iMyanmarHouse.com - Best Property Website for Myanmar
×

ေဘးထြက္ဆိုးက်ိဳး ေတြထဲမွာ ယုံၾကည္မႈလြန္ကဲျခင္းေၾကာင့္ျဖစ္တဲ့ ေဘးထြက္ဆိုးက်ိဳး က အညင္သာဆုံးနဲ႔ အသက္သာဆုံး လို႔ ဗဟုသုတအျဖစ္မွတ္သားဖူးပါတယ္။ယုံၾကည္မႈဆိုတာ ခက္ခဲေနတဲ့အရာအား လုံးၿပီးေျမာက္ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့အရာတစ္ခုပါ။ တျခားလူရဲ႕ယုံၾကည္မႈရရွိတဲ့သူဆိုရင္ လည္းဘဝမွာတိုးတက္ေအာင္ျမင္ဖို႔လမ္းစေတြ အမ်ားအျပားရွိေနပါတယ္။အဲဒီလိုအမ်ား ရဲ႕ယုံၾကည္ျခင္း ကို ခံရဖို႔ အရင္ဆုံးကိုယ့္ ကိုယ္ကိုယ္ယုံၾကည္မႈရွိဖို႔ အေရးႀကီး ပါတယ္။တခါတေလဘဝမွာ ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြမ်ားလြန္းတာေၾကာင့္ကိုယ့္ကိုယ္ ကိုယ္ယုံၾကည္ေနတဲ့ စိတ္ေတြေတာင္ ဘယ္ေရာက္ ကုန္မွန္းမသိပါဘူး။အခုေတာ့ယုံၾကည္မႈမရွိတဲ့ အမ်ိဳးသမီးေတြရဲ႕ပုံစံက ဘယ္လိုရွိသလဲ၊ ကိုယ္တိုင္ေရာ ဒီအခ်က္ေတြနဲ႔ၿငိေနသလားဆိုတာ ေလ့လာဆန္းစစ္ႏိုင္ဖို႔ ပရိသတ္ႀကီးအတြက္ေဖာ္ျပေပး လိုက္ပါတယ္။
(၁)ပတ္ဝန္းက်င္ကိုဂ႐ုစိုက္လြန္းျခင္း
ကိုယ္ကိုယ္ကိုယ္ေပ်ာ္႐ႊင္ေအာင္ေနဖို႔ထက္ တျခားလူေတြသင့္ကိုျမင္တဲ့အျမင္နဲ႔ပတ္သက္ၿပီးစိုးရိမ္ရင္း အခ်ိန္ကုန္ေနတတ္ တယ္။ဒါကအဓိက ျပႆနာပဲ။သင့္ကိုလူတိုင္းကအဆင္ေျပတယ္၊ စမတ္က်တယ္ လို႔ျမင္ေစ၊ေျပာေစခ်င္ေနတယ္။ ေကာင္းတဲ့ သူကိုေကာင္းတဲ့အေလ်ာက္ေဝဖန္ၾကသလို မေကာင္းတဲ့ သူကိုလည္းမေကာင္းတဲ့အေလ်ာက္ကဲ့ရဲ႕ၾကတဲ့ လူ႔သဘာဝကို သင္အၿမဲသတိရေနဖို႔လိုပါတယ္။

(၂)တျခားလူေတြနဲ႔ကိုယ့္ကိုယ္ကိုယ္ႏႈိင္းယွဥ္ျခင္း

မိန္းကေလး တို႔ အလွ ကို ထိခိုက္ေစတဲ့ေဒါသကို ဘယ္လိုထိန္းမလဲ
ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈမရွိတဲ့သူက တျခားသူေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ႏႈိင္းယွဥ္ၿပီး အၿမဲအား ငယ္စိတ္ဓာတ္က်ေနတတ္ပါတယ္။အဲဒီလို တျခားသူေတြနဲ႔ႏႈိင္းယွဥ္တဲ့အခါ ကိုယ့္ရဲ႕အမွားေတြကိုပဲ ထပ္ခါတလဲလဲေတြ႕ရမွာပါ။ဒါေၾကာင့္ ႏႈိင္းယွဥ္ခ်င္ရင္ မေန႔က ငါနဲ႔ ဒီေန႔ငါ ဘာကြဲသြားလဲဆိုတာ ပဲႏႈိင္းယွဥ္ပါ။တျခားသူေတြနဲ႔ႏႈိင္းယွဥ္ၿပီး စိတ္ဓာတ္မက်ပါနဲ႔။

