iMyanmarHouse.com - Best Property Website for Myanmar
×

အစားအေသာက္က ဘဝရဲ႕ေပ်ာ္ရႊင္စရာေကာင္းတဲ့အရာေတြထဲက တစ္ခုအပါအဝင္ပါ။ ဒါေပမယ့္ တခါတေလ အာသီသေျပတယ္မရိွဘဲ ထမင္းစားျပီးေနာက္ ပိုေတာင္ဗိုက္ဆာလာကာ ေနာက္ဘာစားရမလဲ အျမဲစဥ္းစားေနတတ္ၾကပါတယ္။ အစားအေသာက္ကို အရသာခံသုံးေဆာင္တာ သာမန္ဆုိေပမယ့္ အဆက္မျပတ္ဗုိက္ဆာေနပါက ေနာက္ကြယ္မွာ အေၾကာင္းရင္းတခ်ဳိ႕ ရိွႏုိင္ပါတယ္။

ကာဗိုဟုိက္ဒရိတ္စားသုုံးမႈမ်ားလြန္းျခင္း

ညအိပ္ခါနီး (carbohydrate) ကာဗုိဟုိက္ဒရိတ္ကဲတဲ့ အစားအစာေတြ စားသုံးျခင္းက ေနာက္တစ္ေန႔ ဝမ္းဟာမႈခံစားေနရတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ႏုိင္ပါတယ္။ Carbohydrate ေျမာက္မ်ားစြာကို တစ္ထုိင္တည္းစားတဲ့အခါ သၾကားဓာတ္အျဖစ္ ခႏၶာကိုယ္အတြင္း လ်င္ျမန္စြာ စုပ္ယူခံရပါတယ္။ ေသြးတြင္းသၾကားဓာတ္တုိ႔ဟာ ဆဲလ္ေတြကို ဂလူးကို႔စ္ထုတ္ပစ္ဖုိ႔ လႈ႔ံေဆာ္ေပးေသာ ေဟာ္မုန္းျဖစ္တဲ့ အင္ဆူလင္ကို တစ္ဟုန္ထုိးတက္ေစပါတယ္။ သၾကားဓာတ္အားလုံးေသြးထဲ ဖယ္ရွားခံရတဲ့အခါ ဆာေလာင္မြတ္သိပ္မႈနဲ႔ carbohydrate ပုိစားခ်င္စိတ္ ျဖစ္ေစပါတယ္။

အိပ္ေရးမဝျခင္း

အိပ္ခ်ိန္လုံလုံေလာက္ေလာက္မရရိွျခင္းက ဗုိက္ဆာမႈနဲ႔ အစာစားသုံးမႈပမာဏေပၚ တုိက္ရုိက္အက်ဳိးသက္ေရာက္မႈရိွႏုိင္ပါတယ္။ အိပ္ခ်ိန္နည္းျခင္းက ဆာေလာင္မႈဟန္႔တားတဲ့ leptin ေခၚ ေဟာ္မုန္းပမာဏ ေလွ်ာ့နည္းေစျပီး ဆာေလာင္မႈလႈံ႔ေဆာ္ျဖစ္ေပၚေစတဲ့ ghrelin ပမာဏ တုိးျမင့္ေစေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ဒါက အိပ္ေရးပ်က္ျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္တက္ေစႏုိင္တဲ့ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္ပါတယ္။

ေရဓာတ္ခမ္းေျခာက္ျခင္း

တခါတေလ ေရဆာတာကုိ ဗုိက္ဆာတာနဲ႔ မွားတတ္ၾကပါတယ္။ အာသီသတစ္ခုျဖစ္ေပၚျပီး ဒါကို ဗုိက္ဆာေနတာလုိ႔ တထစ္ခ်မွတ္ယူလုိက္ၾကပါတယ္။ တကယ္ေတာ့ ကြ်ႏု္ပ္တုိ႔ လုိအပ္ေနတာ ေရ ၁၊ ၂ခြက္သာ ျဖစ္ပါတယ္။ ကြ်ႏု္ပ္တုိ႔ စားလုိက္တဲ့အစားအစာထဲက အာဟာရဓာတ္ေတြကုိ ဆဲလ္ေတြ အသုံးျပဳဖုိ႔အတြက္ ေရလည္း လုိအပ္ပါတယ္။ အာဟာရဓာတ္ကင္းမဲ့ေနမႈက ခႏၶာကိုယ္ကို အစားပုိစားခ်င္စိတ္ ျဖစ္ေစပါတယ္။

