iMyanmarHouse.com - Best Property Website for Myanmar
×

အေမရိကန္ အဝတ္အစားကုမၸဏီတစ္ခုက ေရာင္းခ်ေနတဲ့ ႐ႊံ႕လူးဒီဇိုင္း ဂ်င္းေဘာင္းဘီေတြဟာ လူမႈကြန္ရက္ေပၚမွာေတာ့ အေတာ္ေလး ေလွာင္ေျပာင္ခံေနရပါတယ္။ ေဘာင္းဘီရဲ႕ဒီဇိုင္းက တကယ့္ကို ႐ႊံ႕ေတြေပေနတဲ့ အဆင္မ်ိဳး ဖန္တီးထားတာ ျဖစ္ပါတယ္။ ေစ်းကလည္း မနည္းလွပါဘူး။ တစ္ထည္ကို အေမရိကန္ေဒၚလာ ၄၂၅ (က်ပ္ ၅၇၈,၀၀၀ ခန္႔)နဲဲ႔ ေရာင္းခ်ေနပါတယ္။

The Barracuda Straight Leg Jeans လို႔ အမွတ္တံဆိပ္ ရႊံ႕လူးစတုိင္ဂ်င္းေဘာင္းဘီေတြကို ေရာင္းခ်ေနတဲ့ Nordstrom ဝက္ဘ္ဆိုက္ကေတာ့ ဒီလို႐ႊံ႕လူးဒီဇိုင္းဟာ လုပ္ငန္းခြင္မွာဝတ္တဲ့ပံုစံ၊ အလုပ္ကိုႀကိဳးႀကိဳးစားစားလုပ္ေနတယ္ဆိုတဲ့သေဘာမ်ိဳး ရည္႐ြယ္ခ်က္နဲ႔ ဖန္တီးခဲ့တယ္လို႔ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။  ဖန္တီးထုတ္လုပ္တာကေတာ့ နယူးေယာ့ခ္အေျခစိုက္ တန္ဖုိးႀကီးဂ်င္းအမွတ္တံဆိပ္ PRPS က Nordstrom အတြက္ ထုတ္လုပ္ေပးခဲ့တယ္လုိ႔ သိရပါတယ္။

ေဖ့စ္ဘြတ္နဲ႔ တြစ္တာတုိ႔လို လူမႈကြန္ရက္ေတြမွာေတာ့ ႐ႊံ႕လူးဒီဇိုင္းနဲ႔ ဂ်င္းေဘာင္းဘီကို ဝယ္လိုေၾကာင္း ေရးသားတဲ့သူ တစ္ဦးတစ္ေယာက္မွေတာင္ မ႐ွိေသးပါဘူး။ တစ္ထည္ကို က်ပ္ ငါးသိန္းေက်ာ္ ေပးရၿပီး ဘယ္လိုမွ ၾကည့္လို႔မေကာင္းတဲ့ ဂ်င္းေဘာင္းဘီကို ဝယ္ဝတ္ထားရင္လည္း ဘယ္သူကမွ ေစ်းႀကီးေပးဝယ္ရတဲ့ဂ်င္းလို႔ ထင္မွာမဟုတ္တာ ေသခ်ာပါတယ္။

Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမေရိကန် အဝတ်အစားကုမ္ပဏီတစ်ခုက ရောင်းချနေတဲ့ ရွှံ့လူးဒီဇိုင်း ဂျင်းဘောင်းဘီတွေဟာ လူမှုကွန်ရက်ပေါ်မှာတော့ အတော်လေး လှောင်ပြောင်ခံနေရပါတယ်။ ဘောင်းဘီရဲ့ဒီဇိုင်းက တကယ့်ကို ရွှံ့တွေပေနေတဲ့ အဆင်မျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဈေးကလည်း မနည်းလှပါဘူး။ တစ်ထည်ကို အမေရိကန်ဒေါ်လာ ၄၂၅ (ကျပ် ၅၇၈,၀၀၀ ခန့်)နဲ့ ရောင်းချနေပါတယ်။

The Barracuda Straight Leg Jeans လို့ အမှတ်တံဆိပ် ရွှံ့လူးစတိုင်ဂျင်းဘောင်းဘီတွေကို ရောင်းချနေတဲ့ Nordstrom ဝက်ဘ်ဆိုက်ကတော့ ဒီလိုရွှံ့လူးဒီဇိုင်းဟာ လုပ်ငန်းခွင်မှာဝတ်တဲ့ပုံစံ၊ အလုပ်ကိုကြိုးကြိုးစားစားလုပ်နေတယ်ဆိုတဲ့သဘောမျိုး ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။  ဖန်တီးထုတ်လုပ်တာကတော့ နယူးယော့ခ်အခြေစိုက် တန်ဖိုးကြီးဂျင်းအမှတ်တံဆိပ် PRPS က Nordstrom အတွက် ထုတ်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖေ့စ်ဘွတ်နဲ့ တွစ်တာတို့လို လူမှုကွန်ရက်တွေမှာတော့ ရွှံ့လူးဒီဇိုင်းနဲ့ ဂျင်းဘောင်းဘီကို ဝယ်လိုကြောင်း ရေးသားတဲ့သူ တစ်ဦးတစ်ယောက်မှတောင် မရှိသေးပါဘူး။ တစ်ထည်ကို ကျပ် ငါးသိန်းကျော် ပေးရပြီး ဘယ်လိုမှ ကြည့်လို့မကောင်းတဲ့ ဂျင်းဘောင်းဘီကို ဝယ်ဝတ်ထားရင်လည်း ဘယ်သူကမှ ဈေးကြီးပေးဝယ်ရတဲ့ဂျင်းလို့ ထင်မှာမဟုတ်တာ သေချာပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top