iMyanmarHouse.com - Best Property Website for Myanmar
×
(၁)ရိုးသား၊ပွင့်လင်းပါ
(၄)သူ့ကိုပဲ အာရုံစိုက်
Credit:shwemom
ပို့သပေးပါတယ်။
#Unicode Version
တစ်စုံတစ်ယောက်ကို စိတ်ဝင်စားပြီဆိုတာနဲ့ သဝန်တို မနာလို စိတ်က နော က်မှာ ကပ်ပါလာတတ်ပါတယ်။ကိုယ်သဘောကျတဲ့ သူက တခြား တစ်ယောက် ကို စိတ်ဝင်စားအလေးပေးလာပြီဆိုတာနဲ့ သဝန်တိုစိတ်က အလိုလိုထွက်ပေါ် လာတတ်ပါတယ်။ဘာကြောင့်ခုလိုစိတ်ပေါ်လာရတာလဲ.?အလွယ်ဆုံး ပြောရရင်တော့ သဝန်တိုစိတ်ဆိုတာ အချစ်ရဲ့ Side effect တစ်ခုပါ။အဲ့ဒီလို သဝန်တိုစိတ်ဝင်ရင် ကံယကံရှင်ကိုရော၊သဝန်တိုခံရတဲ့သူ နှစ်ယောက်လုံးကိုပါ ပူလောင်စေတတ်ပါတယ်။ဒါကြောင့် သဝန်တိုစိတ်ကို ထိန်းချုပ်နိုင်တဲ့ နည်း လမ်းတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁)ရိုးသား၊ပွင့်လင်းပါ
သဝန်တိုစိတ်ကို ကိုင်တွယ်ဖြေရှင်းနည်း သင်ယူသင့်သလား.?ဒါကတော့ လူအပေါ်မှာ ပဲ မူတည်ပါတယ်။အရင်ဆုံးလုပ်ရမှာက သဝန်တိုစိတ် ကို ဘယ် လိုမောင်းထုတ်မလဲ စဉ်းစားပါ။ကိုယ့်ချစ်သူက ကိုယ့်ကို ဘာကြောင့် ချစ်ခဲ့တာ လဲစဉ်းစားပါ။တကယ့်တော့ သဝန်တိုတယ်ဆိုတာဟာ ကိုယ့်ကိုယ်ကို ယုံကြည် မှုမရှိလို့ပါ။နောက်တစ်ခုစဉ်းစားပါ။အခုကျမှ ဘာကြောင့် ကိုယ့်ကိုယ်ကို ယုံကြ ည်မှုပြန်လည်တည်ဆောက်ဖို့ သင်စဉ်းစားနေရတာလဲ.?သင်တို့ Relati on ship ကြားမှာ တစ်ခုခုလွဲချော်တာတွေရှိလို့လား.? သင့်ချစ်သူက သင့်ကို မချစ်ေ တာ့မှာစိုးရိမ်နေရအောင် အဲ့ဒီလို စိုးရိမ်လောက်စရာ ကိစ္စရှိ လို့လား .? အကော င်းဆုံးကတော့ သင်တို့နှစ်ယောက်ကြားထဲမှာ ပွင့်လင်း ရိုးသား လိုက် ပါ။သဝန် တိုစိတ်ကို ဒီတိုင်းကြီးမျိုသိပ်တာထက် ကိုယ့်စိတ်ထဲက ခံစား ချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်တာ အကောင်းဆုံးပါ။
(၂)ဆက်ဆံပြောဆိုမှု(Communication)
Communication ဆိုတာ relationship  တိုင်းအတွက် အဓိက ကျတဲ့ အရာတစ်ခုပါ။ကိုယ့်ချစ်သူက တစ်ခုခုကို လုပ်လို့ စိတ်ထဲမှာ နည်းနည်း စိတ် ကသိကအောက်ဖြစ်ရတာရှိခဲ့ရင် ဖွင့်ပြောပြပါ။ကိုယ့်စိတ်ထဲမှာပဲ မျိုသိပ် ထား မယ်ဆိုရင် ဒါတွေဟာ ကြာလာရင် တအုံ့နွေးနွေးဖြစ်လာပြီး စုပုံလာရင် Relat ionship တစ်ခုကို ပျက်စီးစေတတ်တဲ့ အထိအခြေအနေဆိုးနိုင်ပါတယ်။ တခြား လူတစ်ယောက်နဲ့ခဏလေးစကားပြောတာကိုတောင်မှ စိတ်ထဲမှာ ဒီလောက် ဖြစ်နေရင် ရေရှည်မှာ ခံစားချက်တွေကို ဖုံးထားဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင် ပါဘူး။ဖွင့်ချလိုက်ပါ။ရိုးသားစွာပြောပါ။ဘာတွေကို စိုးရိမ်တယ်၊ဘာတွေကို စိတ်ပူနေတယ်ဆိုတာကို ပြောပြလိုက်ပါ။ဒါဟာ အကောင်းဆုံးနည်းပါ။တစ်ခုရှိပါ တယ်။ကိုယ်ကပြောရုံသက်သက် မဟုတ်ပဲ။နားထောင်တတ်သူဖြစ်ဖို့လည်း လိုပါတယ်။ကိုယ်ပြောချင်တာပြောရုံနဲ့မရပါဘူး။သူပြောလာမှာကိုလည်း အေးေ အးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့နားထောင်ပေးပါ။
