iMyanmarHouse.com - Best Property Website for Myanmar
×

အခုေခတ္ေနာက္ပိုင္း စမတ္ဖုန္း ေတြထြန္းကားလာတာနဲ႔ အမွ် လူေတာ္ေတာ္မ်ားမ်ားက စမတ္ဖုန္း နဲ႔ တစ္သားထဲက်သြားပါတယ္။ ကိုယ့္ေနထိုင္မႈ ဘ၀ထဲမွာ စမတ္ဖုန္းဟာ မရွိမျဖစ္ေလာက္ ေနရာယူေနပါျပီ။ အဲဒီေတာ့ ေနာက္ပိုင္းပိုဆိုးတာက အိပ္ရာထဲအထိ ယူေဆာင္သြားၾကတာေတြပါ၊ ဒီအခ်က္ေလးေတြကေတာ့ သင့္ဖုန္းကို အိပ္ရာထဲမယူသြားပဲနဲ႔ တစ္ပါတ္ေနလိုက္တယ္ဆိုရင္ သယ္ဘယ္လိုအက်ိဳးရလဒ္ေတြရမလဲ ဆိုတာကိုပါ။

အိပ္မေပ်ာ္ျဖစ္မယ္ အထီးက်န္သလို ခံစားရမယ္


က်န္းမာေရး ဆိုးက်ိဳးတစ္ခုေတာ့ မဟုတ္ပါဘူး။ သင္အရင္က ဖုန္း ယူသြားျပီး ဆုိရွယ္မီဒီယာေတြအေပၚမွာ အခ်ိန္ေတြ မသိကုန္သြားတာမ်ိဳးေတြေၾကာင့္ ဖုန္းမရွိေတာ့တဲ့အခါမွာ သင္ဟာ အခ်ိန္ေတြပိုေနသလိုျဖစ္ေနပါမယ္။ ေနာက္ျပီး သူငယ္ခ်င္းေတြနဲ႔ စကားေျပာရတာမ်ိဳး မရွိတဲ့ အတြက္ အထီးက်န္ သလိုျဖစ္ပါမယ္။ မစိုးရိမ္ပါနဲ႔ ဒါက သံုးေလးည ျဖစ္ျပီးေနာက္ေပ်ာက္ကြယ္သြားမယ့္ အက်င့္ပါ။ ျပီးေတာ့ ဒါက တကယ္ အထီးက်န္ တာလဲ မဟုတ္ပါဘူး သင့္အလုပ္မွာ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြ၊ သင့္ကိုယ္ပိုင္အခ်ိန္မွာ သူငယ္ခ်င္းေတြ၊ သားသမီးေတြနဲ႔ အခ်ိန္ေပးျပီးျပီဘဲ သင့္အိပ္ခ်ိန္ကိုပါ သူတို႔ကို ဖဲ့မေပးနိုင္တာက အထီးက်န္တာမဟုတ္ပါဘူး။

အိပ္မက္ ေတြ မက္လာမယ္

ဖုန္း ေတြ အိပ္ခါနီးၾကည့္ျပီး အရမ္းမ်က္စီေညာင္းမွ အိပ္ေပ်ာ္သြားတတ္ပါတယ္။ အရင္ကေပါ့။ အခုေတာ့ ကိုယ့္ အိပ္ခ်ိန္နဲ႔ ကိုယ္ျဖစ္သြားတဲ့အတြက္ေၾကာင့္ အိပ္ခ်ိန္တိုးလာျပီး ဦးေႏွာက္ နဲ႔ မွတ္ဥာဏ္ေတြဟာ ပိုျပီး အလုပ္လုပ္ဖို႔ အခ်ိန္ရသြားပါျပီ၊ ဒီအတြက္ အိပ္မက္ ေတြ မက္ျပီး အိပ္ယာနိုးရင္ ျပန္မွတ္မိေနမွာပါ။ သရဲတစ္ေကာင္ ေျခာက္လွန္႕တဲ့ အိပ္မက္ျဖစ္ျဖစ္ မင္းသားေလးနဲ႔ နန္းေတာ္မွာ တြဲကတဲ့ အိပ္မက္ျဖစ္ျဖစ္ေပါ့။


