iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမသားရယ္လို႔ ျဖစ္လာၿပီဆိုတာနဲ႔ အနည္းနဲ႔အမ်ားေတာ့ ဒီဒုကၡကိုၾကံဳေတြ႕ၾကရတာပဲ..။ ဝမ္းဗိုက္ေအာက္ပိုင္းကနာတာ၊ ခါးေအာက္ပိုင္းေနရာနဲ႔ ေပါင္ေတြ နာတာ၊ ဒါေတြက ျဖစ္ေလ့ျဖစ္ထရွိတ့ဲ လကၡဏာေတြပါ..။ တခ်ိဳ႕က ဓမၼတာလာခ်ိန္ ေဝဒနာကို သိပ္မခံစားရေပမ့ဲ တခ်ိဳ႕တခ်ိဳ႕ေတြကေတာ့ ေတာ္ေတာ္ေလးကို ခံစားရပါရဲ႕ေလ..။

အမ်ိဳးသမီးအားလံုးရဲ႕ ထက္ဝက္ေက်ာ္ေလာက္က ဒီေဝဒနာေတြကို ခံစားဖူးၾကၿပီး ၁၅ ရာခိုင္နႈန္းကေတာ့ ေတာ္ေတာ္ေလးဆိုးရြားတယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္။

ရာသီေသြးလာခ်ိန္မွာ ေခါင္းမူးေခါင္းကိုက္မယ္၊ ​ေအာ့အန္ခ်င္စိတ္ေတြျဖစ္မယ္၊ ေခြ်းထြက္မ်ားမယ္၊ ခါးေအာက္ပိုင္းနဲ႔ ဝမ္းဗိုက္ေအာက္ပိုင္းေတြနာမယ္၊ ဝမ္းေလွ်ာရင္ေလွ်ာမယ္ မဟုတ္ရင္ ဝမ္းခ်ဳပ္မယ္။ ဒါေတြက ျဖစ္႐ိုးျဖစ္စဥ္ရွိတ့ဲ လကၡဏာေတြပါ။

ဓမၼတာေပၚခ်ိန္မွာ နာက်င္လြန္းလို႔ စိတ္ရႈပ္ေနၾကၿပီလား။ ဒါမွမဟုတ္ အလုပ္ခြင္မွာျဖစ္ျဖစ္၊ ေက်ာင္းမွာျဖစ္ျဖစ္ စိတ္အေႏွာင့္အယွက္ေပးလြန္းလို႔ အဆင္မေျပမႈေတြ ၾကံဳေတြ႕ေနရၿပီလား..?

ကဲ.. ဒါေတြျဖစ္လာၿပီဆိုရင္.. ဘယ္လိုလုပ္ၾကမလဲ?

၁။ ေရေႏြးအိတ္ကပ္ပါ (သို႔မဟုတ္) ေရခပ္ေႏြးေႏြးစိမ္ပါ

နာက်င္တ့ဲေနရာတစ္ဝိုက္ကို ေရေႏြးအိတ္ေလးကပ္ေပးရင္ျဖစ္ျဖစ္၊ ေရခ်ိဳးကန္ထဲမွာ ေရေႏြးေႏြးေလးျဖည့္ၿပီး စိမ္ေနလိုက္ရင္ျဖစ္ျဖစ္ နာက်င္မႈေတြ ေလ်ာ့က်သြားပါလိမ့္မယ္..။

၂။ ေယာဂက်င့္ပါ (သို႔မဟုတ္) အားကစားလုပ္ပါ

ေယာဂက်င့္ျခင္းက ခႏၶာကိုယ္ရဲ႕ေသြးလွည့္ပတ္မႈကိုေကာင္းေစၿပီး စိတ္ဖိစီးမႈကိုလည္း တစ္ဖက္တစ္လမ္းက ေလ်ာ့က်ေစပါတယ္။ စိတ္ဖိစီးမႈမ်ားတ့ဲ အမ်ိဳးသမီးေတြနဲ႔ အားကစားမလုပ္တ့ဲ အမ်ိဳးသမီးေတြက ရာသီလာခ်ိန္မွာ အဆိုးဆံုးခံစားရတာမို႔ မိနစ္သံုးဆယ္ေလာက္ျဖစ္ျဖစ္ လမ္းေလွ်ာက္ေပးရင္လည္း နာက်င္မႈကို သက္သာေစပါတယ္။

