iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းဟာ အလုပ္ပိတ္ရက္၊ အားလပ္ရက္ေလးေတြေတာ့ ကိုယ္စီကိုယ္စီ ပိုင္ဆုိင္တတ္ၾကတာပါပဲ။ သို႔ေပမယ့္ အဲ့ဒီအားလပ္ရက္မွာ တစ္ပတ္လံုး မလုပ္ျဖစ္တဲ့ အိမ္အလုပ္ေတြ လုပ္လုိက္ရတာေၾကာင့္ နားရတယ္လို႔ေရာ ခံစားမိပါရဲ႕လား။ မနက္ (၉)နာရီကေန ညေန (၆)နာရီအထိ စိတ္ဖိစီးမႈမ်ားစြာနဲ႔ အလုပ္လုပ္ရသူေတြဆုိရင္ ပိုလုိ႔ေတာင္ဆိုးပါေသးတယ္။ တစ္ပတ္မွာ အားလပ္ရက္ ႏွစ္ရက္၊ အိမ္နဲ႔အလုပ္ သြားလာေနရသူေတြအဖုိ႔ေတာ့ ခရီးထြက္ျခင္းဟာ စိတ္ေတြျပန္လည္လန္းဆန္းလာဖုိ႔နဲ႔ အိုင္ဒီယာအသစ္ေတြ ျပန္လည္ေမြးဖြားႏိုင္ဖုိ႔ အေကာင္းဆံုးအရာပါပဲ။ ဘယ္လိုလူမ်ိဳးေတြဟာ ခရီးထြက္ဖုိ႔ လိုကိုလိုအပ္ေနလိမ့္မလဲ။

၁။သူမ်ားေတြ ရံုးဆင္ခ်ိန္ထိေတာင္ ကိုယ္က အလုပ္မၿပီးေသးတာေၾကာင့္ ရံုးမဆင္းရတဲ့ေန႔ေတြမ်ားတယ္။

ရံုးဆင္းခ်ိန္ (၆)နာရီဆိုရင္ အားလံုးက အလွ်ိဳလွ်ိဳျပန္သြားၾကေပမယ့္ ကိုယ္ကေတာ့ အလုပ္မၿပီးေသးတာကတစ္ေၾကာင့္၊ ကိုယ္ယူရတဲ့ တာ၀န္က ႀကီးမားတာေၾကာင့္ ရံုးမွာအၿမဲက်န္ခဲ့ရတတ္တယ္။ ေတာ္ေတာ္ေလးေနာက္က်မွ အၿမဲအိမ္ျပန္ရတယ္။

၂။ေန႔စဥ္ေတြ႕ဆံုေနရသူေတြကလည္း အလုပ္ခြင္က လူေတြခ်ည္းပဲ။

သူငယ္ခ်င္းေတြ၊ ေက်ာင္းေနဖက္ေတြ၊ ေဆြမ်ိဳးေတြနဲ႔ မေတြ႕ျဖစ္တာၾကာၿပီ။ တစ္ခ်ိန္လံုး အလုပ္၊ အလုပ္ျဖစ္ေနၿပီး သြားရတဲ့ ဒင္နာဆုိရင္လည္း အလုပ္နဲ႔ပတ္သက္ၿပီးသြားရတာမ်ိဳး၊ ဆံုရတဲ့သူေတြကလည္း အလုပ္ကလူေတြခ်ည္းပဲျဖစ္ေန တယ္ဆုိရင္ေတာ့ သင္ဟာ ၾကာရင္ဒါေတြကို ၿငီးေငြ႕လာေတာ့မွာပါ။

၃။ခ်စ္သူရဲ႕မ်က္ႏွာအစား ကြန္ပ်ဴတာကိုခ်ည္း ၾကည့္ေနရတယ္။

ကြန္ပ်ဴတာ screen ကို တစ္ေန႔တစ္ေန႔ ၾကည့္ရလြန္းလို႔ ကိုယ့္ခ်စ္သူ မ်က္ႏွာဘယ္လိုဆိုတာေတာင္ မသိေတာ့ဘူးလား။ ခ်စ္သူကိုလည္း အခ်ိန္မေပးအားေတာ့ဘူးလား။ ဒါဟာ သိပ္ေကာင္းတဲ့အခ်က္ေတာ့ မဟုတ္ဘူးေနာ္။

