iMyanmarHouse.com - Best Property Website for Myanmar
×

1. ေန႔တုိင္းေခါင္းမေလွ်ာ္ပါႏွင့္

        ေန႔စဥ္ေန႔တိုင္းေလွ်ာ္တာဟာ တစ္ကိုယ္ရည္သန္႔ရွင္းေရးအတြက္ အေရးႀကီးတယ္လို႔ အထင္ရွိၾကေပမယ့္လည္း တကယ္ေတာ့ ဆံပင္ကို တစ္ရက္ျခားတစ္ခါ (သို႔) ထုိ႔ထက္ပိုၾကာေအာင္ထားၿပီးမွ ေလွ်ာ္သင့္ပါတယ္။ ေခါင္းေလွ်ာ္ရည္နဲ႔ ေရထဲမွာပါတဲ့ ကလိုရင္းဓာတ္၊ ဆားဓာတ္ေတြဟာ ဆံေကသာမွာရွိတဲ့ သဘာဝအဆီေတြကို ဖယ္ရွားပစ္လိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔တိုင္းေခါင္းေလွ်ာ္ပါက ဆံပင္ေတြမာၿပီးၾကမ္းလာႏုိင္ပါတယ္။ ဆံသားပ်က္စီးမႈမွာကာကြယ္ရန္ ရက္ေတာ္ေတာ္ျခားၿပီးမွသာ ေခါင္းေလွ်ာ္သင့္တဲ့အျပင္ ဦးေရျပားကို ႏွိပ္နယ္ေပးျခင္းျဖင့္လည္း အဆီထုတ္လုပ္ႏႈန္းကိုေလ်ာ့က်ေစႏုိင္ပါတယ္။

2. ဆံပင္ကို ဆင္ယင္ထံုးဖြဲ႔ပါ

        ေခါင္းမေလွ်ာ္ထားတဲ့ေန႔ေတြမွာဆိုရင္ ပံုစံေျပာင္းတဲ့အေနနဲ႔ ဆံပင္ကို ထံုးဖြဲ႔ခ်ည္ေႏွာင္လိုၾကမွာအမွန္ပင္ျဖစ္ပါတယ္။ ဒါေပမယ့္ သားေရကြင္းနဲ႔ ဆံပင္ကိုတင္းၾကပ္စြာခ်ည္ေႏွာင္ျခင္းဟာ ဆံပင္ကိုက်ိဳးေၾကပ်က္စီးႏုိင္တာေၾကာင့္ က်စ္ဆံၿမီးဖြဖြက်စ္ျခင္း၊ ဆံထံုးထံုးျခင္းမ်ားဟာ ျပဳလုပ္သင့္ပါတယ္။ ႐ႈပ္ေထြးေနသေယာင္ျပဳလုပ္ထားတဲ့ က်စ္ဆံၿမီးထံုးဖြဲ႔မႈပံုစံဟာ သာမန္စုစည္းထားတဲ့ ဆံပင္ထက္ပိုၾကည့္ေကာင္းတာလည္း အမွန္ပင္ျဖစ္ပါတယ္။

3. ေရဓာတ္ျဖည့္ေပးတဲ့ ေခါင္းေလွ်ာ္ရည္မ်ားကို အသံုးျပဳပါ

        အစိုဓာတ္ကိုထိန္းသိမ္းေပးႏုိင္တဲ့ ေခါင္းေလွ်ာ္ရည္ေတြဟာ ဆံသားကိုက်န္းမာသန္စြမ္းေစ၍ ဆံပင္ပ်က္စီးမႈမွ ကာကြယ္ေပးႏိုင္ပါတယ္။ ထုိ႔ျပင္ ေရဓာတ္ကိုလည္းျဖည့္ေပး၍ ပ႐ိုတင္းနဲ႔အစိုဓာတ္ေတြကိုလည္း ေပးစြမ္းႏုိင္ပါတယ္။

