iMyanmarHouse.com - Best Property Website for Myanmar
×

ေစ်းထဲမွာ အ၀ါေရာင္ ေျပာင္းဖူး ေတြ အျပင္ ခရမ္းေရာင္ ေျပာင္းဖူး ေတြကိုလည္း သင္ေတြ႕ဖူး၊၀ယ္ဖူးမွာပါ။ အဲဒါကို ပလို႔ေျပာင္း လို႔လည္း ေခၚၾကပါတယ္။ ခရမ္းေရာင္ ေျပာင္းဖူး ေတြမွာ ေရာင္ရမ္းမႈေလ်ာ့က်ေစတဲ့ အစြမ္းပါရွိတဲ့အတြက္ ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဓာတ္တိုးပစၥည္းေတြကို ဆန္႔က်င္ေပးတဲ့ ပီအိုနီဒင္၊ပီလာဂိုနီဒင္နဲ႔ ဆိုင္ယာနီဒင္-၃-ဂလူကိုဆိုက္လို႔ေခၚတဲ့ အင္တီေအာက္ဆီးဒင့္ သံုးမ်ဳိးလည္း ပါ၀င္ေနပါတယ္။ ဒီလိုအစြမ္းရွိတဲ့ ပလို႔ေျပာင္းကို ေလ့လာမႈအသီးသီး ျပဳလုပ္ခဲ့တဲ့အခါ ေအာက္ပါ က်န္းမာေရး ေကာင္းက်ဳိးေတြရွိတာကို ေတြ႕ရွိခဲ့ရပါတယ္။

(၁) အ၀လြန္ ေရာဂါအား ကာကြယ္ေပးျခင္း

ဂ်ပန္ရွိ ဒိုရွီရွားတကၠသိုလ္က ျပဳလုပ္တဲ့ ေလ့လာမႈတစ္ခုအရ ပလို႔ေျပာင္း မွာ အ၀လြန္ တာကို ဟန္႔တားေပးႏိုင္စြမ္းရွိတယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။ပလို႔ေျပာင္းမွာ အန္သိုဆိုင္ယာနင္C4Gပါ၀င္တဲ့အတြက္ အ၀လြန္ တာမျဖစ္ေအာင္ ကာကြယ္ေပးရတာျဖစ္ပါတယ္။အန္သိုဆိုင္ယာနင္C4Gဓာတ္က ႀကြက္ေတြမွာ အ၀လြန္ တာကို ဟန္႔တားေပးေၾကာင္း ေလ့လာေတြ႕ရွိၿပီးျဖစ္တဲ့အတြက္ လူေတြမွာလည္း အလားတူ အာနိသင္ရွိလိမ့္မယ္လို႔ သုေတသီေတြက ယံုၾကည္ေမွ်ာ္လင့္ထားပါတယ္။

(၂) ကင္ဆာကို ဟန္႔တားကာကြယ္ျခင္း

အိုဟိုင္းအိုးျပည္နယ္ တကၠသိုလ္ကျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရ ပလို႔ေျပာင္း မွာပါ၀င္တဲ့ အန္သိုဆိုင္ယာနင္ဓာတ္က ကင္ဆာဆဲလ္၂၀ရာခိုင္ႏႈန္းကို ေသေစတယ္လို႔ ဓာတ္ခြဲခန္းေလ့လာမႈအရ ေတြ႕ရွိခဲ့ရပါတယ္။

(၃) အိုမင္းမႈကို တားဆီးေပးႏိုင္ျခင္း

ပလို႔ေျပာင္း မွာ ဗီတာမင္အီးပါ၀င္မႈမ်ားတဲ့အတြက္ အေရျပားတင္းရင္းေစတဲ့ ေကာ္လာဂ်င္ကို က်န္းမာေစၿပီး အိုမင္းမႈကို ေႏွာင့္ေႏွးၾကန္႔ၾကာေစပါတယ္။ ေလ့လာမႈမ်ားစြာအရ ပလို႔ေျပာင္း မွာပါတဲ့ အန္သိုဆိုင္ယာနင္ဓာတ္က အေရျပားတင္းရင္းေစတဲ့ ေကာ္လာဂ်င္ကို က်န္းမာလွပေစၿပီး ခႏၶာကိုယ္ကေန ပိုက်န္းမာတဲ့ ဆဲလ္သစ္ေတြ ထြက္ရွိလာေအာင္ ကူညီေပးပါတယ္။

(၄) ေရာင္ရမ္းမႈကို ေလ်ာ့က်ေစျခင္း

တိုကိုင္းဂါကြန္းတကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရ ပလို႔ေျပာင္းမွာပါတဲ့ အန္သိုဆိုင္ယာနင္C4Gက ေရာင္ရမ္းမႈကိုေလ်ာ့က်ေစတဲ့ အစြမ္းရွိတယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။

