iMyanmarHouse.com - Best Property Website for Myanmar
×


အုန္းဆီဟာ အလွအပအတြက္ တကယ္ကိုအသံုး၀င္တယ္ဆိုတာ သင္သိၿပီးၿပီလား။ ဒီအေၾကာင္းဖတ္ၿပီးရင္ေတာ့ အုန္းဆီကို မျဖစ္မေန ေျပး၀ယ္ၾကမွာေသခ်ာပါတယ္။

အုန္းဆီကို အလွအပအတြက္ ဒီလိုအသံုးျပဳလိုက္ရေအာင္

အိပ္ယာမ၀င္ခင္မွာ အုန္းဆီကို ခႏၱာကိုယ္အႏွံ႔လိမ္းေပးၿပီးအိပ္ပါ။ အစားအေရေျခာက္ေသြ႔တာကို ျပန္လည္စိုေျပလာေစမွာျဖစ္ပါတယ္။ ပါးပါးပဲလိမ္းေပးရမွာပါ။ မနက္က်ရင္ေရခ်ိဳးပါ။ မ်က္ႏွာေပၚေတာ့ လိမ္းမအိပ္ပါနဲ႔။

ေပါင္းေဆး

အုန္းဆီကို ဆံပင္ေပါင္းေဆးအေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။ ေရမခ်ိဳးခင္မွာ အုန္းဆီကို ၁ နာရီေလာက္ ေခါင္းေပၚမွာ လိမ္းေပးၿပီး ေပါင္းေပးထားပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ခ်လိုက္ပါ။ ဆံသားေတြ ေတာက္ေျပာင္ၿပီး သန္စြမ္းလာမွာျဖစ္ပါတယ္။

မ်က္ႏွာသန္႔စင္ေဆး

အုန္းဆီကို မ်က္ႏွာသန္႔စင္ေဆးအေနနဲ႔ အသံုးျပဳလို႔ရပါတယ္။ မိတ္ကပ္ကို ဖယ္ရွားႏိုင္ၿပီး မ်က္ႏွာသစ္ဆပ္ျပာအေနနဲ႔လည္း မ်က္ႏွာသစ္ေပးႏိုင္ပါတယ္။ ဒါဆို အသားအေရစိုေျပၿပီး ေခၽြးေပါက္တြင္းက ဆဲလ္ေသေတြ အညစ္အေၾကးေတြကို ဖယ္ရွားေပးမွာပါ။

ေခၽြးနံ႔ေပ်ာက္ေဆး

အုန္းဆီကို ခ်ိဳင္းေခၽြးနံ႔ေပ်ာက္ေဆးအေနနဲ႔အသံုးျပဳႏိုင္ပါတယ္။ အုန္းဆီရယ္ အာသာလႊတ္ဥ အမႈန္႔ရယ္ မုန္႔ဖုတ္ဆိုဒါရယ္ ေရာၿပီး ၁၅ မိနစ္ေလာက္လိမ္းေပးထားပါ။ ၿပီးရင္ေရေဆးခ်ပါ။

ႏုတ္ခမ္းနီ

ႏုတ္ခမ္းကြဲတာေတြအတြက္ အုန္းဆီက အထူးသင့္ေတာ္ပါတယ္။

အေမြးရိပ္တဲ့ခရင္မ္

အုန္းဆီကို အေမြးရိပ္တဲ့ ခရင္မ္အေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။

မ်က္ခံုးေမြးထူထူရဖို႔

အုန္းဆီကို မ်က္ခံုးေမြးပါးတဲ့သူေတြအသံုးျပဳႏိုင္ပါတယ္။ မ်က္ခံုးေမြးကို သဘာ၀အတိုင္း ျပန္ေပါက္ေစလို႔ နည္းလမ္းေကာင္းတစ္ခုျဖစ္မွာပါ။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အုန်းဆီဟာ အလှအပအတွက် တကယ်ကိုအသုံးဝင်တယ်ဆိုတာ သင်သိပြီးပြီလား။ ဒီအကြောင်းဖတ်ပြီးရင်တော့ အုန်းဆီကို မဖြစ်မနေ ပြေးဝယ်ကြမှာသေချာပါတယ်။

အုန်းဆီကို အလှအပအတွက် ဒီလိုအသုံးပြုလိုက်ရအောင်

အိပ်ယာမဝင်ခင်မှာ အုန်းဆီကို ခန္တာကိုယ်အနှံ့လိမ်းပေးပြီးအိပ်ပါ။ အစားအရေခြောက်သွေ့တာကို ပြန်လည်စိုပြေလာစေမှာဖြစ်ပါတယ်။ ပါးပါးပဲလိမ်းပေးရမှာပါ။ မနက်ကျရင်ရေချိုးပါ။ မျက်နှာပေါ်တော့ လိမ်းမအိပ်ပါနဲ့။

ပေါင်းဆေး

အုန်းဆီကို ဆံပင်ပေါင်းဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ရေမချိုးခင်မှာ အုန်းဆီကို ၁ နာရီလောက် ခေါင်းပေါ်မှာ လိမ်းပေးပြီး ပေါင်းပေးထားပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဆံသားတွေ တောက်ပြောင်ပြီး သန်စွမ်းလာမှာဖြစ်ပါတယ်။

မျက်နှာသန့်စင်ဆေး

အုန်းဆီကို မျက်နှာသန့်စင်ဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။ မိတ်ကပ်ကို ဖယ်ရှားနိုင်ပြီး မျက်နှာသစ်ဆပ်ပြာအနေနဲ့လည်း မျက်နှာသစ်ပေးနိုင်ပါတယ်။ ဒါဆို အသားအရေစိုပြေပြီး ချွေးပေါက်တွင်းက ဆဲလ်သေတွေ အညစ်အကြေးတွေကို ဖယ်ရှားပေးမှာပါ။

ချွေးနံ့ပျောက်ဆေး

အုန်းဆီကို ချိုင်းချွေးနံ့ပျောက်ဆေးအနေနဲ့အသုံးပြုနိုင်ပါတယ်။ အုန်းဆီရယ် အာသာလွှတ်ဥ အမှုန့်ရယ် မုန့်ဖုတ်ဆိုဒါရယ် ရောပြီး ၁၅ မိနစ်လောက်လိမ်းပေးထားပါ။ ပြီးရင်ရေဆေးချပါ။

နုတ်ခမ်းနီ

နုတ်ခမ်းကွဲတာတွေအတွက် အုန်းဆီက အထူးသင့်တော်ပါတယ်။

အမွေးရိပ်တဲ့ခရင်မ်

အုန်းဆီကို အမွေးရိပ်တဲ့ ခရင်မ်အနေနဲ့ အသုံးပြုနိုင်ပါတယ်။

မျက်ခုံးမွေးထူထူရဖို့

အုန်းဆီကို မျက်ခုံးမွေးပါးတဲ့သူတွေအသုံးပြုနိုင်ပါတယ်။ မျက်ခုံးမွေးကို သဘာဝအတိုင်း ပြန်ပေါက်စေလို့ နည်းလမ်းကောင်းတစ်ခုဖြစ်မှာပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top