4. ေခါင္းေလွ်ာ္ရည္ကို ႏွစ္ႀကိမ္အသံုးျပဳပါ

        ေခါင္းေလွ်ာ္ရည္ထည့္၍ ေရေဆးခ်ျခင္းကို ႏွစ္ႀကိမ္ျပဳလုပ္ပါ။ အဆီထြက္တဲ့ ဆံသားကိုပိုင္ဆုိင္ထားပါက ႏွစ္ရက္တစ္ႀကိမ္သာ ေခါင္းေလွ်ာ္ဖုိ႔လိုေအာင္ ေခါင္းေလွ်ာ္ရည္ကို ႏွစ္ခါသံုးေပးပါ။ ဒုတိယအႀကိမ္ ေခါင္းေလွ်ာ္ရည္ထည့္တဲ့အခ်ိ္န္မွာ အျမႇဳပ္ပိုထြက္တာကို သတိထားမိပါလိမ့္မယ္။ ဒါဟာ ဆံပင္ေတြပိုမိုသန္႔စင္သြားၿပီးဆိုတာ ျပသတဲ့အခ်က္ပဲျဖစ္ပါတယ္။ ဆံသားေပ်ာ့ေဆးကိုမူ ဒုတိယအႀကိမ္ေခါင္းေလွ်ာ္ရည္အသံုးျပဳၿပီးပါမွ ေနာက္ဆံုးတြင္ တစ္ႀကိမ္သာအသံုးျပဳေပးပါ။

5. ဆံပင္ေပါင္းေဆးကို အသံုးျပဳပါ

        ေဆးဆိုးတာေၾကာင့္ ပ်က္စီးေနတဲ့ဆံပင္ေတြ၊ အဖ်ားႏွစ္ခြျဖစ္ေနတဲ့ ဆံပင္ေတြ၊ က်ိဳးေၾကေနတဲ့ ဆံပင္ေတြအတြက္ စိုဓာတ္ျမင့္မားစြာပါဝင္တဲ့ ေပါင္းေဆးေတြလိုအပ္ပါတယ္။ ဆံေကသာသန္စြမ္းဖုိ႔အတြက္ ေရဓာတ္ျဖည့္ေပးတဲ့ ေခါင္းေလွ်ာ္ရည္နဲ႔အတူ တစ္ပတ္တစ္ခါ ဆံပင္ေပါင္းေဆးကို အသံုးျပဳေပးသင့္ပါတယ္။ ဆံသားကို အာဟာရျဖည့္ေပးႏိုင္တဲ့ ေပါင္းတင္ေဆးဟာ ဆံေကသာမွာဆံုး႐ႈံးသြားတဲ့ အရာမွန္သမွ်ကို ျပန္လည္ျဖည့္တင္းႏုိင္စြမ္းရွိ္ပါတယ္။

6. ႏူးညံ့တဲ့ ဘီးကိုသာအသံုးျပဳပါ

          ပလတ္စတစ္ဘီးေတြနဲ႔ ဆံပင္ကုိ ၾကမ္းတမ္းစြာၿဖီးျခင္းဟာ ဆံသားကိုပ်က္စီးေစႏုိင္ပါတယ္။ ဒါေၾကာင့္ အေမႊးက်ဲက်ဲ၊ ႏုႏု ႏွင့္ ျပဳလုပ္ထားတဲ့ ေလွာ္တက္သ႑ာန္ဘီးေတြကို အသံုးျပဳျခင္းျဖင့္ ဆံသားထိခုိက္မႈကို သက္သာေစမွာျဖစ္ပါတယ္။ ေခါင္းမေလွ်ာ္မီ အသြားက်ဲဘီးမ်ားျဖင့္ ၿဖီးသင္ျခင္းျဖင့္ ဆံပင္႐ႈပ္ေထြးျခင္းမွ ကာကြယ္ႏုိင္ပါတယ္။

7. အပူခံကာကြယ္ေဆးမ်ားကို အၿမဲေဆာင္ထားပါ

        အပူခံဖ်န္းေဆး (သို႔) အဆီေတြဟာ ဆံပင္ေျခာက္ခံစက္၊ ဆံပင္ေျဖာင့္စက္နဲ႔ အျခားအပူေပးကိရိယာေတြေၾကာင့္ ဆံသားပ်က္စီးမႈကို ကာကြယ္ေပးႏုိင္ပါတယ္။ မ်က္ႏွာသုတ္ပုဝါနဲ႔ ေျခာက္ေသြ႔ေအာင္သုတ္ၿပီးေနာက္ အပူခံေဆးေတြကို ဆံပင္အရင္မွ အဖ်ားထိလိမ္းေပးၿပီး ဘီးနဲ႔ေသခ်ာစြာဖီးခ်ပါ။ ဆံပင္မေျခာက္တစ္ေျခာက္ အခ်ိန္ျဖစ္တာေၾကာင့္ အပူခံေဆးေတြဟာ ဆံပင္မွာကပ္ၿငိေနမွာျဖစ္ပါတယ္။ ထုိ႔ေနာက္ ဘီးအဝိုင္း (သို႔) ေလွာ္တက္သ႑ာန္ဘီးေတြကို အသံုးျပဳၿပီး ပံုသြင္းႏုိင္ပါတယ္။ သတိျပဳရန္ကေတာ့ ဆံပင္ေျဖာင့္စက္၊ ေကာက္စက္ေတြအသံုးမျပဳမီ အပူခံဖ်န္ေဆးကို ထပ္မံအသံုးျပဳေပးဖုိ႔လိုပါတယ္။

