iMyanmarHouse.com - Best Property Website for Myanmar
×

သင္မၾကာခဏ ဖတ္ဖူးေနက်ျဖစ္တဲ့ ေဆာင္းပါးေတြမွာ ဆြဲေဆာင္မႈရွိေအာင္ ဘယ္လိုေနထုိင္ရမယ္ဆုိတဲ့ အခ်က္ေတြ အျမဲေရးသားထားတာ ေတြ႕ရပါလိမ့္မယ္။ ကိုယ္သေဘာက်တဲ့သူရဲ႕ ေရွ႕မွာ ဆြဲေဆာင္မႈရွိရွိေလး ျဖစ္ေနခ်င္တာမ်ိဳးဆို ဘယ္လိုလုပ္ရမလဲ ဆုိတာမ်ိဳးေတြေပါ့။ တကယ္ေတာ့ ဆြဲေဆာင္မႈရွိျခင္းရဲ႕ လ်ွိဳ႕၀ွက္ခ်က္ဆုိမွေတာ့ ကိုယ့္ရဲ႕ေနထုိင္ေျပာဆုိမႈ၊ အျပင္အဆင္ေတြကအစ အရာေတာ္ေတာ္မ်ားမ်ားဟာ ဆြဲေဆာင္မႈရွိေနရမွာေပါ့။ အဲ့ဒီလိုျဖစ္ဖုိ႕ အဓိက အေရးပါတဲ့ အခ်က္ေလးေတြ ရွိေနပါတယ္။ ဘာေတြမ်ားလဲ။

၁။ ဆြဲေဆာင္မႈရွိတဲ့သူေတြဟာ အနည္းဆံုးေတာ့ ၾကည့္ေကာင္းၾကပါတယ္။
အမွန္တရားတစ္ခုကေတာ့ သိပ္ရုပ္ဆိုးေနတဲ့သူေတြက ဆြဲေဆာင္မႈရွိပါတယ္လို႕ ေျပာရင္ဘယ္လုိမွ မျဖစ္ႏိုင္တဲ့ အခ်က္ပါ။ ဟုတ္ပါတယ္။ ဆြဲေဆာင္မႈရွိတဲ့သူေတြဟာ အနည္းဆံုး သိပ္ေခ်ာသိပ္လွ မေနရင္ေတာင္ ၾကည့္ေကာင္းေနရပါမယ္။ အဲ့ဒီေတာ့ အဲ့ဒီလိုလူမ်ိဳးေတြ က ေလ့က်င့္ခန္းေတြ လုပ္ရင္လုပ္မယ္၊ အ၀တ္အစားကုိ အထာက်ေအာင္ ၀တ္ခ်င္၀တ္မယ္၊ တစ္ခုခုေတာ့ ထူးျခားေနပါလိမ့္မယ္။

၂။သူတုိ႕မွာ ဟာသဥာဏ္ ရွိၾကပါတယ္။
ဆြဲေဆာင္မႈရွိတဲ့လူေတြရဲ႕ လ်ွိဳ႕၀ွက္ခ်က္တစ္ခုက သူတုိ႕နားမွာ သူငယ္ခ်င္း၊ အေပါင္းအေဖာ္ေတြ အျမဲရွိေနတတ္တာပါ။ အဲ့ဒီလူေတြဟာ ဘ၀ကို အထီးက်န္စြာ မျဖတ္သန္းၾကပါဘူး။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းတတ္ၾကျပီး အထူးသျဖင့္ေတာ့ တစ္ဖက္လူကို ဘယ္လိုေျပာဆုိ ဆက္ဆံရမယ္ဆုိတာကို ေကာင္းေကာင္းနားလည္သေဘာေပါက္ၾကတဲ့ သူေတြပါပဲ။ ဒါ့အျပင္ သူတုိ႕ဟာ လူေတြကိုရယ္ေမာေစတဲ့ ဟာသဥာဏ္လညး္ ရႊင္ပါသတဲ့။

၃။ဆြဲေဆာင္မႈရွိသူေတြမွာ အလုပ္အကုိင္ေကာင္းေကာင္း ရွိၾကပါတယ္။
လူတစ္ေယာက္ဟာ သူ႕အသက္အရြယ္မွာ သူ႕အလုပ္အကိုင္ေလးတစ္ခုေတာ့ ရွိေနသင့္ပါျပီ။ သူ႕ပေရာ္ဖက္ရွင္နယ္က ဘာဆုိျပီး ကိုယ့္ကိုကုိယ္ယံုၾကည္မႈရွိတဲ့သူေတြေလာက္ ဆြဲေဆာင္မႈရွိတဲ့သူ ရွိပါ့ဦးမလား။

