iMyanmarHouse.com - Best Property Website for Myanmar
×




ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့အတွက် သင် သိထားဖို့က-


ယင်းနောက်-

(၅) ခရီးရှည်စသည် ထွက်ပါ

Credit:Shwemom

ပို့သပေးပါတယ်။


#Unicode Version

တကယ်လို့ သင်ဟာ အမြဲလိုလို ကန်ကြောက်နှိပ်စက်တတ်တဲ့ ချစ်သူ ခင်ပွန်းကို ပိုင်ဆိုင်ထားရသူ တစ်ယောက်ဆိုရင်
အောက်ပါ ဖော်ပြထားချက်တွေကို လိုက်လံလုပ်ဆောင်သင့်ပါတယ်။ ဒါမှလည်း သင်ဟာ လူသားတစ်ယောက်ရဲ့ အခွင့် အရေးကို အပြည့်အ၀ ပြန်လည်ရရှိမှာဖြစ်ပြီး၊ အချစ်ကျွန်အဖြစ်က အမြန် ရုန်းထွက်နိုင်မှာ ဖြစ်ကြောင်း  တိုက်တွန်းချင်ပါတယ်။

အကြမ်းဖက်ခံရတဲ့ အချစ်ရေးမှာ ရှိတတ်တဲ့လက္ခဏာတွေ ဟုတ်မဟုတ် စစ်ဆေးဖို့ ဒီအချက်တွေနဲ့ တိုက်ဆိုင်ကြည့်ပါ-

(၁) အမြဲတမ်း ထိုးကြိတ်ရိုက်နှက်ခံရလေ့ရှိသလား ?
(၂) သူက သင့်ကို ရွံရှာမုန်းတီးသလား ?
(၃) အမြဲတမ်း စကားအတိမ်းအစောင်း မခံဘူးလား ?
(၄) သင့်ကို ချုပ်ချယ်နေသလား ?
(၅) အမြဲတမ်း ဆဲရေးတိုင်းထွာလေ့ရှိသလား ?
ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ သင့်ရဲ့ အချစ်ရေးဟာ ရှေ့ဆက်တိုးဖို့ မသင့်တဲ့ အချစ်ရေးဖြစ်ပါတယ်။

ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖု့ိအတွက် သင် သိထားဖို့က-

(၁) အားလုံးဟာ သင့်အမှား တစ်ခုမှ မပါပါဘူး
(၂) သင်ဟာ အထီးကျန်တဲ့သူ မဟုတ်ပါဘူး
(၃) ဘာမှမလုပ်ရင် ဘာမှဖြစ်မလာဘူးဆိုတာ စိတ်ထဲက မှတ်သားထားပါ
ဒါပြီးရင် ဘာလုပ်သင့်သလဲ-

(၁) မိဘတွေ သက်ဆိုင်သူတွေကို ဖွင့်ဟတိုင်ပင်ပါ
(၂) အခြေအနေပိုဆိုလာရင် (အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးအဖွဲ့ကိုဆက်သွယ်ပါ)
(၃) သူ့ကိုရင်ဆိုင်ဖို့ ယုံကြည်မှုတည်ဆောက်ပါ
(၄) တရားဥပဒေအရ ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်ယူပါ
(၅) သူ့ကို စွန့်ပစ်လိုက်ပါ
ယင်းနောက်-

(၁) သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် နေပါ
(၂) အလုပ်ကို အာရုံစိုက်ပါ
(၃) တည်ငြိမ်မှုတွေကို မိမိဆန္ဒနဲ့ တည်ဆောက်ပါ
(၄) မိမိဝါသနာပါရာကို ဇောက်ချလုပ်ကိုင်ပါ
(၅) ခရီးရှည်စသည် ထွက်ပါ

Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top