8. အပူခ်ိန္အနိမ့္ဆံုးျဖင့္သာ ပံုသြင္းပါ

        ဆံပင္အေျခာက္ခံစက္မွ ျမင့္မားလြန္တဲ့ အပူခ်ိန္ေၾကာင့္ ဆံသားေတြကို ကၽြတ္ဆတ္ေစကာ က်ိဳးေၾကပ်က္စီးေစႏုိင္ပါတယ္။ ကၽြမ္းက်င္ပညာရွင္ေတြအသံုးျပဳတဲ့ နည္းပညာအဆင့္ျမင့္အေျခာက္ခံစက္ေတြဟာ အလြန္ပူတာေၾကာင့္ ထုိပစၥည္းမ်ိဳးကို အိမ္မွာအသံုးျပဳျခင္းဟာ ကိုယ့္ဆံပင္ကိုယ္ေလာင္ကၽြမ္းေစတာပဲျဖစ္ပါတယ္။ အပူခ်ိန္နိမ့္တဲ့ပစၥည္းကို အသံုးျပဳျခင္းဟာ ဆံပင္ေျခာက္ဖုိ႔အခ်ိန္ပိုၾကာတယ္ဆုိေပမယ့္လည္း ျမင့္မားတဲ့အပူကိုေရွာင္လႊဲႏိုင္တာေၾကာင့္ ဆံသားပ်က္စီးမႈကို ေရရွည္မွာကာကြယ္ႏုိင္မွာျဖစ္ပါတယ္။ နည္းပညာျမင့္အေကာင္းစား ဆံပင္အေျခာက္ခံစက္ေတြကို ဝယ္ယူအသံုးျပဳျခင္းျဖင့္လည္း ဆံပင္ေျခာက္ဖုိ႔အခ်ိန္ကို ပိုမိုတိုေတာင္းေစႏုိင္ပါတယ္။

9. ဆံပင္ေျဖာင့္စက္အသံုးျပဳပါက အေလာမႀကီးပါႏွင့္

        ဆံပင္ေျဖာင့္စက္အသံုးျပဳတဲ့အခါမွာ အခ်ိန္ကုန္သက္သာေစႏုိင္ဖို႔အတြက္ ဆံပင္ေတြအမ်ားႀကီးယူၿပီး အျမန္လုပ္တာဟာ တကယ္ေတာ့အခ်ိန္ပိုကုန္တဲ့အျပင္ ဆံသားကိုလည္း ပိုမိုပ်က္စီးေစႏုိင္ပါတယ္။ ဆံပင္ေတြဟာ အပူစက္နဲ႔ တစ္ခါေတြ႔တုိင္း တစ္ခါပိုၿပီးပ်က္စီးႏုိင္တာေၾကာင့္ တတ္ႏို္င္သမွ် အပူပစၥည္းေတြနဲ႔ ဆံပင္ေတြကို မထိေတြ႔ပါေစႏွင့္။ ဦးစြာပထမ ဆံပင္အေျခာက္ခံစက္နဲ႔ တတ္ႏိုင္သမွ် ဆံပင္ကိုေျဖာင့္ေနေအာင္ပံုသြင္းပါ။ ၿပီးလွ်င္ ဆံပင္ကိုနည္းနည္းခ်င္းစီသာယူ၍ ေျဖာင့္စက္ျဖင့္ဖိခ်ပါ။ ထုိသို႔ျပဳလုပ္ျခင္းဟာ ဆံပင္ပံုစံကိုလည္းပိုမိုလွပေစတဲ့အျပင္ ခဏခဏလည္းျပန္လုပ္ဖို႔မလိုတာေၾကာင့္ ဆံသားပ်က္စီးဆံုး႐ႈံးမႈမွလည္း သက္သာေစႏုိင္ပါတယ္။

