iMyanmarHouse.com - Best Property Website for Myanmar
×

မိသားစုတစ္စုရဲ႕ ၾကည္ႏူးေပ်ာ္ရႊင္မႈ၊ အဆင္ေျပသာယာမႈေတြကို အျမဲေတြ႔ေနရၿပီဆိုရင္ ဒါဟာ ေသခ်ာပါတယ္။ မိဘႏွစ္ပါးေၾကာင့္ပါ။ မိဘႏွစ္ပါး အဆင္ေျပေနၿပီဆိုရင္ အဲဒီမိသားစုရဲ႕ ပံုရိပ္ဟာလည္း ေအးခ်မ္းေနတာပါပဲ။ အဲဒီလိုမဟုတ္ဘဲ မိဘႏွစ္ပါးက ေအာ္ဟစ္ဆူပူလိုက္ၾက၊ ရိုက္ႏွက္လုိက္ၾကနဲ႔ ရန္ျဖစ္ေနၿပီဆုိရင္ မိသားစုဝင္ေတြအားလံုးဟာ ဘယ္လိုမွမေပ်ာ္ရႊင္ႏိုင္ၾကေတာ့ပါဘူး။ အထူးသျဖင့္ သားသမီးေတြပါ။ သားသမီးေတြဟာ မိဘေတြရဲ႕ မ်က္ႏွာရိပ္ မ်က္ႏွာကဲကို အျမဲၾကည့္႐ႈေနတတ္ၾကသူေတြပါ။

မိဘေတြက သားသမီးေတြရဲ႕ မ်က္ႏွာရိပ္ မ်က္ႏွာကဲကုိ ဂရုစိုက္ၾကည့္႐ႈတတ္ၾကသလိုပဲ သားသမီးေတြကလည္း မိဘေတြရဲ႕လႈပ္ရွားမႈေတြကို အျမဲတမ္း ေစာင့္ၾကည့္ေနတတ္ၾကပါတယ္။ ေဖေဖနဲ႔ ေမေမ အဆင္ေျပေနတယ္။ ေပ်ာ္ရႊင္ေနတယ္ဆုိရင္ သူတို႔လည္း အလုိလိုေပ်ာ္ေနတတ္ပါတယ္။ မိသားစုတစ္စုရဲ႕ ေပ်ာ္ရႊင္မႈဟာ ခ်မ္းသာေနမွရယ္လို႔ မဟုတ္ပါဘူး။ ျပည့္စံုၾကြယ္ဝ ခ်မ္းသာၿပီးလည္း စိတ္ခ်မ္းသာမႈနဲ႔ ေဝးကြာေနသူေတြ အမ်ားႀကီးရွိပါတယ္။ ပုိက္ဆံမခ်မ္းသာေပမယ့္ စိတ္ခ်မ္းသာေနၾကတဲ့ မိသားစုေတြလည္း အမ်ားႀကီးရွိပါတယ္။ ဒါဟာ ဘာေၾကာင့္လည္းဆုိရင္ မိဘႏွစ္ပါးက မိသားစုတစ္စုကုိ ေပ်ာ္ရႊင္မႈေပးႏုိင္တာေၾကာင့္ပါ။

အဆင္မေျပျဖစ္လို႔၊ အခက္အခဲျဖစ္လို႔ ေဖေဖနဲ႔ေမေမ ရန္ျဖစ္ေနၾကတယ္။ ရိုက္ႏွက္ေနၾကတယ္ဆုိရင္ သားသမီးေတြလည္း စိတ္မေကာင္းႏိုင္ပါဘူး။ အဓိက သူတို႔ရဲ႕စိတ္မွာ နာက်င္မႈဆိုတဲ့ အမာရြတ္စြဲထင္သြားတတ္ပါတယ္။ အိမ္မွာ အဆင္မေျပျဖစ္ရင္ သူတို႔ ဘာလုပ္လုပ္ အဆင္ေျပႏုိင္မယ္ မထင္ပါဘူး။ ေက်ာင္းစာမွာပဲျဖစ္ျဖစ္၊ လူမႈေပါင္းသင္းဆက္ဆံေရးမွာပဲျဖစ္ျဖစ္ အဆင္မေျပႏိုင္ေတာ့ပါဘူး။ ဘာေၾကာင့္လည္းဆုိရင္ အိမ္မွာ ေဖေဖနဲ႔ေမေမ ေအာ္ဟစ္ ရန္ျဖစ္ေနမႈက သူတို႔ေလးေတြရဲ႕စိတ္မွာ အရိပ္လို ကပ္ပါလာတတ္တာေၾကာင့္ပါ။