(၃)သနားစရာကိုယ္ေနဟန္ထား
ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈမရွိတဲ့သူတစ္ေယာက္မွာ တက္ႂကြတဲ့ပုံစံမေတြ႕ရသလို အၿမဲတမ္းေပ်ာ့ တိေပ်ာ့ဖက္ျဖစ္ေန တတ္ပါတယ္။ကိုယ္ေနဟန္ထားကလည္းခပ္႐ို႕႐ို႕ျဖစ္ေနၿပီး လူအမ်ားရဲ႕ေရွ႕မွာ သနားစရာပုံစံျဖစ္ေနပါတယ္။ဒီလိုတျခား သူေတြကို ရင္မဆိုင္ရဲတဲ့ သင့္ရဲ႕ ယုံၾကည္ခ်က္မဲ့ေနတဲ့ပုံစံကပဲ သနားတဲ့အၾကည့္၊ႏွိမ္တဲ့အၾကည့္ေတြနဲ႔ တျခားလူေတြရဲ႕သတိျပဳျခင္းကို ခံရႏိုင္ပါတယ္။

(၄)ခ်ီးမြမး္စကားေတြအတြက္ သက္ေတာင့္သက္သာမျဖစ္ျခင္း
တစ္စုံတစ္ေယာက္က သင့္ရဲ႕စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီးခ်ီးက်ဴးစကားဆိုတဲ့အခါ သင့္ကိုယ္သင္မလုံ မလဲျဖစ္ၿပီး မသက္မသာခံစားရပါလိမ့္မယ္။ကိုယ့္ကိုယ္ကိုယ္ယုံၾကည္ မႈမရွိတဲ့အတြက္ ကိုယ့္ရဲ႕အရည္ အခ်င္းကိုေတာင္ အသိအမွတ္မျပဳရဲျဖစ္ေနတာဟာ ဘဝမွာ က်ရႈံးျခင္းရဲ႕လမ္းစပဲျဖစ္ပါတယ္။ဒါ့အျပင္ ကိုယ့္ကိုယ္ခ်ီးမြမး္ေနတဲ့သူကို အေကာင္းဆုံးတုန႔္ျပန္ေက်းဇူးတင္ႏိုင္ျခင္းမရွိတဲ့အတြက္လည္း လူမႈဆက္ဆံေရုးမွာနစ္နာဆုံးရႈံးမႈေတြျဖစ္လာႏိုင္ပါတယ္။
(၅)ေဝဖန္မႈေတြကိုမခံစားႏိုင္ျခင္း
အလုပ္မွာပဲျဖစ္ျဖစ္၊ ေပါင္းသင္းဆက္ဆံေရးမွာပဲျဖစ္ျဖစ္ သင့္ရဲ႕လုပ္ေဆာင္ခ်က္အေကာင္းအ ဆိုးေပၚမူတည္ ၿပီးေန႔စဥ္္နဲ႔ အမွ်ေဝဖန္အႀကံျပဳမႈေတြရွိေနမွာပါ။ဒီလိုေဝဖန္မႈေတြထဲက သင့္အတြက္ အသုံးဝင္မယ့္အရာကိုေ႐ြးထုတ္ အသုံးမဝင္တာေတြကို စြန႔္လႊတ္ႏိုင္ ဖို႔ကလည္းအေရးႀကီးပါတယ္။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈမရွိတဲ့သူအတြက္ကေတာ့ အမ်ားရဲ႕ေဝဖန္သံေတြကိုပဲ အာ႐ုံစိုက္ၿပီး ေရွ႕ဆက္ဘာလုပ္ရမလဲဆိုတာစဥ္းစားႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ေဝဖန္သံေတြၾကားမွာ အလဲလဲအၿပိဳၿပိဳျဖစ္ေနလို႔ပါ။
READ
၀က္ၿခံ ကို ထိုးဆြျခင္းမလုပ္သင့္တဲ့ သတိျပဳစရာအႏၲရာယ္မ်ားအေၾကာင္း

(၆)အဆိုးဘက္ကပဲေတြးျခင္း
ဘယ္အရာမဆို အဆိုးဘက္္ကပဲေတြးတတ္တဲ့ သူေတြဟာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ မရွိတဲ့ သူေတြျဖစ္ပါတယ္။အဆိုးျမင္စိတ္ေၾကာင့္ဘဝရဲ႕ေအာင္ျမင္ေရးနည္းလမ္းေတြကိုလည္း လက္လႊတ္ဆုံးရႈံး ရႏိုင္ပါတယ္။