10. ေရမ်ားမ်ားေသာက္ပါ

        ခႏၶာကို္ယ္မွာရွိတဲ့ တျခားဆဲလ္ေတြလိုပဲ ဆံပင္အရင္းအျမစ္ေတြဟာ က်န္းမာသန္စြမ္းဖို႔အတြက္ ေရဓာတ္လိုအပ္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္မ်ားေလေလ၊ ဆံပင္ကိုပိုေရာက္ေလေလျဖစ္တာေၾကာင့္ ဆံသားေတြပိုမိုသန္စြမ္းလာတာကိုေတြ႔ရႏိုင္ပါတယ္။ အကယ္၍ ေရေသာက္ဖုိ႔အခက္အခဲရွိတယ္ဆုိပါက ေရဓာတ္ႂကြယ္ဝစြာပါဝင္တဲ့ ဖရဲသီးနဲ႔ မုန္လာဥနီ ကဲ့သို႔အစားအစာမ်ားကို သေရစာအေနနဲ႔ စားေပးႏုိင္ပါတယ္။

Credit:Dr. Thinzar Wynn



ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

          ဆံသားပြုပြင်ထိန်းသိမ်းမှုတွေအတွက် ငွေကုန်ကြေးကျသက်သာလိုပါသလား? ဆံကေသာကို ကျန်းမာသန်စွမ်းစေလိုပါသလား? ကောင်းမွန်တဲ့ဆံကေသာကို ပိုင်ဆိုင်ထားပါက အလှပြင်ဆိုင်တွေသွားပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းရတဲ့ ဒုက္ခတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

1. နေ့တိုင်းခေါင်းမလျှော်ပါနှင့်

        နေ့စဉ်နေ့တိုင်းလျှော်တာဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အရေးကြီးတယ်လို့ အထင်ရှိကြပေမယ့်လည်း တကယ်တော့ ဆံပင်ကို တစ်ရက်ခြားတစ်ခါ (သို့) ထို့ထက်ပိုကြာအောင်ထားပြီးမှ လျှော်သင့်ပါတယ်။ ခေါင်းလျှော်ရည်နဲ့ ရေထဲမှာပါတဲ့ ကလိုရင်းဓာတ်၊ ဆားဓာတ်တွေဟာ ဆံကေသာမှာရှိတဲ့ သဘာဝအဆီတွေကို ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းခေါင်းလျှော်ပါက ဆံပင်တွေမာပြီးကြမ်းလာနိုင်ပါတယ်။ ဆံသားပျက်စီးမှုမှာကာကွယ်ရန် ရက်တော်တော်ခြားပြီးမှသာ ခေါင်းလျှော်သင့်တဲ့အပြင် ဦးရေပြားကို နှိပ်နယ်ပေးခြင်းဖြင့်လည်း အဆီထုတ်လုပ်နှုန်းကိုလျော့ကျစေနိုင်ပါတယ်။

2. ဆံပင်ကို ဆင်ယင်ထုံးဖွဲ့ပါ

        ခေါင်းမလျှော်ထားတဲ့နေ့တွေမှာဆိုရင် ပုံစံပြောင်းတဲ့အနေနဲ့ ဆံပင်ကို ထုံးဖွဲ့ချည်နှောင်လိုကြမှာအမှန်ပင်ဖြစ်ပါတယ်။ ဒါပေမယ့် သားရေကွင်းနဲ့ ဆံပင်ကိုတင်းကြပ်စွာချည်နှောင်ခြင်းဟာ ဆံပင်ကိုကျိုးကြေပျက်စီးနိုင်တာကြောင့် ကျစ်ဆံမြီးဖွဖွကျစ်ခြင်း၊ ဆံထုံးထုံးခြင်းများဟာ ပြုလုပ်သင့်ပါတယ်။ ရှုပ်ထွေးနေသယောင်ပြုလုပ်ထားတဲ့ ကျစ်ဆံမြီးထုံးဖွဲ့မှုပုံစံဟာ သာမန်စုစည်းထားတဲ့ ဆံပင်ထက်ပိုကြည့်ကောင်းတာလည်း အမှန်ပင်ဖြစ်ပါတယ်။

3. ရေဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်များကို အသုံးပြုပါ

        အစိုဓာတ်ကိုထိန်းသိမ်းပေးနိုင်တဲ့ ခေါင်းလျှော်ရည်တွေဟာ ဆံသားကိုကျန်းမာသန်စွမ်းစေ၍ ဆံပင်ပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ ထို့ပြင် ရေဓာတ်ကိုလည်းဖြည့်ပေး၍ ပရိုတင်းနဲ့အစိုဓာတ်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

