iMyanmarHouse.com - Best Property Website for Myanmar
×




Credit: duwun

#Unicode Version
အထူးသဖြင့် မိန်းကလေးအများစုက ဆယ်လ်ဖီဓာတ်ပုံရိုက်တဲ့အခါမှာ မျက်နှာအမူအရာဟန်ပန်အမျိုးမျိုးနဲ့ ရိုက်တတ်ကြပါတယ်။ ခုခေတ်ပေါ်စမတ်ဖုန်းတွေ၊ တက်ဘလက်တွေမှာပါတဲ့ ကင်မရာမှန်ဘီလူးတွေက အရင်ကထက် အရည်အသွေးပိုကောင်းလာပြီး ကြည်လင်ပြတ်သားမှုအား ပိုကောင်းလာတဲ့အတွက် သင့်ရဲ့ လက်ဗွေရာကို အလွယ်တကူ ကူးယူနိုင်ခြေအများကြီးရှိပါတယ်။ ဒါကြောင့် မိမိလက်ချောင်းတွေကို ကင်မရာမှန်ဘီလူးနဲ့ ဝေးဝေးမှာထားပြီး ဓာတ်ပုံရိုက်တာ ပိုစိတ်ချရပါတယ် လို့ ဂျပန်နိုင်ငံ နည်းပညာတက္ကသိုလ်မှ ပါမောက္ခ အီဆာအို အက်ခီဇီန က ပြောခဲ့ပါတယ်။

ဓာတ်ပုံတွေထဲမှာ လက်ညှိုးနှစ်ချောင်းကိုထောင်ပြီး ရိုက်တာတွေက အခြားသူများက သင့်လက်ဗွေရာကို ခိုးယူဖို့ အခွင့်အရေးတစ်ခုရသွားနိုင်ပါတယ်။ ထို့အပြင် ဒီကိစ္စဟာ Celebrity အများစုကို စိတ်ပူစေတယ်လို့လည်း သိရပါတယ်။ Laptop နဲ့ ဖုန်းတွေမှာ သင်က လျို့ဝှက်ကုတ်နံပါတ်ကို အသုံးပြုတယ်ဆိုရင် နံပါတ်မေ့သွားရင်ဖြစ်ဖြစ်၊ တခြားသူတစ်ဦးက ခိုးယူသွားရင်ဖြစ်ဖြစ် နောက်ထပ်နံပါတ်ကုတ်တစ်ခုကို ပြောင်းပြီးထားလို့ရပါတယ်။ ဒါပေမယ့် လက်ဗွေရာကို လူတစ်ယောက်စီမှာ လက်ဗွေရာပုံစံတစ်ခုစီရှိပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လက်ဗွေရာချင်းလုံးဝမတူပါဘူး။

မိမိလက်ဗွေရာကို ပုံတူကူးသွားနိုင်ရင်မယ့် အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ ပိစ် (Peace) လို့ခေါ်တဲ့ လက်နှစ်ချောင်းထောင်တဲ့ပုံစံနဲ့ ဆဲလ်ဖီရိုက်ပြီး မတင်ကြဖို့ အကြံပြုလိုက်ပါတယ်။

Credit: duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top