၄။အလုပ္ကိစၥေတြ စိတ္ဖိစီးလြန္းတာေၾကာင့္ က်န္တဲ့အေရးကိစၥေတြေတာင္ မေတြးအားေတာ့ဘူး။

အိမ္ကိစၥ၊ ေမာင္ႏွမသားခ်င္းကိစၥ၊ တစ္ျခားကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာအေၾကာင္းေတြေတာင္ မေတြးျဖစ္ေတာ့ေလာက္ေအာင္ ဦးေခါင္းထဲမွာ အလုပ္ၿပီးအလုပ္ ျဖစ္ေနၿပီ။

၅။အိမ္ျပန္ေရာက္လို႔ ဖုန္းထဲကို message တစ္ေစာင္ေလာက္ ၀င္လာၿပီဆိုတာနဲ႔ အလုပ္ကိစၥလား မသိဘူးဆုိၿပီး လန္႔ေနရတယ္။

message ၀င္လာတယ္ဆုိတဲ့ အသံေလး ၾကားလိုက္ရရင္ျဖင့္ အလုပ္ကိစၥမ်ားလားဆုိၿပီး လန္႔ေနရတဲ့အျဖစ္ေရာက္ေနၿပီလား။

၆။ရံုးမွာ နည္းနည္းပါးပါး အိပ္လုိ႔ရေအာင္ ေခါင္းအံုးအေသးေလး ေဆာင္ထားဖုိ႔ေတာင္ စဥ္းစားေနၿပီ။

ရံုးမွာ အလုပ္ခ်ိန္ ပင္ပန္းလြန္းလို႔ ခဏေလး ေမွးတဲ့အခါအံုးဖုိ႔ ေခါင္းအံုးေတြဘာေတြေတာင္ ေဆာင္ထားဖုိ႔ စဥ္းစားလာၿပီ။ ညဘက္ေနာက္က်ရင္လည္း ဒါေလးက အသံုး၀င္လိမ့္မယ္လုိ႔ စဥ္းစားတတ္ေနၿပီ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version


လူတိုင်းဟာ အလုပ်ပိတ်ရက်၊ အားလပ်ရက်လေးတွေတော့ ကိုယ်စီကိုယ်စီ ပိုင်ဆိုင်တတ်ကြတာပါပဲ။ သို့ပေမယ့် အဲ့ဒီအားလပ်ရက်မှာ တစ်ပတ်လုံး မလုပ်ဖြစ်တဲ့ အိမ်အလုပ်တွေ လုပ်လိုက်ရတာကြောင့် နားရတယ်လို့ရော ခံစားမိပါရဲ့လား။ မနက် (၉)နာရီကနေ ညနေ (၆)နာရီအထိ စိတ်ဖိစီးမှုများစွာနဲ့ အလုပ်လုပ်ရသူတွေဆိုရင် ပိုလို့တောင်ဆိုးပါသေးတယ်။ တစ်ပတ်မှာ အားလပ်ရက် နှစ်ရက်၊ အိမ်နဲ့အလုပ် သွားလာနေရသူတွေအဖို့တော့ ခရီးထွက်ခြင်းဟာ စိတ်တွေပြန်လည်လန်းဆန်းလာဖို့နဲ့ အိုင်ဒီယာအသစ်တွေ ပြန်လည်မွေးဖွားနိုင်ဖို့ အကောင်းဆုံးအရာပါပဲ။ ဘယ်လိုလူမျိုးတွေဟာ ခရီးထွက်ဖို့ လိုကိုလိုအပ်နေလိမ့်မလဲ။