4. ခေါင်းလျှော်ရည်ကို နှစ်ကြိမ်အသုံးပြုပါ

        ခေါင်းလျှော်ရည်ထည့်၍ ရေဆေးချခြင်းကို နှစ်ကြိမ်ပြုလုပ်ပါ။ အဆီထွက်တဲ့ ဆံသားကိုပိုင်ဆိုင်ထားပါက နှစ်ရက်တစ်ကြိမ်သာ ခေါင်းလျှော်ဖို့လိုအောင် ခေါင်းလျှော်ရည်ကို နှစ်ခါသုံးပေးပါ။ ဒုတိယအကြိမ် ခေါင်းလျှော်ရည်ထည့်တဲ့အချိန်မှာ အမြှုပ်ပိုထွက်တာကို သတိထားမိပါလိမ့်မယ်။ ဒါဟာ ဆံပင်တွေပိုမိုသန့်စင်သွားပြီးဆိုတာ ပြသတဲ့အချက်ပဲဖြစ်ပါတယ်။ ဆံသားပျော့ဆေးကိုမူ ဒုတိယအကြိမ်ခေါင်းလျှော်ရည်အသုံးပြုပြီးပါမှ နောက်ဆုံးတွင် တစ်ကြိမ်သာအသုံးပြုပေးပါ။

5. ဆံပင်ပေါင်းဆေးကို အသုံးပြုပါ

        ဆေးဆိုးတာကြောင့် ပျက်စီးနေတဲ့ဆံပင်တွေ၊ အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေ၊ ကျိုးကြေနေတဲ့ ဆံပင်တွေအတွက် စိုဓာတ်မြင့်မားစွာပါဝင်တဲ့ ပေါင်းဆေးတွေလိုအပ်ပါတယ်။ ဆံကေသာသန်စွမ်းဖို့အတွက် ရေဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်နဲ့အတူ တစ်ပတ်တစ်ခါ ဆံပင်ပေါင်းဆေးကို အသုံးပြုပေးသင့်ပါတယ်။ ဆံသားကို အာဟာရဖြည့်ပေးနိုင်တဲ့ ပေါင်းတင်ဆေးဟာ ဆံကေသာမှာဆုံးရှုံးသွားတဲ့ အရာမှန်သမျှကို ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိပါတယ်။

6. နူးညံ့တဲ့ ဘီးကိုသာအသုံးပြုပါ

          ပလတ်စတစ်ဘီးတွေနဲ့ ဆံပင်ကို ကြမ်းတမ်းစွာဖြီးခြင်းဟာ ဆံသားကိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အမွှေးကျဲကျဲ၊ နုနု နှင့် ပြုလုပ်ထားတဲ့ လှော်တက်သဏ္ဍာန်ဘီးတွေကို အသုံးပြုခြင်းဖြင့် ဆံသားထိခိုက်မှုကို သက်သာစေမှာဖြစ်ပါတယ်။ ခေါင်းမလျှော်မီ အသွားကျဲဘီးများဖြင့် ဖြီးသင်ခြင်းဖြင့် ဆံပင်ရှုပ်ထွေးခြင်းမှ ကာကွယ်နိုင်ပါတယ်။

7. အပူခံကာကွယ်ဆေးများကို အမြဲဆောင်ထားပါ

        အပူခံဖျန်းဆေး (သို့) အဆီတွေဟာ ဆံပင်ခြောက်ခံစက်၊ ဆံပင်ဖြောင့်စက်နဲ့ အခြားအပူပေးကိရိယာတွေကြောင့် ဆံသားပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာသုတ်ပုဝါနဲ့ ခြောက်သွေ့အောင်သုတ်ပြီးနောက် အပူခံဆေးတွေကို ဆံပင်အရင်မှ အဖျားထိလိမ်းပေးပြီး ဘီးနဲ့သေချာစွာဖီးချပါ။ ဆံပင်မခြောက်တစ်ခြောက် အချိန်ဖြစ်တာကြောင့် အပူခံဆေးတွေဟာ ဆံပင်မှာကပ်ငြိနေမှာဖြစ်ပါတယ်။ ထို့နောက် ဘီးအဝိုင်း (သို့) လှော်တက်သဏ္ဍာန်ဘီးတွေကို အသုံးပြုပြီး ပုံသွင်းနိုင်ပါတယ်။ သတိပြုရန်ကတော့ ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေအသုံးမပြုမီ အပူခံဖျန်ဆေးကို ထပ်မံအသုံးပြုပေးဖို့လိုပါတယ်။

