူက သင့်ကို သဘောကျတယ်လို့ မှတ်ယူနိုင်ပါတယ်။

၂။ ခါးထောက်တဲ့စတိုင်လ်

တင်ပါးနားမှာ လက်နှစ်ဖက်ကို ထားထားတာမျိုးပါ။ ခပ်လျော့လျော့ ခါးထောက်တာ သို့မဟုတ် ဘောင်းဘီအိတ်ထဲ လက်ထည့်ထားတာက သူစတိုင်လ်ထုတ်နေတာပါ။ သူက စမတ်ဖြစ်တယ်ဆိုတဲ့အသွင် သင့်ကိုပြချင်လို့ ဖြစ်ပါတယ်။

၃။ ကိုယ့်ဘေးမှာရှိတဲ့အခါ

လူအများစုဟာ ကိုယ့်ဘေးမှာရှိတဲ့လူနဲ့ စကားပြောချင်တဲ့အခါ ခြေထောက်တွေနဲ့ ဦးခေါင်းကို အဲ့ဒီလူဆီကို ဦးတည်ထားတတ်ကြပါတယ်။ ဒါမဟုတ် စကားပြောချင်လာပြီဆိုရင် ခြေထောက်တွေနဲ့ မျက်နှာကို လှည့်လိုက်ကြတာပဲမဟုတ်လား။ သူ့အတွေးထဲမှာ သင်ရှိနေတဲ့အခါမှာလည်း ထိုနည်းတူပါပဲ။

၄။ စကားပြောသတဲ့

သင့်ဆီကနေ အာရုံစိုက်မှု ရချင်တဲ့အတွက် အချို့ယောက်ျားလေးတွေက စကားတွေဖောင်ဖွဲ့ပြောကြပါတယ်။ ဟာသတွေ ပြောဖို့လည်း ကြိုးစားကြပါတယ်။

၅။ အတုခိုးတယ်

ကိုယ့်အမူအရာတွေကို လိုက်ကူးချတယ်။ ဥပမာ ကိုယ်က မေးထောက်ရင် သူကပါ လိုက်ပြီး မေးထောက်တာမျိုးပေါ့။ တမင်သက်သက်မရည်ရွယ်ပေမဲ့ သူ့စိတ်ကိုက သင့်ထံတိမ်းညွှတ်နေတာကြောင့် သူကိုယ်တိုင်တောင် မသိလိုက်ဘဲ လိုက်လံအတုခိုးသလို ဖြစ်နေတတ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ ကိုယ်ဟန်အမူအရာတွေကတော့ အမျိုးသားအများစုထံမှာ တွေ့ရလေ့ရှိတဲ့အရာတွေ ဖြစ်ပါတယ်။ အချို့တွေကတော့ စိတ်လှုပ်ရှားပြီး စကားမပြောကြတာတွေလည်း ရှိပါသေးတယ်။ အချို့ကျပြန်တော့လည်း ကိုယ်စိတ်ဝင်စားကြောင်း တစ်ဖက်သိမှာစိုးလို့ မသိသလို ခပ်တည်တည်နေကြတာတွေလည်း ရှိပါရဲ့။ ဒါပေမဲ့ အထက်ပါအမူအရာ ၅ မျိုးကတော့ တစ်စုံတစ်ယောက်ကို စိတ်လှုပ်ရှားရင်ခုန်တာထက် သဘောကျနှစ်သက်ရင် အလိုလိုဖြစ်လာတတ်တဲ့ အမူရာတွေဖြစ်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top