iMyanmarHouse.com - Best Property Website for Myanmar
×

ဘီကီနီနဲ႔ အတြင္းခံကိုလည္း တင္ပါးပံုသ႑န္အလိုက္ ေ႐ြးခ်ယ္သင့္ပါတယ္။

နယူးေယာက္ခ္က ပလတ္စတစ္ဆာဂ်ရီ မက္သ႐ူး ဆူလ္မန္က ကမၻာေပၚ႐ွိ အမ်ိဳးသမီးေတြအားလံုးရဲ႕ တင္ပါးေတြမွာ အမ်ိဳးအစား (၅) မ်ိဳးသာ ႐ွိတယ္လို႔ ဆိုပါတယ္။ သူက ႏိုင္ငံေပါင္း ၃၅ ႏိုင္ငံ႐ွိ အမ်ိဳးသမီး ၅၀,၀၀၀ ရဲ႕ တင္ပါးေတြကို ဆန္းစစ္ေလ့လာကာ ခုလို ထုတ္ျပန္ခဲ့တယ္လို႔လည္း ေျပာပါတယ္။ ကိုယ့္ရဲ႕ တင္ပါးပံုသ႑န္အလိုက္ အတြင္းခံေဘာင္းဘီကိုလည္း ေ႐ြးခ်ယ္ဖုိ႔ ေဒၚတာ ဆူလ္မန္က အၾကံေပးထားပါေသးတယ္။

 
၁။ ေလးေထာင့္

အ႐ိုးေတြနဲ႔ တင္ပါးပတ္လည္ဟာ ေထာင့္ခ်ိဳးက်က်နဲ႔ အခ်ိဳးညီေနတဲ့ တင္ပါးေတြက အလတ္စတစ္ အနားသတ္နဲ႔ အေပါက္က်ယ္က်ယ္ အတြင္းခံေတြနဲ႔ မသင့္ေလ်ာ္ပါဘူး။ ခါးျမင့္ျမင့္အတြင္းခံေဘာင္းဘီကို ေရြးခ်ယ္တာ အေကာင္းဆံုးပါပဲ။

 
၂။ V ပံုစံ

အဂၤလိပ္အကၡရာ V ပံုသ႑န္ တင္ပါးေတြဟာ အမ်ားအားျဖင့္ ပခံုးက်ယ္သူေတြမွာ အေတြ႔မ်ားပါတယ္။ ခါးနိမ့္နိမ့္ ခပ္ေလွ်ာေလွ်ာ အတြင္းခံနဲ႔ ဘီကီနီေတြကို ေ႐ြးပါ။

 
၃။ A ပံုစံ

ခါးေသးသေလာက္ တင္ကားတဲဲ့ အမ်ိဳးအစားေတြျဖစ္ၿပီး အာ႐ွႏိုင္ငံေတြကေတာ့ ဒီလိုပံုစံကို သေဘာက်ၾကပါတယ္။ ဒီလိုတင္ပါးပိုင္႐ွင္ေတြက တင္ပါးနဲ႔ေပါင္တံေတြကို အျပည့္ဖံုးႏိုင္တဲ့ အတြင္းခံေတြကို ေ႐ြးသင့္ပါတယ္။ ၿပီးေတာ့ ဇာနားကြပ္ အတြင္းခံနဲ႔ ဘီကီနီေတြဝတ္ရင္ ၾကည့္လို႔ေကာင္းတဲ့ တင္ပါးေတြပါ။

 
၄။ လံုးဝန္းတဲ့သ႑န္

ကင္မ္ ကာဒါ႐ွီယန္နဲ႔ ဂ်နီဖာလိုပက္ဇ္တုိ႔လို တင္ပါးမ်ိဳးပါ။ အေနာက္ဘက္မွာ ခပ္ေလ်ာေလ်ာျဖစ္ၿပီး တင္ပါးတစ္ခုလံုးကို ဖံုးထားႏိုင္တဲ့ အတြင္းခံမ်ိဳးက သင့္ရဲ႕လွပမႈကို ျပည့္စံုေစပါတယ္။

 

၅။ အသဲပံုေဇာက္ထိုး

ပံုမွာ ျပထားသလို အသဲပံုေဇာက္ထိုးျဖစ္ေနတဲ့ တင္ပါးေတြပါ။ သူတုိ႔က A ပံုသ႑န္နဲ႔ ခပ္ဆင္ဆင္ ႐ွိေပမယ့္ တင္ပါးေဘးဘက္ေတြက သြယ္ဝိုက္သြားတာမ်ိဳး မဟုတ္တဲ့ ပံုစံမ်ိဳးပါ။ တင္ပါးေအာက္ပိုင္းေတြက ေလးေထာင့္နည္းနည္းဆန္ပါတယ္။ ခပ္ေလ်ာေလ်ာ ဘီကီနီနဲ႔ အတြင္းခံေတြကို ေ႐ြးခ်ယ္ဝတ္ဆင္ႏိုင္ပါတယ္။