၁။သူများတွေ ရုံးဆင်ချိန်ထိတောင် ကိုယ်က အလုပ်မပြီးသေးတာကြောင့် ရုံးမဆင်းရတဲ့နေ့တွေများတယ်။

ရုံးဆင်းချိန် (၆)နာရီဆိုရင် အားလုံးက အလျှိုလျှိုပြန်သွားကြပေမယ့် ကိုယ်ကတော့ အလုပ်မပြီးသေးတာကတစ်ကြောင့်၊ ကိုယ်ယူရတဲ့ တာဝန်က ကြီးမားတာကြောင့် ရုံးမှာအမြဲကျန်ခဲ့ရတတ်တယ်။ တော်တော်လေးနောက်ကျမှ အမြဲအိမ်ပြန်ရတယ်။

၂။နေ့စဉ်တွေ့ဆုံနေရသူတွေကလည်း အလုပ်ခွင်က လူတွေချည်းပဲ။

သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ ဆွေမျိုးတွေနဲ့ မတွေ့ဖြစ်တာကြာပြီ။ တစ်ချိန်လုံး အလုပ်၊ အလုပ်ဖြစ်နေပြီး သွားရတဲ့ ဒင်နာဆိုရင်လည်း အလုပ်နဲ့ပတ်သက်ပြီးသွားရတာမျိုး၊ ဆုံရတဲ့သူတွေကလည်း အလုပ်ကလူတွေချည်းပဲဖြစ်နေ တယ်ဆိုရင်တော့ သင်ဟာ ကြာရင်ဒါတွေကို ငြီးငွေ့လာတော့မှာပါ။

၃။ချစ်သူရဲ့မျက်နှာအစား ကွန်ပျူတာကိုချည်း ကြည့်နေရတယ်။

ကွန်ပျူတာ screen ကို တစ်နေ့တစ်နေ့ ကြည့်ရလွန်းလို့ ကိုယ့်ချစ်သူ မျက်နှာဘယ်လိုဆိုတာတောင် မသိတော့ဘူးလား။ ချစ်သူကိုလည်း အချိန်မပေးအားတော့ဘူးလား။ ဒါဟာ သိပ်ကောင်းတဲ့အချက်တော့ မဟုတ်ဘူးနော်။

၄။အလုပ်ကိစ္စတွေ စိတ်ဖိစီးလွန်းတာကြောင့် ကျန်တဲ့အရေးကိစ္စတွေတောင် မတွေးအားတော့ဘူး။

အိမ်ကိစ္စ၊ မောင်နှမသားချင်းကိစ္စ၊ တစ်ခြားကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းတွေတောင် မတွေးဖြစ်တော့လောက်အောင် ဦးခေါင်းထဲမှာ အလုပ်ပြီးအလုပ် ဖြစ်နေပြီ။

၅။အိမ်ပြန်ရောက်လို့ ဖုန်းထဲကို message တစ်စောင်လောက် ဝင်လာပြီဆိုတာနဲ့ အလုပ်ကိစ္စလား မသိဘူးဆိုပြီး လန့်နေရတယ်။

message ဝင်လာတယ်ဆိုတဲ့ အသံလေး ကြားလိုက်ရရင်ဖြင့် အလုပ်ကိစ္စများလားဆိုပြီး လန့်နေရတဲ့အဖြစ်ရောက်နေပြီလား။

၆။ရုံးမှာ နည်းနည်းပါးပါး အိပ်လို့ရအောင် ခေါင်းအုံးအသေးလေး ဆောင်ထားဖို့တောင် စဉ်းစားနေပြီ။

ရုံးမှာ အလုပ်ချိန် ပင်ပန်းလွန်းလို့ ခဏလေး မှေးတဲ့အခါအုံးဖို့ ခေါင်းအုံးတွေဘာတွေတောင် ဆောင်ထားဖို့ စဉ်းစားလာပြီ။ ညဘက်နောက်ကျရင်လည်း ဒါလေးက အသုံးဝင်လိမ့်မယ်လို့ စဉ်းစားတတ်နေပြီ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top