iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးမွာျပသနာတက္တိုင္းအမ်ားအားျဖင့္ ေယာက်ာ္းသားဘက္ကိုခ်ည္းအျပစ္ေျပာေလ့ရွိၾကတယ္။ သူတို႔တကယ္မွားတာလည္းရွိတတ္ေပမယ့္ တစ္ခါတစ္ေလက်ျပန္ေတာ့ ႏွစ္ေယာက္စလံုးဘက္မွာအျပစ္ရွိေနရင္ေတာင္ သူ႔ကိုခ်ည္းလႊဲေျပာတာက တကယ္ေတာ့မတရားပါဘူး။ သူတကယ္မွားတဲ့အခါ ေနာင္တရျပီး သင့္အေပၚအျပစ္မျမင္ႏုိင္ေပမယ့္ တစ္ခ်ိန္လံုးအျပစ္ၾကီးတင္ေနတာကေတာ့ သင့္တို႔ႏွစ္ေယာက္ေရွ႕ေရးအတြက္ အက္ေၾကာင္းတစ္ခုျဖစ္လာႏိုင္ပါတယ္။

၁။သူစိတ္ပ်က္လာလိမ့္မယ္။

လူတစ္ေယာက္တစ္ခါမွားလို႔ အျပစ္တင္တာကျဖစ္သင့္ပါတယ္။ ေနာက္ထပ္အဲ့ဒီ့အမွားေတြျဖစ္လာတာနဲ႔ သူပဲလုပ္တာလို႔ ဇြတ္မွတ္လို႔မရဘူးေလ။ သူတစ္ျခားေကာင္မေလးတစ္ေယာက္နဲ႔ စကားေျပာတာေတြ႔လို႔ မွန္မွန္၊ မမွန္မွန္ ပထမအၾကိမ္ေတာ့ အျပစ္ျမင္မွာပဲ။ ကုိယ့္ခ်စ္သူအေပၚသ၀န္တိုမိတာကိုး။ ဒါေပမယ့္ သူကေဖာက္ျပန္တာမဟုတ္ဘူးလုိ႔ အေထာက္အထားနဲ႔တကြ ျငင္းလာတာေတာင္မွ သင့္ဘက္က အျပစ္ခ်ည္းတင္ေနမယ္ဆိုရင္ေတာ့ သူၾကာေလေလ စိတ္ပ်က္မိေလေလျဖစ္လာပါလိမ့္မယ္။

၂။လ်စ္လ်ဴရႈ လာပါလိမ့္မယ္။

ေယာက်ာ္းေလးေတြက သာမန္အားျဖင့္ရစ္ရင္မၾကိဳက္တတ္ၾကပါဘူး။ ဒါေပမယ့္ ေမးသင့္ေမးထိုက္တဲ့ကိစၥမ်ိဳးကိုေတာ့ သူတို႔ၾကိဳက္ၾကိဳက္မၾကိဳက္ၾကိဳက္ ေမးရမွာက ကိုယ့္တာ၀န္ပါပဲ။ အဲ့ဒါနဲ႔ပဲ အင္စပိတ္တာလို ေမးလားျမန္းလား အေသးစိတ္ၾကီးလုပ္ေနရင္ေတာ့ သူသည္းမခံႏိုင္ပဲ သင့္ကိုျမင္တိုင္းပတ္ေျပးေနပါလိမ့္မယ္။

၃။အျပစ္က်ဴးလြန္ခ်င္စိတ္ပိုမ်ားလာလိမ့္မယ္။

ငယ္ငယ္တုန္းက ကိုယ္ဘာလုပ္လုပ္အေမက ဆူေနလြန္းရင္ အရြဲ႕တိုက္ျပျပီး အဲ့ဒီ့အျပစ္ကိုထပ္ခါထပ္ခါ လုပ္ျပတာမ်ိဳးလူတိုင္းနီးပါး ၾကံဳဖူးၾကမွာပါ။ အဲ့ဒီ့လုိပါပဲ။ ျပသနာျဖစ္တိုင္းအေျဖရွာရမွာထက္ သူမတရားလုိ႔ျဖစ္တာ၊ သူမညွာလို႔ျဖစ္တာ ဆိုျပီးတာဆိုျပီး တရမ္းရမ္းအျပစ္ေျပာေနရင္ေတာ့ “ငါဘာလုပ္လုပ္သူအျပစ္ျမင္ေနမွာပဲ” လုိ႔ထင္လာပါလိမ့္မယ္။ တကယ္ေတာ့ သင္ကိုယ္တိုင္သူ႔ကို အျပစ္လမ္းထဲတြန္းပို႔လုိက္တာပါပဲ။

