iMyanmarHouse.com - Best Property Website for Myanmar
×

ေခါင္းကုိက္ျခင္းဆုိတာ ေယဘူယ် အားျဖင့္ ေခါင္းထဲက နာက်င္မႈ အာရုံေၾကာမ်ား ခ်ဳိ႕ယြင္းျခင္း၊သုိ႕မဟုတ္ နာက်င္မႈကုျပင္းထန္စြာအာရုံခံေနျခင္း တုိ႕ေၾကာင့္ ျဖစ္ပြားရျခင္း ျဖစ္ပါတယ္။အျဖစ္အမ်ားဆုံး ေခါင္းကိုက္ျခင္းကေတာ့ တင္းအားေၾကာင့္ ေခါင္းကုိက္ျခင္း (tension-type headache)ျဖစ္ျပီးတင္းအားေၾကာင့္ ေခါင္းကုိက္ျခင္း ျဖစ္ျပီဆုိရင္ နားထင္ႏွစ္ဖက္လုံးက ကုိက္ခဲေနျပီး လည္ပင္းၾကြက္သားေတြက ေတာင့္တင္းေန
တတ္ပါတယ္။တျခားေသာေခါင္းကုိက္ျခင္းေတြကေတာ့ အရက္နာက်ျခင္းနဲ႕ ဦးေႏွာက္ အက်ိတ္တည္ျခင္းေၾကာင့္ ေခါင္းကုိက္ျခင္း တုိ႕ ျဖစ္ပါတယ္။

ေယဘုယ်ေခါင္းကုိျခင္းကုိ ျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ားကေတာ့ ပင္ပန္းႏြမ္းလ်ျခင္း၊အိပ္ေရးပ်က္ျခင္း၊စိတ္ဖိစီးျခင္း၊ေဆးရွိန္ေၾကာင့္ ေခါင္းကုိက္ျခင္း၊ေရာဂါပုိး ကူးစက္ျခင္း၊ဖ်ားနာျခင္း၊ေခါင္း ထိခုိက္ဒဏ္ရာရျခင္း၊အစားအစာ ေအး (သုိ႕)အရက္ ယမကာမ်ားကုိ အလြန္အကၽြံ
ေသာက္သုံးျခင္း ၊သြားကုိက္ျခင္း စတာေတြေၾကာင့္ ျဖစ္ပြားႏုိင္ပါတယ္။အကုိက္ခဲေပ်ာက္ေဆးမ်ားဟာ ေခါင္းကုိက္ျခင္း ကုိ ယာယီ ခဏေပ်ာက္ကင္းေစေပမဲ့ ေရရွည္အတြက္မေကာင္းပါဘူး။ အကုိက္အခဲ ေပ်ာက္ေဆးမေသာက္ရရင္  ေခါင္းျပန္ကုိက္လာတတ္ျပီး က်န္းမာေရးအတြက္ ဆုိးက်ဳိး ျဖစ္ေပၚေစပါတယ္။ဒါေၾကာင့္ အခု ေခါင္းကုိက္ျခင္းကုိ
သက္သာေစမဲ့  သဘာ၀ ေဆးနည္းလမ္းမ်ားကုိေဖာ္ျပလုိက္ပါတယ္။

၁။ ငရုတ္သီး

ေခါင္းကုိက္ျခင္းကုိ ငရုတ္သီးနဲ႕ကုသတာဟာ ဘယ္လုိမွ မလုပ္ခ်င္စရာ နည္းလမ္းပါပဲ။ဒါေပမဲ့ ငရုတ္သီးဟာ
နာက်င္မႈနဲ႕ ေရာင္ရမ္းျခင္းကုိ သက္သာေစတဲ့ သဘာ၀ေဆးနည္းတစ္မ်ဳိး ျဖစ္ပါတယ္။ငရုတ္သီးမွာ ကတ္ဆုိင္ရယ္လ္စင္ ( capsaicin) လုိ႕အမည္ရတဲ့ ဓာတ္ပါ၀င္ျပီး capsaicin ဟာ နာက်င္မႈကုိ ျဖစ္ေပၚေစတဲ့
Substance P လုိ႕အမည္ရတဲ့ အရာကုိ ေခ်မႈန္းႏုိင္ပါတယ္။
လုိအပ္တာေတြကေတာ့

