iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ေခတ္ အမ်ိဳးသမီးေတြဟာ အရင္ကလို တစ္စံုတစ္ေယာက္ကို မွီခိုေနရတာ ႐ွားသထက္႐ွားလာတယ္။ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ၿပီး စိတ္ခံစားခ်က္ေတြကို မ်ိဳသိပ္ရင္း ႐ုန္းကန္႐ွင္သန္ေနၾကရတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ေဘးလူေတြအျမင္မွာေတာ့ သိပ္ကို ထက္ျမက္တယ္လို႔ ထင္ရပါတယ္။ ဒါေပမဲ့ သူတုိ႔ေတြမွာေရာ စိတ္ဓာတ္က်တာေတြ ၊ အားငယ္မႈေတြ မ႐ွိဘူးလား?

အ႐ြယ္ေရာက္ၿပီးတဲ့ အမ်ိဳးသမီးတစ္ဦးဟာ မိမိတိုးတက္ေရးအတြက္လည္း ကိုယ္တုိင္ပဲ အားထုတ္ပါတယ္။ ေလ့လာသင္ယူမႈေတြ၊ ႀကိဳးစားအားထုတ္မႈေတြက မနည္းလွပါဘူး။ ပင္ပန္းစရာေတြ ၾကံဳလာတုိင္းမွာ ကိုယ့္ကိုယ္ကိုယ္အားေပးရင္း ေန႔ရက္ေပါင္းမ်ားစြာကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ျဖတ္သန္းေနၾကရတာ။ အလုပ္မွာ အဆင္ေျပဖုိ႔၊ ဒီ့ထက္ပိုၿပီး အဆင္ေျပဖုိ႔ ႀကိဳးစားရတယ္။ က်န္းမာေရး၊ လူမႈေရးနဲ႔ မိသားစုကို ငဲ့ညႇာရတာေတြ မ်ားလာတဲ့အခါ ခံစားခ်က္ေတြကို ထုတ္ျပဖုိ႔လည္း ခဲယဥ္းလာတယ္။ ျပံဳးေနေပမဲ့ ေပ်ာ္ခ်င္မွေပ်ာ္မယ္။ စိတ္ပ်က္အားငယ္တာေတြအတြက္လည္း အခ်ိန္မေပးႏုိင္ေတာ့ဘူး။ မနက္မိုးလင္းတုိင္းမွာ ႏြမ္းနယ္မႈေတြနဲ႔ ႏိုးထလာရသည့္တုိင္ တစ္ေန႔တာကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္ဖုိ႔အတြက္ ကိုယ္တုိင္ပဲ အားတင္းရပါတယ္။

ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ေနရင္း အခက္အခဲေတြကို တစ္ေယာက္တည္း ရင္ဆုိင္ ေက်ာ္ျဖတ္ေနရတဲ့ အမ်ိဳးသမီးေတြကို ျမင္ရတာ တကယ္ကို ခ်ီးက်ဴးစရာပါ။ တစ္စံုတစ္ေယာက္ကို မွီခိုျခင္းမ႐ွိဘဲ ကိုယ္ပိုင္ခံယူခ်က္နဲ႔ ေ႐ွ႕ဆက္ေနၾကတာျဖစ္ၿပီး တစ္ဖက္သားအေပၚလည္း ကူညီတတ္ၾကပါေသးတယ္။

ေဘးအျမင္မွာ ထက္ျမက္တယ္လို႔မွတ္ခ်က္ခ်ခံရတဲ့ အမ်ိဳးသမီးေတြဟာ တကယ္တမ္းေတာ့ သူမ်ားအျမင္ေတြကိုလည္း သိပ္ၿပီးေခါင္းထဲထည့္ၾကတာ မဟုတ္ပါဘူး။ ဘယ္သူဘယ္လိုထင္ထင္ ကိုယ့္ဘဝနဲ႔ကိုယ္ ႐ွင္သန္ႏိုင္ေအာင္ ႀကိဳစားေနရတာပါ။ ဒါေပမဲ့ သူတို႔ေတြမွာလည္း ဝမ္းနည္းအားငယ္ရခ်ိန္ေတြ ႐ွိတတ္ပါတယ္။ ဘယ္သူ႔ကိုမွ စကားမေျပာခ်င္၊ မေတြ႔ခ်င္ဘဲ တစ္ေယာက္တည္း တိတ္ဆိတ္ၿငိမ္သက္ေနတတ္တဲ့ အခိုက္အတန္႔ေတြ ႐ွိတတ္ၾကတယ္။ မနက္ျဖန္ေတြ အမ်ားႀကီး က်န္ပါေသးတယ္လို႔ ကိုယ့္ကိုယ္ကိုယ္ အားေပးေနၾကရင္း ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ထားေနၾကရတာပါပဲေလ။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