စိတ္ဖိစီးမႈေတြ ေလ်ာ့လာမယ္္


ညလဲ အိပ္ခါနီး ဖုန္း ၾကည့္ မနက္လဲ မ်က္စိႏွစ္လံုးပြင့္တာနဲ႔ ဖုန္းဖြင့္ျပီး ဘယ္သူေတြ ဘာေတြ ျပန္ေျပာထားလဲ၊ ဘာ React ေတြ လုပ္သြားလဲ ဆိုတာေတြ ကို အရင္က ထၾကည့္ခဲ့ရပါတယ္။ အခုေတာ့ စိတ္ဖိစီးမႈေတြ ေလ်ာ့ သြားသလို ခံစားရမယ္။ ေနာက္ျပီး အိပ္ခ်ိန္နည္းတာကလဲ စိတ္ဖိစီးမႈ ေတြျဖစ္ေစတာမို႔ သိသာတဲ့ ေျပာင္းလဲမႈကို ခံစားရမွာပါ။ ေနာက္ျပီး ညည အီးေမးစစ္တာမ်ိဳးေတြ အလုပ္အီးေမးလ္ ေတြမ်ိဳးကို မစစ္ရေတာ့ စိတ္ဖိစီးမႈနည္းသြားနိုင္ပါတယ္။ သင္အိပ္ေနတဲ့အခ်ိန္မွ အီးေမးလ္ပို႔တာကို မၾကည့္မိတာ သင့္အမွားမဟုတ္ပါဘူး။

ပိုအိပ္ရမယ္

အိပ္ခါနီး ဖုန္း မၾကည့္လို႔ ပိုအိပ္ေရး၀မယ္။ ဒါ့အျပင္ တစ္ခ်ိဳ႔သူေတြဟာ ဖုန္း ကို ေဘးနားထားအိပ္ျပီး အိပ္မေပ်ာ္တိုင္း၊ တစ္ေရးနို္းတိုင္း ထထၾကည့္ ျပီးရင္ အခ်ိန္ေတြ ကုန္မွန္းမသိကုန္ျပီး အိပ္ခ်ိန္ေလ်ာ့သြားတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ မို႔ ဖုန္း မယူအိပ္တဲ့အခါ တစ္ေရးနိုးရင္ေတာင္ ျပန္အိပ္ေပ်ာ္ဖို႔ အခြင့္အေရးမ်ားပါတယ္။

က်န္းမာလာသလို ခံစားရမယ္

ခံစားရတာမဟုတ္ပါဘူး။ က်န္းမာလာတာပါ။ တစ္ေန႔ကို လံုေလာက္တဲ့ အိပ္ခ်ိန္ရွိတဲ့ အတြက္ ရရွိလာနိုင္တဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြကို ခံစားလာရမွာျဖစ္ပါတယ္။

ပိုမိုစြမ္းေဆာင္နိုင္မယ္

ညဘက္ေနာက္က်မွအိပ္ မနက္ မထခ်င္ထခ်င္ထျပီး အလုပ္သြားတာထက္ အိပ္ေရး၀၀နဲ႔ အလုပ္သြားတာေၾကာင့္ စြမ္းေဆာင္ရည္ပိုျမင့္လာေစပါတယ္။ အဓိက အေၾကာင္းကေတာ့ ေခါင္းၾကည္ေနတာေၾကာင့္ ပိုျပီး အေကာင္းျမင္တတ္လာမွာျဖစ္ပါတယ္။

ကဲဒါတပါတ္ေလာက္ ဖုန္း ကို အိပ္ရာထဲ မယူဘဲ အိပ္လို႔ရလာတဲ့ အက်ိုးေက်းဇူး ေလးေတြပဲ ရွိေသးတယ္ေနာ္။ ဒီစာေလးဖတ္ျပီးေတာ့ ကိုယ္ေကာ အိပ္ရာထဲ ဖုန္း ကို ယူမိေနျပီလား၊ ကိုယ့္ အိပ္ခ်ိန္ေတြကို သူမ်ားေတြကို ေပးေနမိျပီလား ဆိုတာေတြးျပီးေတာ့ ဒီညေတာ့ ဖုန္း ေလးကို အိမ္ ေရွ႔စားပြဲေပၚမွာ ထားျပီး အိပ္ရာ၀င္ေတာ့ေနာ္။

