iMyanmarHouse.com - Best Property Website for Myanmar
×






Credit:duwun


#Unicode Version
အမေရိကန်နိုင်ငံ Iowa တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ အသက် ၁၄ နှစ်မတိုင်မီကလေးတွေဟာ ရှုပ်နေတဲ့ လမ်းကို လုံခြုံစွာ ဖြတ်ကူးနိုင်တယ်လို့ တစ်ထစ်ချပြောလို့ မရဘူးလို့ ဆိုပါတယ်။

Iowa တက္ကသိုလ်က သုတေသနသမားတွေဟာ  ရှုပ်ခတ်နေတဲ့ တကယ်လက်တွေ့လမ်းပုံစံအတိုင်း ဖန်တီးပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသနမှာ ပါဝင်ခဲ့တဲ့ ကလေးတွေရဲ့ အသက်ဟာ  ၆၊ ၈၊ ၁၀၊ ၁၂ နဲ့ ၁၄ နှစ်အရွယ်တွေ ဖြစ်ပါတယ်။

တစ်နာရီ ကီလိုမီတာ ၄၀ နဲ့ မောင်းလာတဲ့ ပုံရိပ်ယောင်ယာဉ်တန်းတွေကြားမှာ လမ်းကူးရတာဖြစ်ပါတယ်။ လမ်းတွေရဲ့အကျယ်ဟာ ကိုးပေရှိတာလည်း ဖြစ်ပါတယ်။ ယာဉ်တစ်စီးနဲ့တစ်စီးကွာခြားချက်ဟာ နှစ်စက္ကန့်ကနေ ၅ စက္ကန့်ထိ ရှိတာ ဖြစ်ပါတယ်။

ငယ်ရွယ်တဲ့ ကလေးတွေဟာ လမ်းဖြတ်ကူးတဲ့အခါမှာ တိကျစွာခန့်မှန်းဖို့အတွက် အခက်အခဲတွေရှိတယ်လို့ သုတေသနသမားတွေက ပြောကြားထားပါတယ်။

ကလေးတွေဟာ သူတို့ရဲ့ ခြေလှမ်းနှုန်းတွေကိုလည်း  မှန်ကန်စွာ ခန့်မှန်းလျှောက်လှမ်းနိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ သုတေသနမှာ ရှစ်စက္ကန့်အတိုင်းခြောက်နှစ်သား ကလေးတစ်ဦး ယာဉ်တိုက်ခံရပြီး ရှစ်နှစ်သားတွေကတော့ ခြောက်စက္ကန့်တိုင်း တိုက်ခံရတာ ဖြစ်ပါတယ်။ ဆယ်နှစ်သား ၅ ရာခိုင်နှုန်းနဲ့ ၁၂ နှစ်သား ၂ ရာခိုင်နှုန်းခန့်လည်း ယာဉ်တိုက်ခံရတယ်လို့ သိရပါတယ်။

သုတေသနကို Experimental Psychology: Human Perception and Performance ဂျာနယ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

Credit:duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top