(၃)သူနဲ့ကိုယ်နဲ့ကြားက အချစ်ကိုပဲ အာရုံစိုက်ပါ
လူတွေပြောနေကြသလိုပါ။ဟုတ်ပါတယ်။သဝန်တိုတာ ချစ်လို့ပါ။ကိုယ်ချစ်တဲ့ သူအပေါ် သဝန်တိုတာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ။ဒါပေမယ့် Relationship တစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦး ယုံကြည်စိတ်ချမှုတွေနဲ့ပို ခိုင်မာလာရင် သဝန်တိုစိတ်ဆိုတာ့ ပျောက်သွားပါလိမ့်မယ်။သဝန်တိုစိတ်တွေ ဝင်မိလို့ “ငါမရင့်ကျက်လို့ ဒီလိုစိတ်ဝင်တာလား.?”ဆိုပြီး ကိုယ့်ကိုယ်ကို တွေးပြီး ရှက်ဖို့ လုံးဝမလိုပါဘူး။အဓိကကတော့ ကိုယ့်ရဲ့ အချစ်ခရီးလမ်းကိုပဲ ကိုယ် အာရုံစိုက်ပါ။ဘေးကဟာတွေကို မေ့ထားပါ။တကယ်လို့ အဲ့ဒီလိုတွေးတာေ တာင်မှ သဝန်တိုစိတ်က ထိန်းမရပဲ ဖြစ်နေရင်တော့ ဖြည်းဖြည်းချင်း စိတ်ေ လျှာ့ပါ။
(၄)သူ့ကိုပဲ အာရုံစိုက်
တခါတလေမှာတော့ ကိုယ့်ရဲ့ ချစ်သူက ကိုယ့်အပေါ်မှာ သိပ်ဂရုမစိုက်တော့ ဘူးဆိုပြီး စိတ်ထဲမှာ ထင်မိလာတာမျိုးတွေရှိတတ်ပါတယ်။ဘယ် Relatio nship မှာမှ အမြဲတမ်းသွေးဆူပြီး အချစ်မီးတွေ အမြဲတောက် မနေနိုင်ပါဘူး။ ဒီလို ဖြစ်လို့လဲ စိတ်ပူဖို့ မလိုပါဘူး။အဲ့ဒီလို သူ့ဘက်က အမူအယာတွေကို မြင်တာနဲ့ သင့်စိတ်ထဲမှာ စိုးရိမ်လာတာ၊စိတ်ပူလာတာမျိုး ဖြစ်ဖို့ မလိုပါဘူး။ သူ့ရဲ့ အမူအယာနဲ့ပတ်သက်ပြီး စိတ်ထဲမှာ တစ်ခုခုကို စိတ်အလိုမကျတာ ဖြစ်လာရင်တော့ အကောင်းဆုံးကဖွင့်ပြောပါ။
(၅)သဝန်တိုတဲ့ ချစ်သူနဲ့ပြေလည်အောင် ဘယ်လိုညှိမလဲ.?
တကယ်လို့ ကိုယ့်ချစ်သူက ကိုယ့်အပေါ် သဝန်တိုစိတ်ဖြစ်နေပြီဆိုရင်တော့ သူ့ရဲ့ ပူပန်မှုတွေ ပြေပျောက်အောင် ကြိုးစားပေးလိုက်ပါ။သူ့ဘက်က သဝန်တို လို့ ပြောလာတဲ့ စကားအပေါ် ဒေါသတကြီး တုံ့ပြန်တာမျိုး မလုပ်ပါနဲ့။သင့်ဘက် က ပြေပြောလည်လည် မရှင်းပြပဲ စိတ်ဆိုးတဲ့ပုံ၊စိတ်မရှည်တဲ့ ပုံမျိုးနဲ့ တုံ့ပြန် လို က်ရင် သူ့ရဲ့ သဝန်တိုစိတ်ကို ပိုနှိုးဆွပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ကိုယ့် ချစ်သူရဲ့ စကားကို နားထောင်ပေးပါ။ဘာလို့ သဝန်တိုရလဲဆိုတဲ့ အကြောင်းပြ ချက်ကိုပါ နားထောင်ပါ။သူမပြောရင်တောင် ဖွင့်မေးလိုက်ပါ။တတ်နိုင်ရင် ချစ်သူရဲ့ သဝန်တိုစိတ်တွေလျော့သွားအောင် သူအတွက် အချိန်ပိုပေးပါ။ သင့်ဘ က်ကနေ မရည်ရွယ်ပဲ ဂရုမစိုက်သလို ဖြစ်သွားမိတာပဲ ဖြစ်ဖြစ်၊ ဘာအကြော င်းကြောင့်ပဲ အထင်လွဲစရာလေးတွေ ဖြစ်ခဲ့ဖြစ်ခဲ့ အဓိက ကတော့ အချိန်မီြ ပုပြင်ပါ။
Credit:shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top