– ငရုတ္သီးမႈန္႕ လက္ဖက္ရည္ဇြန္းး ၄ ပုံတစ္ပုံ ( တစ္မတ္သား = တစ္က်ပ္သား ၏ ၄ ပုံတစ္ပုံ )
– ေရေႏြး ၀.၁ လီတာ
– ဂြမ္း နည္းနည္း
– အသုံးျပဳနည္း ငရုတ္သီးမႈန္႕ကုိ ေရေႏြးနဲ႕ ေရာျပီး နွံ႕ေအာင္ေမႊလုိက္ပါ။ျပီးရင္ ဂြမ္းကုိ ငရုတ္ရည္နဲ႕ စြတ္လိုက္ျပီးရင္ ထုိဂြမ္းကုိ နွာေခါင္း၀မွာ ေတ့ထားလုိက္ပါ။နွာေခါင္း၀မွာ ဂြမ္းကုိ ေတ့ထားလုိက္ရင္ အနည္းငယ္ေတာ့ ပူမွာ ျဖစ္ေပမဲ့ ေခါင္းကုိက္ျခင္းကုိ ယူပစ္လုိက္သလုိ ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။
READ
တကူးတကအခ်ိန္ေပးစရာမလုိဘဲ က်န္းမာေအာင္ေနထုိင္နည္းမ်ား

၂။ ငါးၾကီးဆီ ေသာက္သုံးေပးပါ။

ငါးၾကီးဆီ ေသာက္သုံးေပးျခင္းဟာ ေခါင္းအျပင္းအထန္ကုိက္တဲ့ (migraine) နဲ႕ ေခါင္းကုိက္ျခင္းမ်ားကုိ
သက္သာေပ်ာက္ကင္းေစပါတယ္။ငါးၾကီးဆီမွာ ပါ၀င္တဲ့ omega-3 fatty acid နွလုံးက်န္းမာေရးအတြက္
ေကာင္းမြန္ေစျပီး  ေရာင္ရမ္းျခင္းမ်ား၊ေသြးခဲျခင္း၊ႏွလုံးခုန္ပုံမွန္ေစျခင္းနဲ႕ ေသြးဖိအားကုိ ေလ်ာ့က်ေစပါတယ္။
ဒါ့အျပင္ အာရုံေၾကာမ်ားကုိ ဖိႏွိပ္ထားတဲ့ ေသြးေၾကာမ်ားေရာင္ရမ္းျခင္းမ်ားကုိ ေလွ်ာ့ခ်ေပးပါတယ္။
လုိအပ္တာေတြကေတာ့
– ငါးၾကီးဆီ စားပြဲတင္ဇြန္း  ၁ ဇြန္း  ( စားပြဲတင္ဇြန္းတစ္ဇြန္း =  လက္ဖက္ရည္ဇြန္း ၃ ဇြန္း = တစ္က်ပ္သား
မျပည့္တျပည့္)
– လိေမၼာ္ရည္ တစ္ခြက္
– အသုံးျပဳနည္း သင္ဟာ ငါးၾကီးဆီ ေဆးေတာင့္မ်ားကုိ ေသာက္သုံးလုိက္ရင္လည္းရပါတယ္။ဒါမွမဟုတ္
တကယ့္ ငါးၾကီးဆီအစစ္ကုိေသာက္သုံးမယ္ဆိုရင္ေတာ့ လိေမၼာ္ေဖ်ာ္ရည္ထဲကုိ  ငါးၾကီးဆီ စားပြဲတင္ဇြန္း  ၁
ဇြန္း ေရာျပီးေတာ့ လည္း ေသာက္သုံးႏုိင္ပါတယ္။