Credit: ေမာင္စိုင္း(kanaung)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အခုခေတ်နောက်ပိုင်း စမတ်ဖုန်း တွေထွန်းကားလာတာနဲ့ အမျှ လူတော်တော်များများက စမတ်ဖုန်း နဲ့ တစ်သားထဲကျသွားပါတယ်။ ကိုယ့်နေထိုင်မှု ဘဝထဲမှာ စမတ်ဖုန်းဟာ မရှိမဖြစ်လောက် နေရာယူနေပါပြီ။ အဲဒီတော့ နောက်ပိုင်းပိုဆိုးတာက အိပ်ရာထဲအထိ ယူဆောင်သွားကြတာတွေပါ၊ ဒီအချက်လေးတွေကတော့ သင့်ဖုန်းကို အိပ်ရာထဲမယူသွားပဲနဲ့ တစ်ပါတ်နေလိုက်တယ်ဆိုရင် သယ်ဘယ်လိုအကျိုးရလဒ်တွေရမလဲ ဆိုတာကိုပါ။

အိပ်မပျော်ဖြစ်မယ် အထီးကျန်သလို ခံစားရမယ်

ကျန်းမာရေး ဆိုးကျိုးတစ်ခုတော့ မဟုတ်ပါဘူး။ သင်အရင်က ဖုန်း ယူသွားပြီး ဆိုရှယ်မီဒီယာတွေအပေါ်မှာ အချိန်တွေ မသိကုန်သွားတာမျိုးတွေကြောင့် ဖုန်းမရှိတော့တဲ့အခါမှာ သင်ဟာ အချိန်တွေပိုနေသလိုဖြစ်နေပါမယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောရတာမျိုး မရှိတဲ့ အတွက် အထီးကျန် သလိုဖြစ်ပါမယ်။ မစိုးရိမ်ပါနဲ့ ဒါက သုံးလေးည ဖြစ်ပြီးနောက်ပျောက်ကွယ်သွားမယ့် အကျင့်ပါ။ ပြီးတော့ ဒါက တကယ် အထီးကျန် တာလဲ မဟုတ်ပါဘူး သင့်အလုပ်မှာ သင့်လုပ်ဖော်ကိုင်ဖက်တွေ၊ သင့်ကိုယ်ပိုင်အချိန်မှာ သူငယ်ချင်းတွေ၊ သားသမီးတွေနဲ့ အချိန်ပေးပြီးပြီဘဲ သင့်အိပ်ချိန်ကိုပါ သူတို့ကို ဖဲ့မပေးနိုင်တာက အထီးကျန်တာမဟုတ်ပါဘူး။

အိပ်မက် တွေ မက်လာမယ်

ဖုန်း တွေ အိပ်ခါနီးကြည့်ပြီး အရမ်းမျက်စီညောင်းမှ အိပ်ပျော်သွားတတ်ပါတယ်။ အရင်ကပေါ့။ အခုတော့ ကိုယ့် အိပ်ချိန်နဲ့ ကိုယ်ဖြစ်သွားတဲ့အတွက်ကြောင့် အိပ်ချိန်တိုးလာပြီး ဦးနှောက် နဲ့ မှတ်ဉာဏ်တွေဟာ ပိုပြီး အလုပ်လုပ်ဖို့ အချိန်ရသွားပါပြီ၊ ဒီအတွက် အိပ်မက် တွေ မက်ပြီး အိပ်ယာနိုးရင် ပြန်မှတ်မိနေမှာပါ။ သရဲတစ်ကောင် ခြောက်လှန့်တဲ့ အိပ်မက်ဖြစ်ဖြစ် မင်းသားလေးနဲ့ နန်းတော်မှာ တွဲကတဲ့ အိပ်မက်ဖြစ်ဖြစ်ပေါ့။