(၅) ေသြးတိုးက်ေစျခင္း

ဒီေန႔ေခတ္မွာ က်န္းမာေရး နဲ႔ မညီၫြတ္တဲ့ ေနထိုင္စားေသာက္မႈပံုစံေၾကာင့္ လူအမ်ားစုဟာ ေသြးတိုးေရာဂါအျဖစ္ မ်ားလာေနပါတယ္။ ပလို႔ေျပာင္းဟာ ေသြးေၾကာနဲ႔ ေသြးလႊတ္ေၾကာ ပိတ္ဆို႔မႈကို ေလ်ာ့က်ေစတာေၾကာင့္ ေသြးတိုးတာနဲ႔ ေသြးတိုးေရာဂါတို႔ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ မေကာင္းတဲ့ ကိုလက္စထေရာကို ဓာတ္တိုးၿပီး အႏၲရာယ္မျပဳႏိုင္ေအာင္ ကူညီေပးပါတယ္။

Credit:healthylifejournalmyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ဈေးထဲမှာ အဝါရောင် ပြောင်းဖူး တွေ အပြင် ခရမ်းရောင် ပြောင်းဖူး တွေကိုလည်း သင်တွေ့ဖူး၊ဝယ်ဖူးမှာပါ။ အဲဒါကို ပလို့ပြောင်း လို့လည်း ခေါ်ကြပါတယ်။ ခရမ်းရောင် ပြောင်းဖူး တွေမှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်းပါရှိတဲ့အတွက် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်ပေးတဲ့ ပီအိုနီဒင်၊ပီလာဂိုနီဒင်နဲ့ ဆိုင်ယာနီဒင်-၃-ဂလူကိုဆိုက်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့် သုံးမျိုးလည်း ပါဝင်နေပါတယ်။ ဒီလိုအစွမ်းရှိတဲ့ ပလို့ပြောင်းကို လေ့လာမှုအသီးသီး ပြုလုပ်ခဲ့တဲ့အခါ အောက်ပါ ကျန်းမာရေး ကောင်းကျိုးတွေရှိတာကို တွေ့ရှိခဲ့ရပါတယ်။

(၁) အဝလွန် ရောဂါအား ကာကွယ်ပေးခြင်း

ဂျပန်ရှိ ဒိုရှီရှားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ပလို့ပြောင်း မှာ အဝလွန် တာကို ဟန့်တားပေးနိုင်စွမ်းရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ပလို့ပြောင်းမှာ အန်သိုဆိုင်ယာနင်C4Gပါဝင်တဲ့အတွက် အဝလွန် တာမဖြစ်အောင် ကာကွယ်ပေးရတာဖြစ်ပါတယ်။အန်သိုဆိုင်ယာနင်C4Gဓာတ်က ကြွက်တွေမှာ အဝလွန် တာကို ဟန့်တားပေးကြောင်း လေ့လာတွေ့ရှိပြီးဖြစ်တဲ့အတွက် လူတွေမှာလည်း အလားတူ အာနိသင်ရှိလိမ့်မယ်လို့ သုတေသီတွေက ယုံကြည်မျှော်လင့်ထားပါတယ်။

(၂) ကင်ဆာကို ဟန့်တားကာကွယ်ခြင်း

အိုဟိုင်းအိုးပြည်နယ် တက္ကသိုလ်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ပလို့ပြောင်း မှာပါဝင်တဲ့ အန်သိုဆိုင်ယာနင်ဓာတ်က ကင်ဆာဆဲလ်၂၀ရာခိုင်နှုန်းကို သေစေတယ်လို့ ဓာတ်ခွဲခန်းလေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။

(၃) အိုမင်းမှုကို တားဆီးပေးနိုင်ခြင်း

ပလို့ပြောင်း မှာ ဗီတာမင်အီးပါဝင်မှုများတဲ့အတွက် အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို ကျန်းမာစေပြီး အိုမင်းမှုကို နှောင့်နှေးကြန့်ကြာစေပါတယ်။ လေ့လာမှုများစွာအရ ပလို့ပြောင်း မှာပါတဲ့ အန်သိုဆိုင်ယာနင်ဓာတ်က အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ကို ကျန်းမာလှပစေပြီး ခန္ဓာကိုယ်ကနေ ပိုကျန်းမာတဲ့ ဆဲလ်သစ်တွေ ထွက်ရှိလာအောင် ကူညီပေးပါတယ်။

(၄) ရောင်ရမ်းမှုကို လျော့ကျစေခြင်း

တိုကိုင်းဂါကွန်းတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ပလို့ပြောင်းမှာပါတဲ့ အန်သိုဆိုင်ယာနင်C4Gက ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

(၅) သွေးတိုးကျစေခြင်း

ဒီနေ့ခေတ်မှာ ကျန်းမာရေး နဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် လူအများစုဟာ သွေးတိုးရောဂါအဖြစ် များလာနေပါတယ်။ ပလို့ပြောင်းဟာ သွေးကြောနဲ့ သွေးလွှတ်ကြော ပိတ်ဆို့မှုကို လျော့ကျစေတာကြောင့် သွေးတိုးတာနဲ့ သွေးတိုးရောဂါတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မကောင်းတဲ့ ကိုလက်စထရောကို ဓာတ်တိုးပြီး အန္တရာယ်မပြုနိုင်အောင် ကူညီပေးပါတယ်။

Credit:healthylifejournalmyanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top