iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္စိ ယားတာက ေန႔တိုင္း ႀကံဳေနရတဲ့ ျပႆနာပါပဲ။ မ်က္စိ ယားယံရတဲ့ အေၾကာင္းရင္းက ႏွစ္ခုရွိပါတယ္။ အေၾကာင္းရင္း တစ္ခုကေတာ့ သာမန္ပါပဲ။ မ်က္စိ ထဲကို ဖုန္ေတြ၊ သဲေတြ ဝင္တယ္။ မ်က္စိက ယားလာလို႔ လက္နဲ႔ ပြတ္လိုက္တယ္။ ဖုန္ေတြ၊ သဲေတြ ထြက္သြားေအာင္ မ်က္ စိကို သန္႔ရွင္းတဲ့ေရနဲ႔ အားရပါးရ ေဆးေပးလိုက္ရင္ ေပ်ာက္သြားပါလိမ့္မယ္။ ေနာက္တစ္ခုက ဓာတ္မတည့္မႈ ေၾကာင့္ မ်က္စိ ေရာဂါ ေဝဒနာ (Allergic Eye Disorder) ရၿပီး မ်က္စိယားတာ ျဖစ္ပါတယ္။ ဒါကေတာ့ ေရနဲ႔ေဆးလည္း မေပ်ာက္ပါဘူး။

ဓာတ္မတည့္မႈ ေၾကာင့္ မ်က္စိယားရင္ သာမန္ မ်က္စနီရာကေန မ်က္စိမႈန္တဲ့အထိ ျဖစ္တတ္ပါတယ္။ အေတာ္ က်ယ္ျပန္႔ပါတယ္။ တျခား ဓာတ္မတည့္မႈ ျဖစ္တဲ့ ေရာဂါေတြ (ဥပမာ- ပန္းနာရင္က်ပ္ ျဖစ္တာ၊ အေရျပား ေရာင္ရမ္းတာ) ေတြလိုပဲ ဒီေရာဂါကလည္း တစ္သက္လံုး မေပ်ာက္တဲ့ ေရာဂါမ်ိဳး၊ ရာသက္ပန္ကုဖို႔ လိုတဲ့ ေရာဂါမ်ိဳးပါ။ ျမန္မာျပည္မွာေတာ့ ဓာတ္မတည့္မႈေၾကာင့္ မ်က္စိေဝဒနာျဖစ္တာ သိပ္မေတြ႕ရပါဘူး။ ဆရာ့ဆီကို လာျပတဲ့ လူနာတခ်ဳိ႕ေတာ့ ရွိေပမယ့္ အဲဒီအထဲက တခ်ိဳ႕လူနာေတြဆိုရင္ အသက္ႀကီးလာတာနဲ႔ သူ႔အလိုလို ေပ်ာက္သြားတာမ်ိဳးေတာင္ ေတြ႕ဖူးပါတယ္။

တခ်ိဳ႕က်ေတာ့လည္း အသက္ႀကီးမွ ဓာတ္မတည့္မႈ ျဖစ္လာၿပီး ေဆးနဲ႔ ထိန္းႏိုင္တဲ့ အဆင့္မွာတင္ ရပ္သြားတာမ်ိဳး ရွိပါတယ္။ ဓာတ္မတည့္မႈေၾကာင့္ မ်က္စိ ယားရင္ မ်က္စိ က ႐ိုး႐ိုးနီ႐ံုပဲ နီတယ္၊ မ်က္ခြံကို လွန္ၾကည့္လိုက္ရင္ အနီစက္ (Papillae) ေတြ အမ်ားႀကီး ေတြ႕ရတတ္ပါတယ္။ ဒီထက္ပိုဆိုးလာရင္ မ်က္ၾကည္လႊာ ပတ္လည္မွာ ေသြးေၾကာေတြက နီရဲေနတတ္ပါတယ္။ တကယ္ေတာ့ မ်က္ၾကည္လႊာဆိုတာ ၾကည္လင္ၿပီး ထိုးေဖာက္ ျမင္ႏိုင္ရမယ္။ Clear and Transparent ျဖစ္ေနရပါမယ္။ အဲဒီလို မျဖစ္ဘဲ ေသြးေၾကာေတြ ဝင္လာတဲ့ အေျခအေနမွာဆုိရင္ မ်က္စိ က မႈန္သြားတတ္ပါတယ္။ ဓာတ္မတည့္မႈေၾကာင့္ မ်က္စိနီလာ၊ ယားလာရင္ ဓာတ္မတည့္မႈ ျဖစ္တဲ့အတြက္ H2 Receptor Blocker ေဆးျဖစ္တဲ့ Cromal ဆိုတဲ့ မ်က္စဥ္းေဆး ကို ေပးရပါတယ္။