(၇)ထပ္ခါထပ္ခါေတာင္းပန္ေနျခင္
ေတာင္းပန္ပါတယ္ ဆိုတဲ့စကားကိုအခ်ိန္တိုင္းေျပာေနတတ္တဲ့သူဟာ သူ႔ကိုယ္သူ ယုံၾကည္မႈ ဘယ္ေလာက္ရွိႏိုင္မွာလဲ။အမွားေတြအေတြ႕အႀကံဳေတြကေနပဲ ေအာင္ျမင္မႈကိုရွာေဖြရတယ္ဆိုတဲ့ အခ်က္ကိုေမ့ေနပုံပါပဲ။

Credit : aunty may

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ဘေးထွက်ဆိုးကျိုး တွေထဲမှာ ယုံကြည်မှုလွန်ကဲခြင်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး က အညင်သာဆုံးနဲ့ အသက်သာဆုံး လို့ ဗဟုသုတအဖြစ်မှတ်သားဖူးပါတယ်။ယုံကြည်မှုဆိုတာ ခက်ခဲနေတဲ့အရာအား လုံးပြီးမြောက်အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့အရာတစ်ခုပါ။ တခြားလူရဲ့ယုံကြည်မှုရရှိတဲ့သူဆိုရင် လည်းဘဝမှာတိုးတက်အောင်မြင်ဖို့လမ်းစတွေ အများအပြားရှိနေပါတယ်။အဲဒီလိုအများ ရဲ့ယုံကြည်ခြင်း ကို ခံရဖို့ အရင်ဆုံးကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အရေးကြီး ပါတယ်။တခါတလေဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေများလွန်းတာကြောင့်ကိုယ့်ကိုယ် ကိုယ်ယုံကြည်နေတဲ့ စိတ်တွေတောင် ဘယ်ရောက် ကုန်မှန်းမသိပါဘူး။အခုတော့ယုံကြည်မှုမရှိတဲ့ အမျိုးသမီးတွေရဲ့ပုံစံက ဘယ်လိုရှိသလဲ၊ ကိုယ်တိုင်ရော ဒီအချက်တွေနဲ့ငြိနေသလားဆိုတာ လေ့လာဆန်းစစ်နိုင်ဖို့ ပရိသတ်ကြီးအတွက်ဖော်ပြပေး လိုက်ပါတယ်။
(၁)ပတ်ဝန်းကျင်ကိုဂရုစိုက်လွန်းခြင်း
ကိုယ်ကိုယ်ကိုယ်ပျော်ရွှင်အောင်နေဖို့ထက် တခြားလူတွေသင့်ကိုမြင်တဲ့အမြင်နဲ့ပတ်သက်ပြီးစိုးရိမ်ရင်း အချိန်ကုန်နေတတ် တယ်။ဒါကအဓိက ပြဿနာပဲ။သင့်ကိုလူတိုင်းကအဆင်ပြေတယ်၊ စမတ်ကျတယ် လို့မြင်စေ၊ပြောစေချင်နေတယ်။ ကောင်းတဲ့ သူကိုကောင်းတဲ့အလျောက်ဝေဖန်ကြသလို မကောင်းတဲ့ သူကိုလည်းမကောင်းတဲ့အလျောက်ကဲ့ရဲ့ကြတဲ့ လူ့သဘာဝကို သင်အမြဲသတိရနေဖို့လိုပါတယ်။

(၂)တခြားလူတွေနဲ့ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ခြင်း

မိန်းကလေး တို့ အလှ ကို ထိခိုက်စေတဲ့ဒေါသကို ဘယ်လိုထိန်းမလဲ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့သူက တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ပြီး အမြဲအား ငယ်စိတ်ဓာတ်ကျနေတတ်ပါတယ်။အဲဒီလို တခြားသူတွေနဲ့နှိုင်းယှဉ်တဲ့အခါ ကိုယ့်ရဲ့အမှားတွေကိုပဲ ထပ်ခါတလဲလဲတွေ့ရမှာပါ။ဒါကြောင့် နှိုင်းယှဉ်ချင်ရင် မနေ့က ငါနဲ့ ဒီနေ့ငါ ဘာကွဲသွားလဲဆိုတာ ပဲနှိုင်းယှဉ်ပါ။တခြားသူတွေနဲ့နှိုင်းယှဉ်ပြီး စိတ်ဓာတ်မကျပါနဲ့။