ဘယ္ မိဘမွေတာ့ အခုလို အဆင္မေျပျဖစ္ ရန္ျဖစ္ေနတာမ်ိဳးကုိ ႏွစ္သက္ၾကမွာမဟုတ္ပါဘူး။ အိမ္ေထာင္တစ္ခု၊ မိသားစုတစ္စုမွာ ျပႆနာေလးေတြေတာ့ အနည္းအမ်ား ရွိတတ္ၾကပါတယ္။ ဒါေပမဲ့ အဲဒီအဆင္မေျပမႈေတြကို မိမိသားသမီးေတြရဲ႕ေရွ႕မွာ မေျဖရွင္းၾကဖို႔ပါပဲ။ ေဒါသထြက္ၿပီး ရန္ျဖစ္ ေအာ္ဟစ္ေနလို႔ ေဘးမွာကုိယ့္ကုိယ္ စိုးရိမ္တႀကီး ေၾကာက္လန္႔စြာၾကည့္ေနမယ့္ ကေလးေတြကို ေမ့ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ မိသားစုျပႆနာကိုေျဖရွင္းမယ္ဆုိရင္ေတာင္ အတတ္ႏိုင္ဆံုး ကေလးေတြေရွ႕မွာ မေျဖရွင္းမိဖို႔ အေရးႀကီးပါတယ္။

ကေလးေတြဟာ သူတုိ႔သိပ္ခ်စ္တဲ့ ေဖေဖနဲ႔ေမေမ၊ သူတို႔ သိပ္အားကိုးတဲ့ ေဖေဖနဲ႔ေမေမ၊ သူတို႔ဘဝရဲ႕ ပဲ့ကိုင္ရွင္ Hero ျဖစ္ စိတ္ထဲမွာမွတ္ထင္ထားတဲ့ ေဖေဖနဲ႔ ေမေမကို သူတို႔ အျမဲတမ္း အထင္ႀကီးေနခ်င္ပါတယ္။ ဒါေၾကာင့္ အဲဒီလို ရန္ျဖစ္ ေအာ္ဟစ္ ရိုက္ႏွက္ေနတိုင္းလည္း ကေလးေတြရဲ႕စိတ္မွာ သူတုိ႔ရဲ႕ ေဖေဖနဲ႔ေမေမကုိ စကားေလးတစ္ခြန္းေတာ့ အျမဲေျပာေနမိၾကမွာပါပဲ။
“ေက်းဇူးျပၿပီး ရန္မျဖစ္ၾကပါနဲ႔လား ေဖေဖနဲ႔ ေမေမ။ ေဖေဖနဲ႔ေမေမကို သားတုိ႔/ သမီးတုိ႔ သိပ္ခ်စ္ပါတယ္” လို႔ေပါ့။

Credit:ေႏြဦးခင္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိသားစုတစ်စုရဲ့ ကြည်နူးပျော်ရွှင်မှု၊ အဆင်ပြေသာယာမှုတွေကို အမြဲတွေ့နေရပြီဆိုရင် ဒါဟာ သေချာပါတယ်။ မိဘနှစ်ပါးကြောင့်ပါ။ မိဘနှစ်ပါး အဆင်ပြေနေပြီဆိုရင် အဲဒီမိသားစုရဲ့ ပုံရိပ်ဟာလည်း အေးချမ်းနေတာပါပဲ။ အဲဒီလိုမဟုတ်ဘဲ မိဘနှစ်ပါးက အော်ဟစ်ဆူပူလိုက်ကြ၊ ရိုက်နှက်လိုက်ကြနဲ့ ရန်ဖြစ်နေပြီဆိုရင် မိသားစုဝင်တွေအားလုံးဟာ ဘယ်လိုမှမပျော်ရွှင်နိုင်ကြတော့ပါဘူး။ အထူးသဖြင့် သားသမီးတွေပါ။ သားသမီးတွေဟာ မိဘတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကို အမြဲကြည့်ရှုနေတတ်ကြသူတွေပါ။