၃။ MSG ပါ၀င္အစားအစာေတြကုိ တတ္ႏုိင္သမွ် ေရွာင္ပါ။

လင္းပါ့မယ္။MSG ဆုိတာ Monosodium glutamate လုိ႕အမည္ရျပီး အစားအစာေတြကုိ အရသာ ပုိေကာင္းေစဖုိ႕အတြက္
အသုံးျပဳထားတာ ျဖစ္ပါတယ္။လွ်ာကုိ အရမ္း အလုိလုိက္မိရင္ေတာ့ သင့္ က်န္းမာေရးကုိ ထိခုိက္ႏုိင္ပါတယ္။MSG ကုိ အဓိကေတြ႕ရႏုိင္တဲ့ စားသုံးပစၥည္းကေတာ့ ျမန္မာႏုိင္ငံမွာ အမ်ားဆုံးအသုံးျပဳၾကတဲ့ ဟင္း
ခတ္အခ်ဳိမႈန္႕ ျဖစ္ပါတယ္။MSG ဟာ အမုိင္နုိအက္ဆစ္လုိ႕ေခၚတဲ့ ဂလူတမင္ အက္ဆစ္မွ ထုတ္ယူထားတာ
ျဖစ္ျပီး အမုိင္နုိအက္ဆစ္ ကုိ သဘာ၀ အစားအစာေတြ႕မွာလည္းေတြ႕ရွိနုိင္ပါတယ္။ေခါင္းကုိက္ျခင္းေ၀ဒ
နာကုိ ခံစားရတဲ့ လူေတြ အမ်ားစုဟာ MSG ပါ၀င္တဲ့ အစားအစာေတြကို အစားသုံးမ်ား ျခင္းေၾကာင့္ ျဖစ္ရတာ ျဖစ္ျပီး MSG ဟာ ေခါင္းအျပင္းအထန္ကုိက္ျခင္းနဲ႕ တျခားေသာေခါင္းကုိက္ျခင္းအမ်ဳိးမ်ဳိးကုိ ျဖစ္ေ
စတဲ့ တရားခံ တစ္ခုလည္း ျဖစ္ပါတယ္။MSG ဟာ ေခါင္းကုိက္ျခင္းကုိ ျဖစ္ေစရတဲ့ အေၾကာင္းအရင္းတစ္ခုကေတာ့ ကၽြန္ေတာ္တုိ႕ရဲ႕ အာရုံေၾကာဆဲလ္ေတြကုိ အလြန္အကၽြံ လႈံေဆာ္ေပးလုိ႕ျဖစ္ပါတယ္။FDA ( Food and Drug Administration) က ခြင့္ျပဳထားတဲ့ အစားအစာေတြမွာဆုိရင္ ပါ၀င္ပစၥည္းေဖာ္ျပခ်က္စာ
တန္းက မျဖစ္မေနပါ၀င္ရပါတယ္။ဒါေၾကာင့္ အသင့္စား အစားအစာေတြကုိ စားသုံးမယ္ဆုိရင္ MSG ပါ၀င္မႈ
ရွိမရွိကုိ စစ္ေဆးသင့္ျပီး တစ္ခ်ဳိ႕အစားအစာေတြမွာလည္း MSG ပါ၀င္မႈကုိ ေရးသားမထားဘဲ တစ္ျခားပါ၀င္ပစၥည္းအမည္နဲ႕ လည္းဖုံးကြယ္ျပီး ေရးထားတတ္ပါတယ္။MSG ပါ၀င္မႈကုိ မေရးသားထားရင္လည္း သတိထားသင့္တဲ့ အစားအစာေတြကေတာ့ တရုတ္အစားအစာမ်ား၊အသင့္ျပင္အသားငါးမ်ား၊ျဖစ္ပါတယ္။သင့္မွာ ေခါင္းအဆက္မျပတ္ကုိက္တတ္တဲ့ ေရာဂါရွိေနမယ္ဆုိရင္ အိမ္သုံးအခ်ဳိမႈန္႕ကုိ အထူးသျဖင့္ လုံး၀ေရွာင္ရွားသင့္ပါတယ္။

၄။ ဂ်င္းရည္ေသာက္သုံးေပးပါ။

အက္စ္ပရင္ အကုိက္အခဲေပ်ာက္ေဆးဟာ အာရုံေၾကာ နာက်င္ျခင္းကုိ လႈံေဆာ္ေပးတဲ့ သတင္းပုိ႕ ဆဲလ္ေတြကုိ ဖ်က္ဆီးေပးႏုိင္ပါတယ္။ထုိအတူ အက္စ္ပရင္ အကုိက္အခဲေပ်ာက္ေဆးရဲ႕ လုပ္ေဆာင္ခ်က္ကဲ့သုိ႕ ဂ်င္းက လုပ္ေဆာင္ေပးႏုိင္ျပီး ဂ်င္းရည္တစ္ခြက္က ေခါင္းကုိက္ ျခင္းကုိ ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္။
လုိအပ္တာေတြကေတာ့
– ဂ်င္း လက္တစ္ဆစ္ ခန္႕
– ေရဖန္ခြက္ ႏွစ္ခြက္စာ
– အသုံးျပဳနည္း ဂ်င္းမ်ားကုိ ေရႏွစ္ခြက္စာ ထည့္ျပီး မီးေအးေအးနဲ႕ မိနစ္ ၃၀ ခန္႕က်ဳိပါ။က်ဳိျပီးသြားတဲ့ အခါမွာ ဂ်င္းရည္ကုိ ေသာက္သုံးႏုိင္ပါျပီ။