ႏွစ္ေယာက္စာ စားသုံးျခင္း

ကုိယ္ဝန္ေဆာေနစဥ္ အာသီသနဲ႔ ကယ္လုိရီလိုအပ္မႈ ျမင့္မားတာ သဘာဝက်ပါတယ္။ တကယ္ေတာ့ ကေလးအတြက္ သင္စားေနတာပါ။ ဒါကို ဆန္႔က်င္တြန္းလွန္စရာ မလုိပါဘူး။ ဒါေပမယ့္ ခုလုိအခ်ိန္မွာ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ ေရြးခ်ယ္စားသုံးမႈေတြ ပိုအေရးၾကီးပါတယ္။ သင့္ေလွ်ာ္တဲ့အစားအစာေတြစားျပီး တာရွည္ခံ၊ ျပန္လည္သန္႔စင္ထားတဲ့အစားအစာေတြနဲ႔ သၾကားဓာတ္အရမ္းမ်ားတဲ့ စားဖြယ္ေတြ ေရွာင္ရမယ့္ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ အာဟာရဓာတ္ၾကြယ္ဝတဲ့အစားအစာေတြက သင့္ခႏၶာကိုယ္ (မေမြးေသးတဲ့ကေလး)ရဲ႕ လိုအခ်က္ေတြ ျဖည့္တင္းေပးပါလိမ့္မယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အစားအသောက်က ဘဝရဲ့ပျော်ရွှင်စရာကောင်းတဲ့အရာတွေထဲက တစ်ခုအပါအဝင်ပါ။ ဒါပေမယ့် တခါတလေ အာသီသပြေတယ်မရှိဘဲ ထမင်းစားပြီးနောက် ပိုတောင်ဗိုက်ဆာလာကာ နောက်ဘာစားရမလဲ အမြဲစဉ်းစားနေတတ်ကြပါတယ်။ အစားအသောက်ကို အရသာခံသုံးဆောင်တာ သာမန်ဆိုပေမယ့် အဆက်မပြတ်ဗိုက်ဆာနေပါက နောက်ကွယ်မှာ အကြောင်းရင်းတချို့ ရှိနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ်စားသုုံးမှုများလွန်းခြင်း

ညအိပ်ခါနီး (carbohydrate) ကာဗိုဟိုက်ဒရိတ်ကဲတဲ့ အစားအစာတွေ စားသုံးခြင်းက နောက်တစ်နေ့ ဝမ်းဟာမှုခံစားနေရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ Carbohydrate မြောက်များစွာကို တစ်ထိုင်တည်းစားတဲ့အခါ သကြားဓာတ်အဖြစ် ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ စုပ်ယူခံရပါတယ်။ သွေးတွင်းသကြားဓာတ်တို့ဟာ ဆဲလ်တွေကို ဂလူးကို့စ်ထုတ်ပစ်ဖို့ လှုံ့ဆော်ပေးသော ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကို တစ်ဟုန်ထိုးတက်စေပါတယ်။ သကြားဓာတ်အားလုံးသွေးထဲ ဖယ်ရှားခံရတဲ့အခါ ဆာလောင်မွတ်သိပ်မှုနဲ့ carbohydrate ပိုစားချင်စိတ် ဖြစ်စေပါတယ်။

အိပ်ရေးမဝခြင်း

အိပ်ချိန်လုံလုံလောက်လောက်မရရှိခြင်းက ဗိုက်ဆာမှုနဲ့ အစာစားသုံးမှုပမာဏပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ အိပ်ချိန်နည်းခြင်းက ဆာလောင်မှုဟန့်တားတဲ့ leptin ခေါ် ဟော်မုန်းပမာဏ လျှော့နည်းစေပြီး ဆာလောင်မှုလှုံ့ဆော်ဖြစ်ပေါ်စေတဲ့ ghrelin ပမာဏ တိုးမြင့်စေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါက အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်အလေးချိန်တက်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း

တခါတလေ ရေဆာတာကို ဗိုက်ဆာတာနဲ့ မှားတတ်ကြပါတယ်။ အာသီသတစ်ခုဖြစ်ပေါ်ပြီး ဒါကို ဗိုက်ဆာနေတာလို့ တထစ်ချမှတ်ယူလိုက်ကြပါတယ်။ တကယ်တော့ ကျွနု်ပ်တို့ လိုအပ်နေတာ ရေ ၁၊ ၂ခွက်သာ ဖြစ်ပါတယ်။ ကျွနု်ပ်တို့ စားလိုက်တဲ့အစားအစာထဲက အာဟာရဓာတ်တွေကို ဆဲလ်တွေ အသုံးပြုဖို့အတွက် ရေလည်း လိုအပ်ပါတယ်။ အာဟာရဓာတ်ကင်းမဲ့နေမှုက ခန္ဓာကိုယ်ကို အစားပိုစားချင်စိတ် ဖြစ်စေပါတယ်။

နှစ်ယောက်စာ စားသုံးခြင်း

ကိုယ်ဝန်ဆောနေစဉ် အာသီသနဲ့ ကယ်လိုရီလိုအပ်မှု မြင့်မားတာ သဘာဝကျပါတယ်။ တကယ်တော့ ကလေးအတွက် သင်စားနေတာပါ။ ဒါကို ဆန့်ကျင်တွန်းလှန်စရာ မလိုပါဘူး။ ဒါပေမယ့် ခုလိုအချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသုံးမှုတွေ ပိုအရေးကြီးပါတယ်။ သင့်လျှော်တဲ့အစားအစာတွေစားပြီး တာရှည်ခံ၊ ပြန်လည်သန့်စင်ထားတဲ့အစားအစာတွေနဲ့ သကြားဓာတ်အရမ်းများတဲ့ စားဖွယ်တွေ ရှောင်ရမယ့် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့အစားအစာတွေက သင့်ခန္ဓာကိုယ် (မမွေးသေးတဲ့ကလေး)ရဲ့ လိုအချက်တွေ ဖြည့်တင်းပေးပါလိမ့်မယ်။

Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top