၄။အခ်စ္ေတြေလ်ာ့လာလိမ့္မယ္။

နားလည္မႈ၊ ခြင့္လႊတ္မႈဆုိတာ အခ်စ္မွာအေျခခံက်တဲ့ အစိတ္အပိုင္းပါ။ အခ်စ္တစ္ခုတည္ေဆာက္ဖို႔ဆို နားလည္မႈမပါရင္ ေဖာင္ေဒးရွင္းမခိုင္သလိုပါပဲ။ သူ႔ဘက္ကို မငဲ႔ညွာပဲ အျပစ္ခ်ည္းတင္ေနရင္ေတာ့ နားလည္မႈမရွိတဲ့ ခ်စ္သူတစ္ေယာက္လို႔ျမင္လာတတ္ျပီး ကိုယ့္အေပၚအရင္က ထားခဲ့တဲ့ အခ်စ္ေတြ ေလ်ာ႔လာႏိုင္ပါတယ္။ ကိုယ္ကသူ႔အေပၚတစ္ကယ္ခ်စ္ေနရင္ အတတ္ႏုိင္ဆံုး အေကာင္းျမင္ေပးပါ။ ဆိုလိုခ်င္တာက တစ္ခ်ိန္လံုးသူႏွိမ္တာခံေနခိုင္းတာမဟုတ္ပါဘူး။ သူ႔ဘက္က ဘာလိုအပ္ခ်က္ရွိေနေသးလဲဆိုတာကို သံုးသပ္ၾကည့္ပါ။ အတတ္ႏိုင္ဆံုး သူ႔ဘက္၊ ကိုယ့္ဘက္ မွ်မွ်တတေတြးေပးပါ။

ေယာင္းတို႔လည္း ကုိယ့္ခ်စ္သူနဲ႔ျပသနာျဖစ္တဲ့အခါ ကိုယ့္အမွားပါရင္၀န္ခံ၊ သူအမွားပါရင္ ခြင့္လႊတ္ျပီး ၾကည္ႏူးစရာေကာင္းတဲ့ အခ်စ္ေရးတစ္ခုကို ဖန္တီးေပးလိုက္ပါ။


Credit:forhermyanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အချစ်ရေးမှာပြသနာတက်တိုင်းအများအားဖြင့် ယောကျာ်းသားဘက်ကိုချည်းအပြစ်ပြောလေ့ရှိကြတယ်။ သူတို့တကယ်မှားတာလည်းရှိတတ်ပေမယ့် တစ်ခါတစ်လေကျပြန်တော့ နှစ်ယောက်စလုံးဘက်မှာအပြစ်ရှိနေရင်တောင် သူ့ကိုချည်းလွှဲပြောတာက တကယ်တော့မတရားပါဘူး။ သူတကယ်မှားတဲ့အခါ နောင်တရပြီး သင့်အပေါ်အပြစ်မမြင်နိုင်ပေမယ့် တစ်ချိန်လုံးအပြစ်ကြီးတင်နေတာကတော့ သင့်တို့နှစ်ယောက်ရှေ့ရေးအတွက် အက်ကြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

၁။သူစိတ်ပျက်လာလိမ့်မယ်။

လူတစ်ယောက်တစ်ခါမှားလို့ အပြစ်တင်တာကဖြစ်သင့်ပါတယ်။ နောက်ထပ်အဲ့ဒီ့အမှားတွေဖြစ်လာတာနဲ့ သူပဲလုပ်တာလို့ ဇွတ်မှတ်လို့မရဘူးလေ။ သူတစ်ခြားကောင်မလေးတစ်ယောက်နဲ့ စကားပြောတာတွေ့လို့ မှန်မှန်၊ မမှန်မှန် ပထမအကြိမ်တော့ အပြစ်မြင်မှာပဲ။ ကိုယ့်ချစ်သူအပေါ်သဝန်တိုမိတာကိုး။ ဒါပေမယ့် သူကဖောက်ပြန်တာမဟုတ်ဘူးလို့ အထောက်အထားနဲ့တကွ ငြင်းလာတာတောင်မှ သင့်ဘက်က အပြစ်ချည်းတင်နေမယ်ဆိုရင်တော့ သူကြာလေလေ စိတ်ပျက်မိလေလေဖြစ်လာပါလိမ့်မယ်။