8. အပူချိန်အနိမ့်ဆုံးဖြင့်သာ ပုံသွင်းပါ

        ဆံပင်အခြောက်ခံစက်မှ မြင့်မားလွန်တဲ့ အပူချိန်ကြောင့် ဆံသားတွေကို ကျွတ်ဆတ်စေကာ ကျိုးကြေပျက်စီးစေနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေအသုံးပြုတဲ့ နည်းပညာအဆင့်မြင့်အခြောက်ခံစက်တွေဟာ အလွန်ပူတာကြောင့် ထိုပစ္စည်းမျိုးကို အိမ်မှာအသုံးပြုခြင်းဟာ ကိုယ့်ဆံပင်ကိုယ်လောင်ကျွမ်းစေတာပဲဖြစ်ပါတယ်။ အပူချိန်နိမ့်တဲ့ပစ္စည်းကို အသုံးပြုခြင်းဟာ ဆံပင်ခြောက်ဖို့အချိန်ပိုကြာတယ်ဆိုပေမယ့်လည်း မြင့်မားတဲ့အပူကိုရှောင်လွှဲနိုင်တာကြောင့် ဆံသားပျက်စီးမှုကို ရေရှည်မှာကာကွယ်နိုင်မှာဖြစ်ပါတယ်။ နည်းပညာမြင့်အကောင်းစား ဆံပင်အခြောက်ခံစက်တွေကို ဝယ်ယူအသုံးပြုခြင်းဖြင့်လည်း ဆံပင်ခြောက်ဖို့အချိန်ကို ပိုမိုတိုတောင်းစေနိုင်ပါတယ်။

9. ဆံပင်ဖြောင့်စက်အသုံးပြုပါက အလောမကြီးပါနှင့်

        ဆံပင်ဖြောင့်စက်အသုံးပြုတဲ့အခါမှာ အချိန်ကုန်သက်သာစေနိုင်ဖို့အတွက် ဆံပင်တွေအများကြီးယူပြီး အမြန်လုပ်တာဟာ တကယ်တော့အချိန်ပိုကုန်တဲ့အပြင် ဆံသားကိုလည်း ပိုမိုပျက်စီးစေနိုင်ပါတယ်။ ဆံပင်တွေဟာ အပူစက်နဲ့ တစ်ခါတွေ့တိုင်း တစ်ခါပိုပြီးပျက်စီးနိုင်တာကြောင့် တတ်နိုင်သမျှ အပူပစ္စည်းတွေနဲ့ ဆံပင်တွေကို မထိတွေ့ပါစေနှင့်။ ဦးစွာပထမ ဆံပင်အခြောက်ခံစက်နဲ့ တတ်နိုင်သမျှ ဆံပင်ကိုဖြောင့်နေအောင်ပုံသွင်းပါ။ ပြီးလျှင် ဆံပင်ကိုနည်းနည်းချင်းစီသာယူ၍ ဖြောင့်စက်ဖြင့်ဖိချပါ။ ထိုသို့ပြုလုပ်ခြင်းဟာ ဆံပင်ပုံစံကိုလည်းပိုမိုလှပစေတဲ့အပြင် ခဏခဏလည်းပြန်လုပ်ဖို့မလိုတာကြောင့် ဆံသားပျက်စီးဆုံးရှုံးမှုမှလည်း သက်သာစေနိုင်ပါတယ်။

10. ရေများများသောက်ပါ

        ခန္ဓာကိုယ်မှာရှိတဲ့ တခြားဆဲလ်တွေလိုပဲ ဆံပင်အရင်းအမြစ်တွေဟာ ကျန်းမာသန်စွမ်းဖို့အတွက် ရေဓာတ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်များလေလေ၊ ဆံပင်ကိုပိုရောက်လေလေဖြစ်တာကြောင့် ဆံသားတွေပိုမိုသန်စွမ်းလာတာကိုတွေ့ရနိုင်ပါတယ်။ အကယ်၍ ရေသောက်ဖို့အခက်အခဲရှိတယ်ဆိုပါက ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဖရဲသီးနဲ့ မုန်လာဥနီ ကဲ့သို့အစားအစာများကို သရေစာအနေနဲ့ စားပေးနိုင်ပါတယ်။

Credit:Dr. Thinzar Wynn

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top