iMyanmarHouse.com - Best Property Website for Myanmar
×














အရိပ်ခိုလို့ရတယ်။


ပိတ်စသိပ်မကုန်ဘူး။


နုတယ်။



#Unicode Version
အရပ်ပုလို့ သူများတွေစနောက်နေလား။ စိတ်မညစ်နဲ့နော် ချစ်လို့စကြတာပါ။ အရပ်ပုတဲ့ မိန်းကလေးဖြစ်ရတာ ဂုဏ်ယူလိုက်ပါနော်။

သင့်ချစ်သူ သင့်ထက် အရပ်ပိုပုမှာ စိတ်ပူစရာမလိုဘူး။

အရပ်ရှည်တဲ့ ကောင်မလေးတွေဆို အရပ်ပုတဲ့ ကောင်လေးတွေနဲ့ ချစ်သူထားရမှာ ဝန်လေးကြလေရဲ့။ အရပ်ပုတဲ့ ကောင်မလေးတွေကတော့ ဒါတွေကို စိတ်ပူစရာမလိုပါဘူးနော်။ သင်ချစ်မယ့် ချစ်သူကောင်လေးကလည်း သင့်ထက်အရပ်ပိုရှည်မှာ သေချာပါတယ်။

ဒေါက်ဖိနပ် ဘယ်လောက်မြင့်မြင့်စီးလို့ရတယ်

အရပ်ပုနေလို့ စိတ်ပူစရာမလိုဘူးနော်။ ဒေါက်ဖိနပ်စီးပြီးရှည်အောင်လုပ်လို့ရတာပဲ။ ဒေါက်ဖိနပ်ဘယ်လောက်မြင့်တာ စီးစီး စီးလို့ရတယ်နော်။ ပိုပြီးလည်း ယုံကြည်မှုရှိစေတယ်။

ချစ်စရာကောင်းလို့ လူတွေသတိထားမိတယ်။

သင့်ကို အမျိုးသားတွေအများစုအားဖြင့် ချစ်စရာကောင်းတယ်လို့မြင်ကြပါတယ်။

သင့်ကို ကာကွယ်ပေးချင်ကြတယ်။

အရပ်ပုတဲ့ မိန်းကလေးတွေကို အမျိုးသားတွေ ဒါမှမဟုတ် လူတွေအများအားဖြင့် ကာကွယ်ပေးချင်ကြပါတယ်။

ကလေးတွေက သင့်ကိုချစ်ကြတယ်။

ကလေးတွေက အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းဆို နည်းနည်းလေး ရွံ့ကြပါတယ်။ သင့်ကိုတော့ သူတို့အရမ်းချစ်ကြပါလိမ့်မယ်။

ချစ်သူထားရင် ကုန်းပိုးခိုင်းလို့ရတယ်။

ကလေးလေးတစ်ယောက်လိုပဲ ချစ်သူနောက်ကျောကို ခိုစီးလို့ရပါတယ်။

အရိပ်ခိုလို့ရတယ်။

အကောင်းဆုံးအားသာချက်တစ်ခုပါပဲ။ နေပူရင် အရပ်ရှည်တဲ့သူတွေဘေးကနေ အရိပ်ခိုလို့ရတယ်လေ။

ပိတ်စသိပ်မကုန်ဘူး။

အဝတ်အစား ချုပ်တဲ့အခါမှာ ပိတ်စအကုန်အကျသက်သာပါတယ်။

နုတယ်။

ပုမှ နု၊ ဝမှလှဆိုတဲ့ မြန်မာစကားပုံရှိတယ်မလား။ အရပ်ပုတဲ့မိန်းကလေးတွေဟာ အရပ်ရှည်တဲ့မိန်းကလေးတွေထက် ပိုနုကြပါတယ်။

ကဲအရပ်ပုတာကို ဂုဏ်ယူလိုက်ပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top