၃။ တရားထိုင္ပါ

တရားထိုင္တာဟာလည္း စိတ္ကိုတည္ၿငိမ္ေစၿပီး ေသြးလွည့္ပတ္မႈကို ပံုမွန္ျဖစ္ေအာင္ထိန္းညႇိေပးတာမို႔ ငါးမိနစ္ ဆယ္မိနစ္ျဖစ္ျဖစ္၊ နာရီဝက္ေလာက္ျဖစ္ျဖစ္ အခ်ိန္ေပး တရားထိုင္ျခင္းကလည္း ထိေရာက္တ့ဲ ကုသမႈတစ္ခုပါပဲ။

၄။ ညင္သာစြာ ႏွိပ္နယ္ေပးပါ

တကယ္ေတာ့ ႏွိပ္နယ္ေပးျခင္းကလည္း နာက်င္မႈကို ေလ်ာ့က်ေစတယ္။ ညင္သာဖို႔ေတာ့ လိုတာေပါ့ေနာ္..။ အထူးသျဖင့္ – ခါး႐ိုးဆစ္ရဲ႕ ေဘးဘက္ေတြ၊ ေနာက္ၿပီး ပံုမွာျပထားတ့ဲ (Rn6) ေနရာကို ဖိၿပီးႏွိပ္နယ္ေပးရမယ္။ ခ်က္ရဲ႕ ေဘးႏွစ္ဖက္ကို လက္ဖဝါးနဲ႔ ဖိၿပီး အေပၚေအာက္ ညင္သာစြာ ပြတ္ဆြဲေပးရမယ္။ ေနာက္ၿပီး လက္ညႇိဳးနဲ႔လက္မၾကားေနရာကို ဖ်စ္ၿပီး ဆိတ္လိုက္၊ ႏွိပ္ေပးလိုက္ ျပဳလုပ္ေပးရမယ္။ အ့ဲလိုလုပ္ေပးျခင္းအားျဖင့္ နာက်င္မႈေတြ ေလ်ာ့က်လာႏိုင္ပါတယ္။

ဘယ္လို ကုသမလဲဆိုတာေတာ့ ဟုတ္ပါၿပီ။ မျဖစ္ေအာင္ေရာ ဘယ္လိုကာကြယ္ၾကမလဲ?

၅။ အစားအေသာက္ထိန္းသိမ္းရမယ္

ဗီတာမင္ E ပါတ့ဲ အစားအေသာက္ေတြနဲ႔ omega 3 ေသာက္ေပးသင့္ပါတယ္။ အသီးအရြက္နဲ႔ အသီးအႏွံေတြ မ်ားမ်ားစားစားေပးရမယ္။ ေနာက္ၿပီး အခ်ိဳအငန္အဆီအစိမ့္ေတြ၊ အယ္လ္ကိုေဟာလ္ပါဝင္တ့ဲ အစားအေသာက္ေတြ၊ ကဖိန္းဓာတ္မ်ားတ့ဲ အစားအေသာက္ေတြကို တတ္ႏိုင္သေလာက္ ထိန္းၿပီးစားေသာက္ရမယ္။

၆။ ေလ့က်င့္ခန္းလုပ္ပါ

အေပၚမွာေျပာခ့ဲတ့ဲအတိုင္းပဲ ရာသီေသြးေပၚခ်ိန္အတြင္း မခံမရပ္ႏိုင္ေအာင္နာက်င္ရတာက သားအိမ္တစ္ဝိုက္ေသြးလွည့္ပတ္မႈ ပံုမွန္မဟုတ္တာေၾကာင့္ပါ။ ဘယ္ေလာက္ပဲ အခ်ိန္မရွိဘူးဆိုဆို ဆယ့္ငါးမိနစ္၊ နာရီဝက္ေလာက္ျဖစ္ျဖစ္ လမ္းေလွ်ာက္ေပးပါ။ ဒါမွ ဒီဒုကၡႀကီးကေန ကင္းေဝးႏိုင္မွာ။

၇။ စိတ္အဖိစီးမခံပါႏွင့္

စိတ္ဖိစီးမႈမ်ားတ့ဲ အမ်ိဳးသမီးေတြက တကယ္ပဲ ဒီေဝဒနာကို ပိုခံစားၾကရပါတယ္။ စိတ္နဲ႔ ခႏၶာဟာ ဆက္စပ္ေနတာေၾကာင့္ မိမိရဲ႕စိတ္ကလည္း ကိုယ္ခႏၶာအတြက္ အရမ္းကိုအေရးႀကီးတယ္ေနာ္။ ျဖစ္ႏိုင္ရင္ ေန႔တိုင္း ညအိပ္ခါနီး ဒါမွမဟုတ္ ႏိုးႏိုးခ်င္း ဆယ့္ငါးမိနစ္ေလာက္ တရားထိုင္ေပးပါ။ ဒါမွမဟုတ္ ေခ်ာ့ကလက္အနည္းငယ္ စားေပးပါ။ ေခ်ာ့ကလက္က စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ႏိုင္တယ္ေလ။ ဒါေပမ့ဲ တန္ေဆးလြန္ေဘး ဆိုတ့ဲအတိုင္း ဆင္ျခင္ဖို႔ေတာ့ လိုမယ္ေနာ္။