စိတ်ဖိစီးမှုတွေ လျော့လာမယ်

ညလဲ အိပ်ခါနီး ဖုန်း ကြည့် မနက်လဲ မျက်စိနှစ်လုံးပွင့်တာနဲ့ ဖုန်းဖွင့်ပြီး ဘယ်သူတွေ ဘာတွေ ပြန်ပြောထားလဲ၊ ဘာ React တွေ လုပ်သွားလဲ ဆိုတာတွေ ကို အရင်က ထကြည့်ခဲ့ရပါတယ်။ အခုတော့ စိတ်ဖိစီးမှုတွေ လျော့ သွားသလို ခံစားရမယ်။ နောက်ပြီး အိပ်ချိန်နည်းတာကလဲ စိတ်ဖိစီးမှု တွေဖြစ်စေတာမို့ သိသာတဲ့ ပြောင်းလဲမှုကို ခံစားရမှာပါ။ နောက်ပြီး ညည အီးမေးစစ်တာမျိုးတွေ အလုပ်အီးမေးလ် တွေမျိုးကို မစစ်ရတော့ စိတ်ဖိစီးမှုနည်းသွားနိုင်ပါတယ်။ သင်အိပ်နေတဲ့အချိန်မှ အီးမေးလ်ပို့တာကို မကြည့်မိတာ သင့်အမှားမဟုတ်ပါဘူး။

ပိုအိပ်ရမယ်

အိပ်ခါနီး ဖုန်း မကြည့်လို့ ပိုအိပ်ရေးဝမယ်။ ဒါ့အပြင် တစ်ချို့သူတွေဟာ ဖုန်း ကို ဘေးနားထားအိပ်ပြီး အိပ်မပျော်တိုင်း၊ တစ်ရေးနိုးတိုင်း ထထကြည့် ပြီးရင် အချိန်တွေ ကုန်မှန်းမသိကုန်ပြီး အိပ်ချိန်လျော့သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မို့ ဖုန်း မယူအိပ်တဲ့အခါ တစ်ရေးနိုးရင်တောင် ပြန်အိပ်ပျော်ဖို့ အခွင့်အရေးများပါတယ်။

ကျန်းမာလာသလို ခံစားရမယ်

ခံစားရတာမဟုတ်ပါဘူး။ ကျန်းမာလာတာပါ။ တစ်နေ့ကို လုံလောက်တဲ့ အိပ်ချိန်ရှိတဲ့ အတွက် ရရှိလာနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားလာရမှာဖြစ်ပါတယ်။

ပိုမိုစွမ်းဆောင်နိုင်မယ်

ညဘက်နောက်ကျမှအိပ် မနက် မထချင်ထချင်ထပြီး အလုပ်သွားတာထက် အိပ်ရေး၀၀နဲ့ အလုပ်သွားတာကြောင့် စွမ်းဆောင်ရည်ပိုမြင့်လာစေပါတယ်။ အဓိက အကြောင်းကတော့ ခေါင်းကြည်နေတာကြောင့် ပိုပြီး အကောင်းမြင်တတ်လာမှာဖြစ်ပါတယ်။

ကဲဒါတပါတ်လောက် ဖုန်း ကို အိပ်ရာထဲ မယူဘဲ အိပ်လို့ရလာတဲ့ အကျိုးကျေးဇူး လေးတွေပဲ ရှိသေးတယ်နော်။ ဒီစာလေးဖတ်ပြီးတော့ ကိုယ်ကော အိပ်ရာထဲ ဖုန်း ကို ယူမိနေပြီလား၊ ကိုယ့် အိပ်ချိန်တွေကို သူများတွေကို ပေးနေမိပြီလား ဆိုတာတွေးပြီးတော့ ဒီညတော့ ဖုန်း လေးကို အိမ် ရှေ့စားပွဲပေါ်မှာ ထားပြီး အိပ်ရာဝင်တော့နော်။

Credit: မောင်စိုင်း(kanaung)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top