iMyanmarHouse.com - Best Property Website for Myanmar
×

မျက်နှာ မှာ အမွေးတွေပေါက်နေလို့ စိတ်ညစ်နေကြတဲ့ ပျိုမေတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။အချိန်ကုန်ခံ၊ငွေကုန်ခံဖို့ မ လိုပဲ သဘာဝပစ္စည်းလေးတွေသုံးပြီး အလွယ်လေး ဖယ်ရှားပစ်လိုက်လို့ ရပါတယ်။

(၁)နနွင်းနဲ့ဂျုံ

နနွင်းလက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ဂျုံလက်ဖက်ရည်ခွက်တစ်ခွက်ကို ရောပါ။ပြီး ရင်တော့ နွားနို့အနည်းငယ်(နှစ်စက်၊သုံးစက်)လောက် ထည့်ပြီး ရောပါ။ပြီးရင်ေ တာ့ သမအောင်နယ်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။အခြောက်ခံထားပါ။ မိနစ်(၂၀)လောက် ကြာရင်တော့ မျက်နှာကို ရေအေးနဲ့ဆေးချလိုက်ပါ။ဒီနည်း နဲ့မျက်နှာပေါ်မှာရှိတဲ့ အမွေးတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

(၂)သံပရိုရည်နဲ့ဂျုံ

သံပရိုရည်(၁၀)ဂရမ်၊ရေလက်ဖက်ရည်ခွက်တစ်ခွက်၊ဂျုံမှုန့်(၃၀)ဂရမ်ကို ရောပါ။ အဲ့ဒီသုံးမျိုးကို ပျစ်နှစ်သွားတဲ့အထိ နယ်ပေး၊ရောပေးရမှာပါ။ပြီးရင်တော့ မျက်နှာေ ပ်ါမှာ လိမ်းပေးပါ။မိနစ်(၃၀)လောက်ကြာရင် တဘက်နဲ့ဖယ်ရှားပေးပါ။ပြီးမှ မျက်နှာသစ်ပါ။ဒီနည်းကို တစ်ပတ်မှာ တစ်ကြိမ်(သို့)နှစ်ကြိမ်လောက် ပြုလုပ်ပေး ရင်တော့ မျက်နှာပေါ်က အမွေးတွေကို သိသိသာသာ ဖယ်ရှားပေးနိုင် မှာပါ။

(၃)ကြည်ဥ၊ပြောင်းမှုန့်

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥအကာ၊ပြောင်းမှုန့်နဲ့သကြားပါ။အဲ့ဒီ(၃)မျိုး ကို ရောနယ်ပါ။ပြီးရင်တော့ မျက်နှာပေါ်က အမွေးပေါက်နေတဲ့ နေရာကို လိမ်းေ ပးပါ။ခြောက်တဲ့ အထိထားပေးပါ။ပြီးရင်တော့ အမွေးပေါက်တဲ့ ဆန့်ကျင် ဘက်လားရာအတိုင်း ခွာချပစ်လိုက်ပါ။
Credit:shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top