ကဲ.. ဒါေလးကိုဖတ္ၿပီး ​ေယာင္​းတို႔ တစ္လတစ္ခါၾကံဳေနရတ့ဲ စိတ္ဒုကၡေတြကို ေလွ်ာ့ခ်ႏိုင္မဲ့ နည္းလမ္းေလးေတြ သိရွိႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္ေလ။ ဓမၼတာေၾကာင့္ စိတ္အေႏွာင့္အယွက္မျဖစ္ၾကပဲ လွပေပ်ာ္ရႊင္ဖြယ္ေကာင္းတ့ဲေန႔ရက္ေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ။
Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိန်းမသားရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ အနည်းနဲ့အများတော့ ဒီဒုက္ခကိုကြုံတွေ့ကြရတာပဲ..။ ဝမ်းဗိုက်အောက်ပိုင်းကနာတာ၊ ခါးအောက်ပိုင်းနေရာနဲ့ ပေါင်တွေ နာတာ၊ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေပါ..။ တချို့က ဓမ္မတာလာချိန် ဝေဒနာကို သိပ်မခံစားရပေမဲ့ တချို့တချို့တွေကတော့ တော်တော်လေးကို ခံစားရပါရဲ့လေ..။

အမျိုးသမီးအားလုံးရဲ့ ထက်ဝက်ကျော်လောက်က ဒီဝေဒနာတွေကို ခံစားဖူးကြပြီး ၁၅ ရာခိုင်နှုန်းကတော့ တော်တော်လေးဆိုးရွားတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ရာသီသွေးလာချိန်မှာ ခေါင်းမူးခေါင်းကိုက်မယ်၊ အော့အန်ချင်စိတ်တွေဖြစ်မယ်၊ ချွေးထွက်များမယ်၊ ခါးအောက်ပိုင်းနဲ့ ဝမ်းဗိုက်အောက်ပိုင်းတွေနာမယ်၊ ဝမ်းလျှောရင်လျှောမယ် မဟုတ်ရင် ဝမ်းချုပ်မယ်။ ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ရှိတဲ့ လက္ခဏာတွေပါ။

ဓမ္မတာပေါ်ချိန်မှာ နာကျင်လွန်းလို့ စိတ်ရှုပ်နေကြပြီလား။ ဒါမှမဟုတ် အလုပ်ခွင်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ် စိတ်အနှောင့်အယှက်ပေးလွန်းလို့ အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီလား..?

ကဲ.. ဒါတွေဖြစ်လာပြီဆိုရင်.. ဘယ်လိုလုပ်ကြမလဲ?

၁။ ရေနွေးအိတ်ကပ်ပါ (သို့မဟုတ်) ရေခပ်နွေးနွေးစိမ်ပါ

နာကျင်တဲ့နေရာတစ်ဝိုက်ကို ရေနွေးအိတ်လေးကပ်ပေးရင်ဖြစ်ဖြစ်၊ ရေချိုးကန်ထဲမှာ ရေနွေးနွေးလေးဖြည့်ပြီး စိမ်နေလိုက်ရင်ဖြစ်ဖြစ် နာကျင်မှုတွေ လျော့ကျသွားပါလိမ့်မယ်..။

၂။ ယောဂကျင့်ပါ (သို့မဟုတ်) အားကစားလုပ်ပါ

ယောဂကျင့်ခြင်းက ခန္ဓာကိုယ်ရဲ့သွေးလှည့်ပတ်မှုကိုကောင်းစေပြီး စိတ်ဖိစီးမှုကိုလည်း တစ်ဖက်တစ်လမ်းက လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးတွေနဲ့ အားကစားမလုပ်တဲ့ အမျိုးသမီးတွေက ရာသီလာချိန်မှာ အဆိုးဆုံးခံစားရတာမို့ မိနစ်သုံးဆယ်လောက်ဖြစ်ဖြစ် လမ်းလျှောက်ပေးရင်လည်း နာကျင်မှုကို သက်သာစေပါတယ်။

၃။ တရားထိုင်ပါ

တရားထိုင်တာဟာလည်း စိတ်ကိုတည်ငြိမ်စေပြီး သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးတာမို့ ငါးမိနစ် ဆယ်မိနစ်ဖြစ်ဖြစ်၊ နာရီဝက်လောက်ဖြစ်ဖြစ် အချိန်ပေး တရားထိုင်ခြင်းကလည်း ထိရောက်တဲ့ ကုသမှုတစ်ခုပါပဲ။