ဒီေဆးကေတာ့ ေဘးထြက္ဆိုးက်ဳိး မရွိပါဘူး။ ဒီထက္ ပိုဆိုးလာတဲ့ အဆင့္မွာ စတီး႐ြိဳက္ မ်က္စဥ္းေဆးကို ေပးရပါတယ္။ ဒီေဆးကေတာ့ မ်က္စိအတြင္း ေရထုဖိအား (Intraocular Pressure) လည္း တက္ခ်င္ တက္ႏိုင္တဲ့ ေဘးထြက္ဆိုးက်ဳိး ရွိသလို မ်က္ၾကည္လႊာ ေပါက္တာ (Cornea Erosion) လည္း ျဖစ္ႏိုင္ပါတယ္။ ဒီလို ေဘးထြက္ဆိုးက်ိဳးေတြ ရွိတာေၾကာင့္ မ်က္စိအထူးကု ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္နဲ႔မွ ထည့္သင့္ပါတယ္။ ဒီလို မဟုတ္ရင္လည္း ဘာမီတြန္ (Burmeton) လို ေဆးမ်ိဳး ေသာက္လို႔ရပါတယ္။ ဒီလို ဓာတ္မတည့္မႈေၾကာင့္ မ်က္စိေဝဒနာ ျဖစ္ရင္ တစ္သက္လံုး ထိန္းခ်ဳပ္ႏိုင္ဖို႔ ရာသက္ပန္ ကုသမႈ ခံယူရမယ္ဆိုတာ လူနာေတြအေနနဲ႔ သိထားသင့္ပါတယ္။ ဓာတ္မတည့္မႈေၾကာင့္ မ်က္စိ ယားတာက ဘာအေၾကာင္းေတြေၾကာင့္ ျဖစ္လဲဆိုတာက ေျပာရခက္ပါတယ္။

ဥပမာအားျဖင့္ ပန္းနာရင္က်ပ္ ေရာဂါ ဆိုရင္လည္း ဓာတ္မတည့္မႈ ၾကာင့္ ျဖစ္တယ္ဆိုတာ သိေပမယ့္ ဘာနဲ႔ မတည့္တာလဲဆိုတာ မသိၾကသလိုမ်ိဳးပါပဲ။ စစ္ေဆးဖို႔ကလည္း မလြယ္ပါဘူး။ စမ္းသပ္လို႔ေတာ့ ရေပမယ့္ လူနာကိုပဲ သတိေပးထားရပါတယ္။ ဥပမာ ရာသီဥတု ကို ၾကည့္ရင္ ဘယ္ ရာသီ မွာ ပိုျဖစ္တတ္သလဲ ဆိုတာကို သတိထား ၾကည့္ရပါတယ္။ တခ်ဳိ႕ လူနာေတြဆိုရင္ မနက္ပိုင္းမွာ ပိုျဖစ္တတ္သလို တခ်ဳိ႕ လူနာ ေတြက်ေတာ့ ညေနပိုင္းမွာ ပိုျဖစ္တတ္တာမ်ဳိးလည္း ရွိပါတယ္။ ဒါကိုလည္း သတိထားခိုင္းရပါတယ္။ေနာက္တစ္ခုက အစားအေသာက္ကို သတိထားခိုင္းပါတယ္။ မႈိ၊ ပင္လယ္စာ စားရင္ ျဖစ္သလား၊ ဘယ္အစာစားရင္ ပိုျဖစ္သလဲ ဆိုတာကို ကိုယ့္ဘာသာ သတိထား ၾကည့္ခိုင္းရပါတယ္။ ေနာက္တစ္ခုက မ်က္ကပ္မွန္ တပ္တာေၾကာင့္ ျဖစ္တတ္ပါတယ္။ မ်က္ကပ္မွန္ ကို လုပ္ထားတဲ့ ပစၥည္း (Material) နဲ႔ မတည့္ရင္လည္း ျဖစ္တတ္ပါတယ္။