(၃)သနားစရာကိုယ်နေဟန်ထား
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့သူတစ်ယောက်မှာ တက်ကြွတဲ့ပုံစံမတွေ့ရသလို အမြဲတမ်းပျော့ တိပျော့ဖက်ဖြစ်နေ တတ်ပါတယ်။ကိုယ်နေဟန်ထားကလည်းခပ်ရို့ရို့ဖြစ်နေပြီး လူအများရဲ့ရှေ့မှာ သနားစရာပုံစံဖြစ်နေပါတယ်။ဒီလိုတခြား သူတွေကို ရင်မဆိုင်ရဲတဲ့ သင့်ရဲ့ ယုံကြည်ချက်မဲ့နေတဲ့ပုံစံကပဲ သနားတဲ့အကြည့်၊နှိမ်တဲ့အကြည့်တွေနဲ့ တခြားလူတွေရဲ့သတိပြုခြင်းကို ခံရနိုင်ပါတယ်။

(၄)ချီးမွမ်းစကားတွေအတွက် သက်တောင့်သက်သာမဖြစ်ခြင်း
တစ်စုံတစ်ယောက်က သင့်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးချီးကျူးစကားဆိုတဲ့အခါ သင့်ကိုယ်သင်မလုံ မလဲဖြစ်ပြီး မသက်မသာခံစားရပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုမရှိတဲ့အတွက် ကိုယ့်ရဲ့အရည် အချင်းကိုတောင် အသိအမှတ်မပြုရဲဖြစ်နေတာဟာ ဘဝမှာ ကျရှုံးခြင်းရဲ့လမ်းစပဲဖြစ်ပါတယ်။ဒါ့အပြင် ကိုယ့်ကိုယ်ချီးမွမ်းနေတဲ့သူကို အကောင်းဆုံးတုန့်ပြန်ကျေးဇူးတင်နိုင်ခြင်းမရှိတဲ့အတွက်လည်း လူမှုဆက်ဆံရေုးမှာနစ်နာဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။
(၅)ဝေဖန်မှုတွေကိုမခံစားနိုင်ခြင်း
အလုပ်မှာပဲဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် သင့်ရဲ့လုပ်ဆောင်ချက်အကောင်းအ ဆိုးပေါ်မူတည် ပြီးနေ့စဉ်နဲ့ အမျှဝေဖန်အကြံပြုမှုတွေရှိနေမှာပါ။ဒီလိုဝေဖန်မှုတွေထဲက သင့်အတွက် အသုံးဝင်မယ့်အရာကိုရွေးထုတ် အသုံးမဝင်တာတွေကို စွန့်လွှတ်နိုင် ဖို့ကလည်းအရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူအတွက်ကတော့ အများရဲ့ဝေဖန်သံတွေကိုပဲ အာရုံစိုက်ပြီး ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာစဉ်းစားနိုင်မှာ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ဝေဖန်သံတွေကြားမှာ အလဲလဲအပြိုပြိုဖြစ်နေလို့ပါ။
READ
ဝက်ခြံ ကို ထိုးဆွခြင်းမလုပ်သင့်တဲ့ သတိပြုစရာအန္တရာယ်များအကြောင်း

(၆)အဆိုးဘက်ကပဲတွေးခြင်း
ဘယ်အရာမဆို အဆိုးဘက်ကပဲတွေးတတ်တဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ သူတွေဖြစ်ပါတယ်။အဆိုးမြင်စိတ်ကြောင့်ဘဝရဲ့အောင်မြင်ရေးနည်းလမ်းတွေကိုလည်း လက်လွှတ်ဆုံးရှုံး ရနိုင်ပါတယ်။

(၇)ထပ်ခါထပ်ခါတောင်းပန်နေခြင်
တောင်းပန်ပါတယ် ဆိုတဲ့စကားကိုအချိန်တိုင်းပြောနေတတ်တဲ့သူဟာ သူ့ကိုယ်သူ ယုံကြည်မှု ဘယ်လောက်ရှိနိုင်မှာလဲ။အမှားတွေအတွေ့အကြုံတွေကနေပဲ အောင်မြင်မှုကိုရှာဖွေရတယ်ဆိုတဲ့ အချက်ကိုမေ့နေပုံပါပဲ။

Credit : aunty may


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top