iMyanmarHouse.com - Best Property Website for Myanmar
×

ရံုး မွာပဲျဖစ္ျဖစ္ အိမ္ မွာပဲျဖစ္ျဖစ္ ေန႔လည္စာ စားၿပီးရင္ ငိုက္ျမည္းတတ္ၾကပါတယ္။ မငိုက္ျမည္းၾကရင္ေတာင္ အိပ္ခ်င္စိတ္အျပင္းအထန္ျဖစ္ၾကပါတယ္။ မ်က္လံုး ကို ဖြင့္ထားဖို႔မနည္းႀကိဳးစားရပါတယ္။ ဘာေၾကာင့္ျဖစ္လဲဆိုတဲ့ အေၾကာင္းရင္းရွိလား ဆိုရင္ ရွိပါတယ္။ ေန႔လည္စာ ကို အဝအျပဲစားတာမ်ိဳး ဒါမွမဟုတ္ ကာဗြန္ဟိုက္ၿဒိပ္ေျမာက္မ်ားစြာပါဝင္တဲ႔ အစားအစာကို စားမိတာမ်ိဳးဆိုရင္ ခုလိုအိပ္ခ်င္စိတ္ေတြ ထိန္းမရေအာင္ ျဖစ္တတ္ပါတယ္။ အဓိက အေၾကာင္းအရင္းကေတာ့ ေန႔လည္စာ စားၿပီးတဲ့ အခါမွာ အင္ဆူလင္ ( insulin levels) ဟာ ျမွင့္တက္လာပါတယ္။ ဒါဟာဘာလို႔လဲဆိုရင္ ကၽြန္မ တို႔စားတဲ႔ အစားအစာ အားလံုးအတြက္ ေသြးသြင္းသၾကားဓာတ္ကို ထိန္းညွိေပးဖို႔ ပန္ကရိယကေန အင္ဆူလင္ေတြကို ထုတ္လႊတ္ေပးပါတယ္။ ဒါေၾကာင့္ အစာပိုစားေလ အင္ဆူလင္ ပိုထုတ္ေလ ျဖစ္တဲ႔အတြက္ ပိုအိပ္ခ်င္ေလပဲ ျဖစ္ပါတယ္။
အင္ဆူလင္ျမွင့္တက္လာတဲ႔အခါ အိပ္ခ်င္ေစတဲ႔ ေဟာ္မုန္းေတြကို ထုတ္လႊတ္ပါတယ္။ ထိုေဟာ္မုန္းေတြက တစ္ဆင့္ အာရံုေၾကာေတြဟာ ခႏၶာကိုယ္ ကိုေလးလံေစလာၿပီး စိတ္ေရာကိုယ္ပါ အစာေခ်ဖ်က္ျခင္း စနစ္တစ္ခုထဲကို အာရံုစိုက္လာေစပါတယ္။ ေနာက္ထပ္အေရးႀကီးတဲ႔ အခ်က္တစ္ခ်က္ကေတာ့ အစာစားၿပီးတဲ႔အခါ အစာေတြကို ေခ်ဖ်က္ဖို႔ စြမ္းအင္လိုပါတယ္။ ခႏၶာကိုယ္ ေသြးေၾကာေတြဟာ အစာေျခဖ်က္ျခင္းအလုပ္အတြက္ လမ္းေၾကာင္းေျပာင္းေပးျခင္း ခံရတာေၾကာင့္ ကၽြန္မတို႔ဟာ အားအင္လိုအပ္ျခင္းကို ခံစားလာရၿပီး အိပ္ငိုက္ျခင္းကို ျဖစ္လာေစပါတယ္။ ညစာစားၿပီးတဲ႔အခါမွာလည္း ထို႔အတူပဲ ငိုက္ျမည္းျခင္းကို ခံစားရပါတယ္။ ဒါေပမယ့္ ညစာစားၿပီး သိပ္မၾကာခင္မွာ ကၽြန္မတို႔ဟာ အိပ္ယာ ဝင္ၾကတာေၾကာင့္ သိပ္သိသာမႈမရွိတာပဲ ေန႔လည္စာ စားၿပီးရင္သာ ငိုက္ျမည္းၾကျခင္း ျဖစ္ပါတယ္။

Credit : momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရုံး မှာပဲဖြစ်ဖြစ် အိမ် မှာပဲဖြစ်ဖြစ် နေ့လည်စာ စားပြီးရင် ငိုက်မြည်းတတ်ကြပါတယ်။ မငိုက်မြည်းကြရင်တောင် အိပ်ချင်စိတ်အပြင်းအထန်ဖြစ်ကြပါတယ်။ မျက်လုံး ကို ဖွင့်ထားဖို့မနည်းကြိုးစားရပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတဲ့ အကြောင်းရင်းရှိလား ဆိုရင် ရှိပါတယ်။ နေ့လည်စာ ကို အဝအပြဲစားတာမျိုး ဒါမှမဟုတ် ကာဗွန်ဟိုက်ဒြိပ်မြောက်များစွာပါဝင်တဲ့ အစားအစာကို စားမိတာမျိုးဆိုရင် ခုလိုအိပ်ချင်စိတ်တွေ ထိန်းမရအောင် ဖြစ်တတ်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ နေ့လည်စာ စားပြီးတဲ့ အခါမှာ အင်ဆူလင် ( insulin levels) ဟာ မြှင့်တက်လာပါတယ်။ ဒါဟာဘာလို့လဲဆိုရင် ကျွန်မ တို့စားတဲ့ အစားအစာ အားလုံးအတွက် သွေးသွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ပန်ကရိယကနေ အင်ဆူလင်တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် အစာပိုစားလေ အင်ဆူလင် ပိုထုတ်လေ ဖြစ်တဲ့အတွက် ပိုအိပ်ချင်လေပဲ ဖြစ်ပါတယ်။
အင်ဆူလင်မြှင့်တက်လာတဲ့အခါ အိပ်ချင်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ထိုဟော်မုန်းတွေက တစ်ဆင့် အာရုံကြောတွေဟာ ခန္ဓာကိုယ် ကိုလေးလံစေလာပြီး စိတ်ရောကိုယ်ပါ အစာချေဖျက်ခြင်း စနစ်တစ်ခုထဲကို အာရုံစိုက်လာစေပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ အစာစားပြီးတဲ့အခါ အစာတွေကို ချေဖျက်ဖို့ စွမ်းအင်လိုပါတယ်။ ခန္ဓာကိုယ် သွေးကြောတွေဟာ အစာခြေဖျက်ခြင်းအလုပ်အတွက် လမ်းကြောင်းပြောင်းပေးခြင်း ခံရတာကြောင့် ကျွန်မတို့ဟာ အားအင်လိုအပ်ခြင်းကို ခံစားလာရပြီး အိပ်ငိုက်ခြင်းကို ဖြစ်လာစေပါတယ်။ ညစာစားပြီးတဲ့အခါမှာလည်း ထို့အတူပဲ ငိုက်မြည်းခြင်းကို ခံစားရပါတယ်။ ဒါပေမယ့် ညစာစားပြီး သိပ်မကြာခင်မှာ ကျွန်မတို့ဟာ အိပ်ယာ ဝင်ကြတာကြောင့် သိပ်သိသာမှုမရှိတာပဲ နေ့လည်စာ စားပြီးရင်သာ ငိုက်မြည်းကြခြင်း ဖြစ်ပါတယ်။

Credit : momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top