Credit: မ်က္စိအထူးကုဆရာဝန္ႀကီး ပါေမာကၡဦးတင္ဝင္း

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 #Unicode Version
မျက်စိ ယားတာက နေ့တိုင်း ကြုံနေရတဲ့ ပြဿနာပါပဲ။ မျက်စိ ယားယံရတဲ့ အကြောင်းရင်းက နှစ်ခုရှိပါတယ်။ အကြောင်းရင်း တစ်ခုကတော့ သာမန်ပါပဲ။ မျက်စိ ထဲကို ဖုန်တွေ၊ သဲတွေ ဝင်တယ်။ မျက်စိက ယားလာလို့ လက်နဲ့ ပွတ်လိုက်တယ်။ ဖုန်တွေ၊ သဲတွေ ထွက်သွားအောင် မျက် စိကို သန့်ရှင်းတဲ့ရေနဲ့ အားရပါးရ ဆေးပေးလိုက်ရင် ပျောက်သွားပါလိမ့်မယ်။ နောက်တစ်ခုက ဓာတ်မတည့်မှု ကြောင့် မျက်စိ ရောဂါ ဝေဒနာ (Allergic Eye Disorder) ရပြီး မျက်စိယားတာ ဖြစ်ပါတယ်။ ဒါကတော့ ရေနဲ့ဆေးလည်း မပျောက်ပါဘူး။

ဓာတ်မတည့်မှု ကြောင့် မျက်စိယားရင် သာမန် မျက်စနီရာကနေ မျက်စိမှုန်တဲ့အထိ ဖြစ်တတ်ပါတယ်။ အတော် ကျယ်ပြန့်ပါတယ်။ တခြား ဓာတ်မတည့်မှု ဖြစ်တဲ့ ရောဂါတွေ (ဥပမာ- ပန်းနာရင်ကျပ် ဖြစ်တာ၊ အရေပြား ရောင်ရမ်းတာ) တွေလိုပဲ ဒီရောဂါကလည်း တစ်သက်လုံး မပျောက်တဲ့ ရောဂါမျိုး၊ ရာသက်ပန်ကုဖို့ လိုတဲ့ ရောဂါမျိုးပါ။ မြန်မာပြည်မှာတော့ ဓာတ်မတည့်မှုကြောင့် မျက်စိဝေဒနာဖြစ်တာ သိပ်မတွေ့ရပါဘူး။ ဆရာ့ဆီကို လာပြတဲ့ လူနာတချို့တော့ ရှိပေမယ့် အဲဒီအထဲက တချို့လူနာတွေဆိုရင် အသက်ကြီးလာတာနဲ့ သူ့အလိုလို ပျောက်သွားတာမျိုးတောင် တွေ့ဖူးပါတယ်။

တချို့ကျတော့လည်း အသက်ကြီးမှ ဓာတ်မတည့်မှု ဖြစ်လာပြီး ဆေးနဲ့ ထိန်းနိုင်တဲ့ အဆင့်မှာတင် ရပ်သွားတာမျိုး ရှိပါတယ်။ ဓာတ်မတည့်မှုကြောင့် မျက်စိ ယားရင် မျက်စိ က ရိုးရိုးနီရုံပဲ နီတယ်၊ မျက်ခွံကို လှန်ကြည့်လိုက်ရင် အနီစက် (Papillae) တွေ အများကြီး တွေ့ရတတ်ပါတယ်။ ဒီထက်ပိုဆိုးလာရင် မျက်ကြည်လွှာ ပတ်လည်မှာ သွေးကြောတွေက နီရဲနေတတ်ပါတယ်။ တကယ်တော့ မျက်ကြည်လွှာဆိုတာ ကြည်လင်ပြီး ထိုးဖောက် မြင်နိုင်ရမယ်။ Clear and Transparent ဖြစ်နေရပါမယ်။ အဲဒီလို မဖြစ်ဘဲ သွေးကြောတွေ ဝင်လာတဲ့ အခြေအနေမှာဆိုရင် မျက်စိ က မှုန်သွားတတ်ပါတယ်။ ဓာတ်မတည့်မှုကြောင့် မျက်စိနီလာ၊ ယားလာရင် ဓာတ်မတည့်မှု ဖြစ်တဲ့အတွက် H2 Receptor Blocker ဆေးဖြစ်တဲ့ Cromal ဆိုတဲ့ မျက်စဉ်းဆေး ကို ပေးရပါတယ်။


