iMyanmarHouse.com - Best Property Website for Myanmar
×

ပန္းျငဳပ္ပြေတြကို အမ်ိဳးမ်ိဳးအဖံုဖံု ခ်က္ျပဳတ္စားေသာက္ၾကတယ္။ ဒါမွမဟုတ္လည္း ဟင္းလ်ာကို ပိုမိုလွပသြားေအာင္ ျဖည့္စြက္တန္ဆာတဲ့အခါ အသံုးျပဳၾကပါတယ္။ ပန္းျငဳပ္ပြေတြမွာ အစိမ္းေရာင္၊ အဝါေရာင္၊ လိေမၼာ္ေရာင္၊ အနီေရာင္ဆိုၿပီး အေရာင္ေလးမ်ိဳး ေတြ႔ႏိုင္ပါတယ္။ ပန္းျငဳပ္ပြေတြဟာ အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္ၿပီး ဓာတ္တိုးဆန္႔က်င္ပစၥည္းနဲ႔ ဗီတာမင္ C လည္း ပါဝင္ၾကပါတယ္။ သို႔ေပမဲ့လည္း အေရာင္ေတြအလိုက္ ထူးျခားတဲ့ ကြာျခားမႈေတြ ႐ွိေနတယ္ဆုိတာကေတာ့ သင္ သိခ်င္မွသိဦးမွာပါ။

၁။ အစိမ္းေရာင္က ဘာလို႔ေစ်းသက္သာတာလဲ?

ဘယ္ေစ်းမွာပဲဝယ္ဝယ္ ပန္းျငဳပ္ပြေတြထဲမွာ အစိမ္းေရာင္ပန္းျငဳပ္ပြက ေစ်းအသက္သာဆံုးပါပဲ။ တကယ္ေတာ့ သူတုိ႔က ေစာေစာစီးစီး ခူးထားလုိ႔သာ စိမ္းေနတာပါ။ မမွည့္ေသးေတာ့ အရသာလည္း မျပည့္စံုေသးဘူးေလ။

၂။ အာဟာရအ႐ွိဆုံးက ...

ပန္းျငဳပ္ပြေတြ အကုန္လံုးက ဗီတာမင္ A ေရာ C ပါ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ Livestrong.com ကေတာ့ အစိမ္းေရာင္ျငဳပ္ပြနဲ႔ယွဥ္ရင္ အနီေရာင္ပန္းျငဳပ္ပြဟာ ကင္ဆာကိုတုိက္ထုတ္ႏိုင္တဲ့ ဘီတာကယ္႐ိုတင္းဓာတ္ေတြ ၁၁ ဆ ပိုမိုပါဝင္တယ္လု႔ိ ဆုိပါတယ္။ အဝါေရာင္ပန္းျငဳပ္ပြေတြကေတာ့ ဗီတာမင္ C ပိုမိုပါဝင္ပါသတဲ့။

၃။ အေရာင္ေတြ ကြာျခားရတာ ဘာေၾကာင့္?

အေပၚမွာ ေရးခဲ့သလိုပါပဲ။ အစိမ္းေရာင္ဆုိတာ မမွည့္ေသးတဲ့ အေနအထားမုိ႔ စိမ္းေနတာပါ။ အစိမ္းေရာင္ကေနမွ အနီေရာင္၊ လိေမၼာ္ေရာင္ သို႔မဟုတ္ အဝါေရာင္အျဖစ္ မွည့္သြားၾကတာ ျဖစ္ပါတယ္။ ဘယ္ျငဳပ္ပြမဆုိ မမွည့္ခင္က စိမ္းေနလို႔ျဖစ္ပါတယ္။ မမွည့္ေသးတဲ့ ျငဳပ္ပြက စားရင္ နည္းနည္းေလး ပိုခါးပါတယ္။

Credit:duwun



ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ပန်းငြုပ်ပွတွေကို အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်စားသောက်ကြတယ်။ ဒါမှမဟုတ်လည်း ဟင်းလျာကို ပိုမိုလှပသွားအောင် ဖြည့်စွက်တန်ဆာတဲ့အခါ အသုံးပြုကြပါတယ်။ ပန်းငြုပ်ပွတွေမှာ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ဆိုပြီး အရောင်လေးမျိုး တွေ့နိုင်ပါတယ်။ ပန်းငြုပ်ပွတွေဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် C လည်း ပါဝင်ကြပါတယ်။ သို့ပေမဲ့လည်း အရောင်တွေအလိုက် ထူးခြားတဲ့ ကွာခြားမှုတွေ ရှိနေတယ်ဆိုတာကတော့ သင် သိချင်မှသိဦးမှာပါ။

၁။ အစိမ်းရောင်က ဘာလို့ဈေးသက်သာတာလဲ?

ဘယ်ဈေးမှာပဲဝယ်ဝယ် ပန်းငြုပ်ပွတွေထဲမှာ အစိမ်းရောင်ပန်းငြုပ်ပွက ဈေးအသက်သာဆုံးပါပဲ။ တကယ်တော့ သူတို့က စောစောစီးစီး ခူးထားလို့သာ စိမ်းနေတာပါ။ မမှည့်သေးတော့ အရသာလည်း မပြည့်စုံသေးဘူးလေ။

၂။ အာဟာရအရှိဆုံးက ...

ပန်းငြုပ်ပွတွေ အကုန်လုံးက ဗီတာမင် A ရော C ပါ ကြွယ်ဝစွာ ပါဝင်ပါတယ်။ Livestrong.com ကတော့ အစိမ်းရောင်ငြုပ်ပွနဲ့ယှဉ်ရင် အနီရောင်ပန်းငြုပ်ပွဟာ ကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေ ၁၁ ဆ ပိုမိုပါဝင်တယ်လု့ိ ဆိုပါတယ်။ အဝါရောင်ပန်းငြုပ်ပွတွေကတော့ ဗီတာမင် C ပိုမိုပါဝင်ပါသတဲ့။

၃။ အရောင်တွေ ကွာခြားရတာ ဘာကြောင့်?

အပေါ်မှာ ရေးခဲ့သလိုပါပဲ။ အစိမ်းရောင်ဆိုတာ မမှည့်သေးတဲ့ အနေအထားမို့ စိမ်းနေတာပါ။ အစိမ်းရောင်ကနေမှ အနီရောင်၊ လိမ္မော်ရောင် သို့မဟုတ် အဝါရောင်အဖြစ် မှည့်သွားကြတာ ဖြစ်ပါတယ်။ ဘယ်ငြုပ်ပွမဆို မမှည့်ခင်က စိမ်းနေလို့ဖြစ်ပါတယ်။ မမှည့်သေးတဲ့ ငြုပ်ပွက စားရင် နည်းနည်းလေး ပိုခါးပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top