၂။လျစ်လျူရှု လာပါလိမ့်မယ်။

ယောကျာ်းလေးတွေက သာမန်အားဖြင့်ရစ်ရင်မကြိုက်တတ်ကြပါဘူး။ ဒါပေမယ့် မေးသင့်မေးထိုက်တဲ့ကိစ္စမျိုးကိုတော့ သူတို့ကြိုက်ကြိုက်မကြိုက်ကြိုက် မေးရမှာက ကိုယ့်တာဝန်ပါပဲ။ အဲ့ဒါနဲ့ပဲ အင်စပိတ်တာလို မေးလားမြန်းလား အသေးစိတ်ကြီးလုပ်နေရင်တော့ သူသည်းမခံနိုင်ပဲ သင့်ကိုမြင်တိုင်းပတ်ပြေးနေပါလိမ့်မယ်။

၃။အပြစ်ကျူးလွန်ချင်စိတ်ပိုများလာလိမ့်မယ်။

ငယ်ငယ်တုန်းက ကိုယ်ဘာလုပ်လုပ်အမေက ဆူနေလွန်းရင် အရွဲ့တိုက်ပြပြီး အဲ့ဒီ့အပြစ်ကိုထပ်ခါထပ်ခါ လုပ်ပြတာမျိုးလူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ အဲ့ဒီ့လိုပါပဲ။ ပြသနာဖြစ်တိုင်းအဖြေရှာရမှာထက် သူမတရားလို့ဖြစ်တာ၊ သူမညှာလို့ဖြစ်တာ ဆိုပြီးတာဆိုပြီး တရမ်းရမ်းအပြစ်ပြောနေရင်တော့ “ငါဘာလုပ်လုပ်သူအပြစ်မြင်နေမှာပဲ” လို့ထင်လာပါလိမ့်မယ်။ တကယ်တော့ သင်ကိုယ်တိုင်သူ့ကို အပြစ်လမ်းထဲတွန်းပို့လိုက်တာပါပဲ။

၄။အချစ်တွေလျော့လာလိမ့်မယ်။

နားလည်မှု၊ ခွင့်လွှတ်မှုဆိုတာ အချစ်မှာအခြေခံကျတဲ့ အစိတ်အပိုင်းပါ။ အချစ်တစ်ခုတည်ဆောက်ဖို့ဆို နားလည်မှုမပါရင် ဖောင်ဒေးရှင်းမခိုင်သလိုပါပဲ။ သူ့ဘက်ကို မငဲ့ညှာပဲ အပြစ်ချည်းတင်နေရင်တော့ နားလည်မှုမရှိတဲ့ ချစ်သူတစ်ယောက်လို့မြင်လာတတ်ပြီး ကိုယ့်အပေါ်အရင်က ထားခဲ့တဲ့ အချစ်တွေ လျော့လာနိုင်ပါတယ်။ ကိုယ်ကသူ့အပေါ်တစ်ကယ်ချစ်နေရင် အတတ်နိုင်ဆုံး အကောင်းမြင်ပေးပါ။ ဆိုလိုချင်တာက တစ်ချိန်လုံးသူနှိမ်တာခံနေခိုင်းတာမဟုတ်ပါဘူး။ သူ့ဘက်က ဘာလိုအပ်ချက်ရှိနေသေးလဲဆိုတာကို သုံးသပ်ကြည့်ပါ။ အတတ်နိုင်ဆုံး သူ့ဘက်၊ ကိုယ့်ဘက် မျှမျှတတတွေးပေးပါ။

ယောင်းတို့လည်း ကိုယ့်ချစ်သူနဲ့ပြသနာဖြစ်တဲ့အခါ ကိုယ့်အမှားပါရင်ဝန်ခံ၊ သူအမှားပါရင် ခွင့်လွှတ်ပြီး ကြည်နူးစရာကောင်းတဲ့ အချစ်ရေးတစ်ခုကို ဖန်တီးပေးလိုက်ပါ။

Credit:forhermyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top