မိဘတွေက သားသမီးတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကို ဂရုစိုက်ကြည့်ရှုတတ်ကြသလိုပဲ သားသမီးတွေကလည်း မိဘတွေရဲ့လှုပ်ရှားမှုတွေကို အမြဲတမ်း စောင့်ကြည့်နေတတ်ကြပါတယ်။ ဖေဖေနဲ့ မေမေ အဆင်ပြေနေတယ်။ ပျော်ရွှင်နေတယ်ဆိုရင် သူတို့လည်း အလိုလိုပျော်နေတတ်ပါတယ်။ မိသားစုတစ်စုရဲ့ ပျော်ရွှင်မှုဟာ ချမ်းသာနေမှရယ်လို့ မဟုတ်ပါဘူး။ ပြည့်စုံကြွယ်ဝ ချမ်းသာပြီးလည်း စိတ်ချမ်းသာမှုနဲ့ ဝေးကွာနေသူတွေ အများကြီးရှိပါတယ်။ ပိုက်ဆံမချမ်းသာပေမယ့် စိတ်ချမ်းသာနေကြတဲ့ မိသားစုတွေလည်း အများကြီးရှိပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုရင် မိဘနှစ်ပါးက မိသားစုတစ်စုကို ပျော်ရွှင်မှုပေးနိုင်တာကြောင့်ပါ။

အဆင်မပြေဖြစ်လို့၊ အခက်အခဲဖြစ်လို့ ဖေဖေနဲ့မေမေ ရန်ဖြစ်နေကြတယ်။ ရိုက်နှက်နေကြတယ်ဆိုရင် သားသမီးတွေလည်း စိတ်မကောင်းနိုင်ပါဘူး။ အဓိက သူတို့ရဲ့စိတ်မှာ နာကျင်မှုဆိုတဲ့ အမာရွတ်စွဲထင်သွားတတ်ပါတယ်။ အိမ်မှာ အဆင်မပြေဖြစ်ရင် သူတို့ ဘာလုပ်လုပ် အဆင်ပြေနိုင်မယ် မထင်ပါဘူး။ ကျောင်းစာမှာပဲဖြစ်ဖြစ်၊ လူမှုပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် အဆင်မပြေနိုင်တော့ပါဘူး။ ဘာကြောင့်လည်းဆိုရင် အိမ်မှာ ဖေဖေနဲ့မေမေ အော်ဟစ် ရန်ဖြစ်နေမှုက သူတို့လေးတွေရဲ့စိတ်မှာ အရိပ်လို ကပ်ပါလာတတ်တာကြောင့်ပါ။

ဘယ် မိဘမှတော့ အခုလို အဆင်မပြေဖြစ် ရန်ဖြစ်နေတာမျိုးကို နှစ်သက်ကြမှာမဟုတ်ပါဘူး။ အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုမှာ ပြဿနာလေးတွေတော့ အနည်းအများ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီအဆင်မပြေမှုတွေကို မိမိသားသမီးတွေရဲ့ရှေ့မှာ မဖြေရှင်းကြဖို့ပါပဲ။ ဒေါသထွက်ပြီး ရန်ဖြစ် အော်ဟစ်နေလို့ ဘေးမှာကိုယ့်ကိုယ် စိုးရိမ်တကြီး ကြောက်လန့်စွာကြည့်နေမယ့် ကလေးတွေကို မေ့နေတတ်ကြပါတယ်။ ဒါကြောင့် မိသားစုပြဿနာကိုဖြေရှင်းမယ်ဆိုရင်တောင် အတတ်နိုင်ဆုံး ကလေးတွေရှေ့မှာ မဖြေရှင်းမိဖို့ အရေးကြီးပါတယ်။

ကလေးတွေဟာ သူတို့သိပ်ချစ်တဲ့ ဖေဖေနဲ့မေမေ၊ သူတို့ သိပ်အားကိုးတဲ့ ဖေဖေနဲ့မေမေ၊ သူတို့ဘဝရဲ့ ပဲ့ကိုင်ရှင် Hero ဖြစ် စိတ်ထဲမှာမှတ်ထင်ထားတဲ့ ဖေဖေနဲ့ မေမေကို သူတို့ အမြဲတမ်း အထင်ကြီးနေချင်ပါတယ်။ ဒါကြောင့် အဲဒီလို ရန်ဖြစ် အော်ဟစ် ရိုက်နှက်နေတိုင်းလည်း ကလေးတွေရဲ့စိတ်မှာ သူတို့ရဲ့ ဖေဖေနဲ့မေမေကို စကားလေးတစ်ခွန်းတော့ အမြဲပြောနေမိကြမှာပါပဲ။
“ကျေးဇူးပြပြီး ရန်မဖြစ်ကြပါနဲ့လား ဖေဖေနဲ့ မေမေ။ ဖေဖေနဲ့မေမေကို သားတို့/ သမီးတို့ သိပ်ချစ်ပါတယ်” လို့ပေါ့။

Credit:နွေဦးခင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top