၅။ ေရမ်ားမ်ား ေသာက္ပါ။

တစ္ေန႕တာလုိအပ္တဲ့ ေရမေသာက္သုံးမိရင္လည္း ေခါင္းကုိက္ေစပါတယ္။ေကာ္ဖီ၊အရက္၊အခ်ဳိရည္မ်ားက သင့္ကုိ ေရဓာတ္ခမ္းေျခာက္ေစပါတယ္။သင္ေခါင္းကုိက္လာမယ္ဆုိရင္ ေရအ၀ေသာက္လုိက္ပါ။ေရေသာက္ျခင္းဟာ တခ်ဳိ႕ေသာ ေခါင္းကုိက္ျခင္းေတြကုိ သက္သာ ေပ်ာက္ကင္းေစပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခေါင်းကိုက်ခြင်းဆိုတာ ယေဘူယျ အားဖြင့် ခေါင်းထဲက နာကျင်မှု အာရုံကြောများ ချို့ယွင်းခြင်း၊သို့မဟုတ် နာကျင်မှုကုပြင်းထန်စွာအာရုံခံနေခြင်း တို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။အဖြစ်အများဆုံး ခေါင်းကိုက်ခြင်းကတော့ တင်းအားကြောင့် ခေါင်းကိုက်ခြင်း (tension-type headache)ဖြစ်ပြီးတင်းအားကြောင့် ခေါင်းကိုက်ခြင်း ဖြစ်ပြီဆိုရင် နားထင်နှစ်ဖက်လုံးက ကိုက်ခဲနေပြီး လည်ပင်းကြွက်သားတွေက တောင့်တင်းနေ
တတ်ပါတယ်။တခြားသောခေါင်းကိုက်ခြင်းတွေကတော့ အရက်နာကျခြင်းနဲ့ ဦးနှောက် အကျိတ်တည်ခြင်းကြောင့် ခေါင်းကိုက်ခြင်း တို့ ဖြစ်ပါတယ်။

ယေဘုယျခေါင်းကိုခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများကတော့ ပင်ပန်းနွမ်းလျခြင်း၊အိပ်ရေးပျက်ခြင်း၊စိတ်ဖိစီးခြင်း၊ဆေးရှိန်ကြောင့် ခေါင်းကိုက်ခြင်း၊ရောဂါပိုး ကူးစက်ခြင်း၊ဖျားနာခြင်း၊ခေါင်း ထိခိုက်ဒဏ်ရာရခြင်း၊အစားအစာ အေး (သို့)အရက် ယမကာများကို အလွန်အကျွံ
သောက်သုံးခြင်း ၊သွားကိုက်ခြင်း စတာတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။အကိုက်ခဲပျောက်ဆေးများဟာ ခေါင်းကိုက်ခြင်း ကို ယာယီ ခဏပျောက်ကင်းစေပေမဲ့ ရေရှည်အတွက်မကောင်းပါဘူး။ အကိုက်အခဲ ပျောက်ဆေးမသောက်ရရင်  ခေါင်းပြန်ကိုက်လာတတ်ပြီး ကျန်းမာရေးအတွက် ဆိုးကျိုး ဖြစ်ပေါ်စေပါတယ်။ဒါကြောင့် အခု ခေါင်းကိုက်ခြင်းကို
သက်သာစေမဲ့  သဘာ၀ ဆေးနည်းလမ်းများကိုဖော်ပြလိုက်ပါတယ်။

၁။ ငရုတ်သီး

ခေါင်းကိုက်ခြင်းကို ငရုတ်သီးနဲ့ကုသတာဟာ ဘယ်လိုမှ မလုပ်ချင်စရာ နည်းလမ်းပါပဲ။ဒါပေမဲ့ ငရုတ်သီးဟာ
နာကျင်မှုနဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ သဘာဝဆေးနည်းတစ်မျိုး ဖြစ်ပါတယ်။ငရုတ်သီးမှာ ကတ်ဆိုင်ရယ်လ်စင် ( capsaicin) လို့အမည်ရတဲ့ ဓာတ်ပါဝင်ပြီး capsaicin ဟာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့
Substance P လို့အမည်ရတဲ့ အရာကို ချေမှုန်းနိုင်ပါတယ်။
လိုအပ်တာတွေကတော့

– ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းး ၄ ပုံတစ်ပုံ ( တစ်မတ်သား = တစ်ကျပ်သား ၏ ၄ ပုံတစ်ပုံ )
– ရေနွေး ဝ.၁ လီတာ
– ဂွမ်း နည်းနည်း
– အသုံးပြုနည်း ငရုတ်သီးမှုန့်ကို ရေနွေးနဲ့ ရောပြီး နှံ့အောင်မွှေလိုက်ပါ။ပြီးရင် ဂွမ်းကို ငရုတ်ရည်နဲ့ စွတ်လိုက်ပြီးရင် ထိုဂွမ်းကို နှာခေါင်းဝမှာ တေ့ထားလိုက်ပါ။နှာခေါင်းဝမှာ ဂွမ်းကို တေ့ထားလိုက်ရင် အနည်းငယ်တော့ ပူမှာ ဖြစ်ပေမဲ့ ခေါင်းကိုက်ခြင်းကို ယူပစ်လိုက်သလို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
READ
တကူးတကအချိန်ပေးစရာမလိုဘဲ ကျန်းမာအောင်နေထိုင်နည်းများ

၂။ ငါးကြီးဆီ သောက်သုံးပေးပါ။

ငါးကြီးဆီ သောက်သုံးပေးခြင်းဟာ ခေါင်းအပြင်းအထန်ကိုက်တဲ့ (migraine) နဲ့ ခေါင်းကိုက်ခြင်းများကို
သက်သာပျောက်ကင်းစေပါတယ်။ငါးကြီးဆီမှာ ပါဝင်တဲ့ omega-3 fatty acid နှလုံးကျန်းမာရေးအတွက်
ကောင်းမွန်စေပြီး  ရောင်ရမ်းခြင်းများ၊သွေးခဲခြင်း၊နှလုံးခုန်ပုံမှန်စေခြင်းနဲ့ သွေးဖိအားကို လျော့ကျစေပါတယ်။
ဒါ့အပြင် အာရုံကြောများကို ဖိနှိပ်ထားတဲ့ သွေးကြောများရောင်ရမ်းခြင်းများကို လျှော့ချပေးပါတယ်။
လိုအပ်တာတွေကတော့
– ငါးကြီးဆီ စားပွဲတင်ဇွန်း  ၁ ဇွန်း  ( စားပွဲတင်ဇွန်းတစ်ဇွန်း =  လက်ဖက်ရည်ဇွန်း ၃ ဇွန်း = တစ်ကျပ်သား
မပြည့်တပြည့်)
– လိမ္မော်ရည် တစ်ခွက်
– အသုံးပြုနည်း သင်ဟာ ငါးကြီးဆီ ဆေးတောင့်များကို သောက်သုံးလိုက်ရင်လည်းရပါတယ်။ဒါမှမဟုတ်
တကယ့် ငါးကြီးဆီအစစ်ကိုသောက်သုံးမယ်ဆိုရင်တော့ လိမ္မော်ဖျော်ရည်ထဲကို  ငါးကြီးဆီ စားပွဲတင်ဇွန်း  ၁
ဇွန်း ရောပြီးတော့ လည်း သောက်သုံးနိုင်ပါတယ်။