ဒီဆေးကတော့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ဒီထက် ပိုဆိုးလာတဲ့ အဆင့်မှာ စတီးရွိုက် မျက်စဉ်းဆေးကို ပေးရပါတယ်။ ဒီဆေးကတော့ မျက်စိအတွင်း ရေထုဖိအား (Intraocular Pressure) လည်း တက်ချင် တက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုး ရှိသလို မျက်ကြည်လွှာ ပေါက်တာ (Cornea Erosion) လည်း ဖြစ်နိုင်ပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် မျက်စိအထူးကု ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှ ထည့်သင့်ပါတယ်။ ဒီလို မဟုတ်ရင်လည်း ဘာမီတွန် (Burmeton) လို ဆေးမျိုး သောက်လို့ရပါတယ်။ ဒီလို ဓာတ်မတည့်မှုကြောင့် မျက်စိဝေဒနာ ဖြစ်ရင် တစ်သက်လုံး ထိန်းချုပ်နိုင်ဖို့ ရာသက်ပန် ကုသမှု ခံယူရမယ်ဆိုတာ လူနာတွေအနေနဲ့ သိထားသင့်ပါတယ်။ ဓာတ်မတည့်မှုကြောင့် မျက်စိ ယားတာက ဘာအကြောင်းတွေကြောင့် ဖြစ်လဲဆိုတာက ပြောရခက်ပါတယ်။

ဥပမာအားဖြင့် ပန်းနာရင်ကျပ် ရောဂါ ဆိုရင်လည်း ဓာတ်မတည့်မှု ကြာင့် ဖြစ်တယ်ဆိုတာ သိပေမယ့် ဘာနဲ့ မတည့်တာလဲဆိုတာ မသိကြသလိုမျိုးပါပဲ။ စစ်ဆေးဖို့ကလည်း မလွယ်ပါဘူး။ စမ်းသပ်လို့တော့ ရပေမယ့် လူနာကိုပဲ သတိပေးထားရပါတယ်။ ဥပမာ ရာသီဥတု ကို ကြည့်ရင် ဘယ် ရာသီ မှာ ပိုဖြစ်တတ်သလဲ ဆိုတာကို သတိထား ကြည့်ရပါတယ်။ တချို့ လူနာတွေဆိုရင် မနက်ပိုင်းမှာ ပိုဖြစ်တတ်သလို တချို့ လူနာ တွေကျတော့ ညနေပိုင်းမှာ ပိုဖြစ်တတ်တာမျိုးလည်း ရှိပါတယ်။ ဒါကိုလည်း သတိထားခိုင်းရပါတယ်။နောက်တစ်ခုက အစားအသောက်ကို သတိထားခိုင်းပါတယ်။ မှို၊ ပင်လယ်စာ စားရင် ဖြစ်သလား၊ ဘယ်အစာစားရင် ပိုဖြစ်သလဲ ဆိုတာကို ကိုယ့်ဘာသာ သတိထား ကြည့်ခိုင်းရပါတယ်။ နောက်တစ်ခုက မျက်ကပ်မှန် တပ်တာကြောင့် ဖြစ်တတ်ပါတယ်။ မျက်ကပ်မှန် ကို လုပ်ထားတဲ့ ပစ္စည်း (Material) နဲ့ မတည့်ရင်လည်း ဖြစ်တတ်ပါတယ်။

Credit: မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဦးတင်ဝင်း

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top