Source : Seventeen

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version
ဘီကီနီနဲ့ အတွင်းခံကိုလည်း တင်ပါးပုံသဏ္ဍန်အလိုက် ရွေးချယ်သင့်ပါတယ်။

နယူးယောက်ခ်က ပလတ်စတစ်ဆာဂျရီ မက်သရူး ဆူလ်မန်က ကမ္ဘာပေါ်ရှိ အမျိုးသမီးတွေအားလုံးရဲ့ တင်ပါးတွေမှာ အမျိုးအစား (၅) မျိုးသာ ရှိတယ်လို့ ဆိုပါတယ်။ သူက နိုင်ငံပေါင်း ၃၅ နိုင်ငံရှိ အမျိုးသမီး ၅၀,၀၀၀ ရဲ့ တင်ပါးတွေကို ဆန်းစစ်လေ့လာကာ ခုလို ထုတ်ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။ ကိုယ့်ရဲ့ တင်ပါးပုံသဏ္ဍန်အလိုက် အတွင်းခံဘောင်းဘီကိုလည်း ရွေးချယ်ဖို့ ဒေါ်တာ ဆူလ်မန်က အကြံပေးထားပါသေးတယ်။

၁။ လေးထောင့်

အရိုးတွေနဲ့ တင်ပါးပတ်လည်ဟာ ထောင့်ချိုးကျကျနဲ့ အချိုးညီနေတဲ့ တင်ပါးတွေက အလတ်စတစ် အနားသတ်နဲ့ အပေါက်ကျယ်ကျယ် အတွင်းခံတွေနဲ့ မသင့်လျော်ပါဘူး။ ခါးမြင့်မြင့်အတွင်းခံဘောင်းဘီကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။

၂။ V ပုံစံ

အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍန် တင်ပါးတွေဟာ အများအားဖြင့် ပခုံးကျယ်သူတွေမှာ အတွေ့များပါတယ်။ ခါးနိမ့်နိမ့် ခပ်လျှောလျှော အတွင်းခံနဲ့ ဘီကီနီတွေကို ရွေးပါ။

၃။ A ပုံစံ

ခါးသေးသလောက် တင်ကားတဲ့ အမျိုးအစားတွေဖြစ်ပြီး အာရှနိုင်ငံတွေကတော့ ဒီလိုပုံစံကို သဘောကျကြပါတယ်။ ဒီလိုတင်ပါးပိုင်ရှင်တွေက တင်ပါးနဲ့ပေါင်တံတွေကို အပြည့်ဖုံးနိုင်တဲ့ အတွင်းခံတွေကို ရွေးသင့်ပါတယ်။ ပြီးတော့ ဇာနားကွပ် အတွင်းခံနဲ့ ဘီကီနီတွေဝတ်ရင် ကြည့်လို့ကောင်းတဲ့ တင်ပါးတွေပါ။

၄။ လုံးဝန်းတဲ့သဏ္ဍန်

ကင်မ် ကာဒါရှီယန်နဲ့ ဂျနီဖာလိုပက်ဇ်တို့လို တင်ပါးမျိုးပါ။ အနောက်ဘက်မှာ ခပ်လျောလျောဖြစ်ပြီး တင်ပါးတစ်ခုလုံးကို ဖုံးထားနိုင်တဲ့ အတွင်းခံမျိုးက သင့်ရဲ့လှပမှုကို ပြည့်စုံစေပါတယ်။

၅။ အသဲပုံဇောက်ထိုး

ပုံမှာ ပြထားသလို အသဲပုံဇောက်ထိုးဖြစ်နေတဲ့ တင်ပါးတွေပါ။ သူတို့က A ပုံသဏ္ဍန်နဲ့ ခပ်ဆင်ဆင် ရှိပေမယ့် တင်ပါးဘေးဘက်တွေက သွယ်ဝိုက်သွားတာမျိုး မဟုတ်တဲ့ ပုံစံမျိုးပါ။ တင်ပါးအောက်ပိုင်းတွေက လေးထောင့်နည်းနည်းဆန်ပါတယ်။ ခပ်လျောလျော ဘီကီနီနဲ့ အတွင်းခံတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

Credit: duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top