၄။ ညင်သာစွာ နှိပ်နယ်ပေးပါ

တကယ်တော့ နှိပ်နယ်ပေးခြင်းကလည်း နာကျင်မှုကို လျော့ကျစေတယ်။ ညင်သာဖို့တော့ လိုတာပေါ့နော်..။ အထူးသဖြင့် – ခါးရိုးဆစ်ရဲ့ ဘေးဘက်တွေ၊ နောက်ပြီး ပုံမှာပြထားတဲ့ (Rn6) နေရာကို ဖိပြီးနှိပ်နယ်ပေးရမယ်။ ချက်ရဲ့ ဘေးနှစ်ဖက်ကို လက်ဖဝါးနဲ့ ဖိပြီး အပေါ်အောက် ညင်သာစွာ ပွတ်ဆွဲပေးရမယ်။ နောက်ပြီး လက်ညှိုးနဲ့လက်မကြားနေရာကို ဖျစ်ပြီး ဆိတ်လိုက်၊ နှိပ်ပေးလိုက် ပြုလုပ်ပေးရမယ်။ အဲ့လိုလုပ်ပေးခြင်းအားဖြင့် နာကျင်မှုတွေ လျော့ကျလာနိုင်ပါတယ်။

ဘယ်လို ကုသမလဲဆိုတာတော့ ဟုတ်ပါပြီ။ မဖြစ်အောင်ရော ဘယ်လိုကာကွယ်ကြမလဲ?

၅။ အစားအသောက်ထိန်းသိမ်းရမယ်

ဗီတာမင် E ပါတဲ့ အစားအသောက်တွေနဲ့ omega 3 သောက်ပေးသင့်ပါတယ်။ အသီးအရွက်နဲ့ အသီးအနှံတွေ များများစားစားပေးရမယ်။ နောက်ပြီး အချိုအငန်အဆီအစိမ့်တွေ၊ အယ်လ်ကိုဟောလ်ပါဝင်တဲ့ အစားအသောက်တွေ၊ ကဖိန်းဓာတ်များတဲ့ အစားအသောက်တွေကို တတ်နိုင်သလောက် ထိန်းပြီးစားသောက်ရမယ်။

၆။ လေ့ကျင့်ခန်းလုပ်ပါ

အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ရာသီသွေးပေါ်ချိန်အတွင်း မခံမရပ်နိုင်အောင်နာကျင်ရတာက သားအိမ်တစ်ဝိုက်သွေးလှည့်ပတ်မှု ပုံမှန်မဟုတ်တာကြောင့်ပါ။ ဘယ်လောက်ပဲ အချိန်မရှိဘူးဆိုဆို ဆယ့်ငါးမိနစ်၊ နာရီဝက်လောက်ဖြစ်ဖြစ် လမ်းလျှောက်ပေးပါ။ ဒါမှ ဒီဒုက္ခကြီးကနေ ကင်းဝေးနိုင်မှာ။

၇။ စိတ်အဖိစီးမခံပါနှင့်

စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးတွေက တကယ်ပဲ ဒီဝေဒနာကို ပိုခံစားကြရပါတယ်။ စိတ်နဲ့ ခန္ဓာဟာ ဆက်စပ်နေတာကြောင့် မိမိရဲ့စိတ်ကလည်း ကိုယ်ခန္ဓာအတွက် အရမ်းကိုအရေးကြီးတယ်နော်။ ဖြစ်နိုင်ရင် နေ့တိုင်း ညအိပ်ခါနီး ဒါမှမဟုတ် နိုးနိုးချင်း ဆယ့်ငါးမိနစ်လောက် တရားထိုင်ပေးပါ။ ဒါမှမဟုတ် ချော့ကလက်အနည်းငယ် စားပေးပါ။ ချော့ကလက်က စိတ်ဖိစီးမှုကို လျှော့ချနိုင်တယ်လေ။ ဒါပေမဲ့ တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း ဆင်ခြင်ဖို့တော့ လိုမယ်နော်။

ကဲ.. ဒါလေးကိုဖတ်ပြီး ယောင်းတို့ တစ်လတစ်ခါကြုံနေရတဲ့ စိတ်ဒုက္ခတွေကို လျှော့ချနိုင်မဲ့ နည်းလမ်းလေးတွေ သိရှိနိုင်ပါစေလို့ ဆုတောင်းပါတယ်လေ။ ဓမ္မတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်ကြပဲ လှပပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Credit:For Her Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top