 ဒီနေ့ခေတ် အမျိုးသမီးတွေဟာ အရင်ကလို တစ်စုံတစ်ယောက်ကို မှီခိုနေရတာ ရှားသထက်ရှားလာတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး စိတ်ခံစားချက်တွေကို မျိုသိပ်ရင်း ရုန်းကန်ရှင်သန်နေကြရတဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးလူတွေအမြင်မှာတော့ သိပ်ကို ထက်မြက်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ သူတို့တွေမှာရော စိတ်ဓာတ်ကျတာတွေ ၊ အားငယ်မှုတွေ မရှိဘူးလား?

အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတစ်ဦးဟာ မိမိတိုးတက်ရေးအတွက်လည်း ကိုယ်တိုင်ပဲ အားထုတ်ပါတယ်။ လေ့လာသင်ယူမှုတွေ၊ ကြိုးစားအားထုတ်မှုတွေက မနည်းလှပါဘူး။ ပင်ပန်းစရာတွေ ကြုံလာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်အားပေးရင်း နေ့ရက်ပေါင်းများစွာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းနေကြရတာ။ အလုပ်မှာ အဆင်ပြေဖို့၊ ဒီ့ထက်ပိုပြီး အဆင်ပြေဖို့ ကြိုးစားရတယ်။ ကျန်းမာရေး၊ လူမှုရေးနဲ့ မိသားစုကို ငဲ့ညှာရတာတွေ များလာတဲ့အခါ ခံစားချက်တွေကို ထုတ်ပြဖို့လည်း ခဲယဉ်းလာတယ်။ ပြုံးနေပေမဲ့ ပျော်ချင်မှပျော်မယ်။ စိတ်ပျက်အားငယ်တာတွေအတွက်လည်း အချိန်မပေးနိုင်တော့ဘူး။ မနက်မိုးလင်းတိုင်းမှာ နွမ်းနယ်မှုတွေနဲ့ နိုးထလာရသည့်တိုင် တစ်နေ့တာကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့အတွက် ကိုယ်တိုင်ပဲ အားတင်းရပါတယ်။

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေရင်း အခက်အခဲတွေကို တစ်ယောက်တည်း ရင်ဆိုင် ကျော်ဖြတ်နေရတဲ့ အမျိုးသမီးတွေကို မြင်ရတာ တကယ်ကို ချီးကျူးစရာပါ။ တစ်စုံတစ်ယောက်ကို မှီခိုခြင်းမရှိဘဲ ကိုယ်ပိုင်ခံယူချက်နဲ့ ရှေ့ဆက်နေကြတာဖြစ်ပြီး တစ်ဖက်သားအပေါ်လည်း ကူညီတတ်ကြပါသေးတယ်။

ဘေးအမြင်မှာ ထက်မြက်တယ်လို့မှတ်ချက်ချခံရတဲ့ အမျိုးသမီးတွေဟာ တကယ်တမ်းတော့ သူများအမြင်တွေကိုလည်း သိပ်ပြီးခေါင်းထဲထည့်ကြတာ မဟုတ်ပါဘူး။ ဘယ်သူဘယ်လိုထင်ထင် ကိုယ့်ဘဝနဲ့ကိုယ် ရှင်သန်နိုင်အောင် ကြိုစားနေရတာပါ။ ဒါပေမဲ့ သူတို့တွေမှာလည်း ဝမ်းနည်းအားငယ်ရချိန်တွေ ရှိတတ်ပါတယ်။ ဘယ်သူ့ကိုမှ စကားမပြောချင်၊ မတွေ့ချင်ဘဲ တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်နေတတ်တဲ့ အခိုက်အတန့်တွေ ရှိတတ်ကြတယ်။ မနက်ဖြန်တွေ အများကြီး ကျန်ပါသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေကြရင်း ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားနေကြရတာပါပဲလေ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top