၃။ MSG ပါဝင်အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

လင်းပါ့မယ်။MSG ဆိုတာ Monosodium glutamate လို့အမည်ရပြီး အစားအစာတွေကို အရသာ ပိုကောင်းစေဖို့အတွက်
အသုံးပြုထားတာ ဖြစ်ပါတယ်။လျှာကို အရမ်း အလိုလိုက်မိရင်တော့ သင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။MSG ကို အဓိကတွေ့ရနိုင်တဲ့ စားသုံးပစ္စည်းကတော့ မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုကြတဲ့ ဟင်း
ခတ်အချိုမှုန့် ဖြစ်ပါတယ်။MSG ဟာ အမိုင်နိုအက်ဆစ်လို့ခေါ်တဲ့ ဂလူတမင် အက်ဆစ်မှ ထုတ်ယူထားတာ
ဖြစ်ပြီး အမိုင်နိုအက်ဆစ် ကို သဘာ၀ အစားအစာတွေ့မှာလည်းတွေ့ရှိနိုင်ပါတယ်။ခေါင်းကိုက်ခြင်းဝေဒ
နာကို ခံစားရတဲ့ လူတွေ အများစုဟာ MSG ပါဝင်တဲ့ အစားအစာတွေကို အစားသုံးများ ခြင်းကြောင့် ဖြစ်ရတာ ဖြစ်ပြီး MSG ဟာ ခေါင်းအပြင်းအထန်ကိုက်ခြင်းနဲ့ တခြားသောခေါင်းကိုက်ခြင်းအမျိုးမျိုးကို ဖြစ်ေ
စတဲ့ တရားခံ တစ်ခုလည်း ဖြစ်ပါတယ်။MSG ဟာ ခေါင်းကိုက်ခြင်းကို ဖြစ်စေရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကျွန်တော်တို့ရဲ့ အာရုံကြောဆဲလ်တွေကို အလွန်အကျွံ လှုံဆော်ပေးလို့ဖြစ်ပါတယ်။FDA ( Food and Drug Administration) က ခွင့်ပြုထားတဲ့ အစားအစာတွေမှာဆိုရင် ပါဝင်ပစ္စည်းဖော်ပြချက်စာ
တန်းက မဖြစ်မနေပါဝင်ရပါတယ်။ဒါကြောင့် အသင့်စား အစားအစာတွေကို စားသုံးမယ်ဆိုရင် MSG ပါဝင်မှု
ရှိမရှိကို စစ်ဆေးသင့်ပြီး တစ်ချို့အစားအစာတွေမှာလည်း MSG ပါဝင်မှုကို ရေးသားမထားဘဲ တစ်ခြားပါဝင်ပစ္စည်းအမည်နဲ့ လည်းဖုံးကွယ်ပြီး ရေးထားတတ်ပါတယ်။MSG ပါဝင်မှုကို မရေးသားထားရင်လည်း သတိထားသင့်တဲ့ အစားအစာတွေကတော့ တရုတ်အစားအစာများ၊အသင့်ပြင်အသားငါးများ၊ဖြစ်ပါတယ်။သင့်မှာ ခေါင်းအဆက်မပြတ်ကိုက်တတ်တဲ့ ရောဂါရှိနေမယ်ဆိုရင် အိမ်သုံးအချိုမှုန့်ကို အထူးသဖြင့် လုံးဝရှောင်ရှားသင့်ပါတယ်။

၄။ ဂျင်းရည်သောက်သုံးပေးပါ။

အက်စ်ပရင် အကိုက်အခဲပျောက်ဆေးဟာ အာရုံကြော နာကျင်ခြင်းကို လှုံဆော်ပေးတဲ့ သတင်းပို့ ဆဲလ်တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ထိုအတူ အက်စ်ပရင် အကိုက်အခဲပျောက်ဆေးရဲ့ လုပ်ဆောင်ချက်ကဲ့သို့ ဂျင်းက လုပ်ဆောင်ပေးနိုင်ပြီး ဂျင်းရည်တစ်ခွက်က ခေါင်းကိုက် ခြင်းကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
လိုအပ်တာတွေကတော့
– ဂျင်း လက်တစ်ဆစ် ခန့်
– ရေဖန်ခွက် နှစ်ခွက်စာ
– အသုံးပြုနည်း ဂျင်းများကို ရေနှစ်ခွက်စာ ထည့်ပြီး မီးအေးအေးနဲ့ မိနစ် ၃၀ ခန့်ကျိုပါ။ကျိုပြီးသွားတဲ့ အခါမှာ ဂျင်းရည်ကို သောက်သုံးနိုင်ပါပြီ။

၅။ ရေများများ သောက်ပါ။

တစ်နေ့တာလိုအပ်တဲ့ ရေမသောက်သုံးမိရင်လည်း ခေါင်းကိုက်စေပါတယ်။ကော်ဖီ၊အရက်၊အချိုရည်များက သင့်ကို ရေဓာတ်ခမ်းခြောက်စေပါတယ်။သင်ခေါင်းကိုက်လာမယ်ဆိုရင် ရေအဝသောက်လိုက်ပါ။ရေသောက်ခြင်းဟာ တချို့သော ခေါင်းကိုက်ခြင်းတွေကို သက်သာ ပျောက်ကင်းစေပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top