၄။ သူတုိ႕မွာ တကယ့္ကိုတက္ၾကြလန္းဆန္းတဲ့ ဘ၀မ်ိဳးေတြ ရွိၾကတယ္။
ဆြဲေဆာင္မႈရွိတဲ့သူေတြရဲ႕ ဘ၀မွာ သူတုိ႕သေဘာက် သူတုိ႕ဖန္တီးႏိုင္တဲ့ စိတ္ကူးအိပ္မက္ေတြ ရွိသလို ၀ါသနာေတြလညး္ ရွိေနတတ္ၾကတယ္။ အဲ့ဒါေတြနဲ႕ သူတုိ႕ရဲ႕ ေန႕သစ္ေတြကို ျဖတ္သန္းရင္း လန္းဆန္းစြာ ဘ၀ကို ျဖတ္သန္းတတ္ၾကပါတယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

သင်မကြာခဏ ဖတ်ဖူးနေကျဖြစ်တဲ့ ဆောင်းပါးတွေမှာ ဆွဲဆောင်မှုရှိအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ အချက်တွေ အမြဲရေးသားထားတာ တွေ့ရပါလိမ့်မယ်။ ကိုယ်သဘောကျတဲ့သူရဲ့ ရှေ့မှာ ဆွဲဆောင်မှုရှိရှိလေး ဖြစ်နေချင်တာမျိုးဆို ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးတွေပေါ့။ တကယ်တော့ ဆွဲဆောင်မှုရှိခြင်းရဲ့ လျှို့ဝှက်ချက်ဆိုမှတော့ ကိုယ့်ရဲ့နေထိုင်ပြောဆိုမှု၊ အပြင်အဆင်တွေကအစ အရာတော်တော်များများဟာ ဆွဲဆောင်မှုရှိနေရမှာပေါ့။ အဲ့ဒီလိုဖြစ်ဖို့ အဓိက အရေးပါတဲ့ အချက်လေးတွေ ရှိနေပါတယ်။ ဘာတွေများလဲ။

၁။ ဆွဲဆောင်မှုရှိတဲ့သူတွေဟာ အနည်းဆုံးတော့ ကြည့်ကောင်းကြပါတယ်။
အမှန်တရားတစ်ခုကတော့ သိပ်ရုပ်ဆိုးနေတဲ့သူတွေက ဆွဲဆောင်မှုရှိပါတယ်လို့ ပြောရင်ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက်ပါ။ ဟုတ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့သူတွေဟာ အနည်းဆုံး သိပ်ချောသိပ်လှ မနေရင်တောင် ကြည့်ကောင်းနေရပါမယ်။ အဲ့ဒီတော့ အဲ့ဒီလိုလူမျိုးတွေ က လေ့ကျင့်ခန်းတွေ လုပ်ရင်လုပ်မယ်၊ အဝတ်အစားကို အထာကျအောင် ဝတ်ချင်ဝတ်မယ်၊ တစ်ခုခုတော့ ထူးခြားနေပါလိမ့်မယ်။

၂။သူတို့မှာ ဟာသဉာဏ် ရှိကြပါတယ်။
ဆွဲဆောင်မှုရှိတဲ့လူတွေရဲ့ လျှို့ဝှက်ချက်တစ်ခုက သူတို့နားမှာ သူငယ်ချင်း၊ အပေါင်းအဖော်တွေ အမြဲရှိနေတတ်တာပါ။ အဲ့ဒီလူတွေဟာ ဘဝကို အထီးကျန်စွာ မဖြတ်သန်းကြပါဘူး။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ကြပြီး အထူးသဖြင့်တော့ တစ်ဖက်လူကို ဘယ်လိုပြောဆို ဆက်ဆံရမယ်ဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်ကြတဲ့ သူတွေပါပဲ။ ဒါ့အပြင် သူတို့ဟာ လူတွေကိုရယ်မောစေတဲ့ ဟာသဉာဏ်လည်း ရွှင်ပါသတဲ့။

၃။ဆွဲဆောင်မှုရှိသူတွေမှာ အလုပ်အကိုင်ကောင်းကောင်း ရှိကြပါတယ်။
လူတစ်ယောက်ဟာ သူ့အသက်အရွယ်မှာ သူ့အလုပ်အကိုင်လေးတစ်ခုတော့ ရှိနေသင့်ပါပြီ။ သူ့ပရော်ဖက်ရှင်နယ်က ဘာဆိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့သူတွေလောက် ဆွဲဆောင်မှုရှိတဲ့သူ ရှိပါ့ဦးမလား။

၄။ သူတို့မှာ တကယ့်ကိုတက်ကြွလန်းဆန်းတဲ့ ဘဝမျိုးတွေ ရှိကြတယ်။
ဆွဲဆောင်မှုရှိတဲ့သူတွေရဲ့ ဘဝမှာ သူတို့သဘောကျ သူတို့ဖန်တီးနိုင်တဲ့ စိတ်ကူးအိပ်မက်တွေ ရှိသလို ဝါသနာတွေလည်း ရှိနေတတ်ကြတယ်။ အဲ့ဒါတွေနဲ့ သူတို့ရဲ့ နေ့သစ်တွေကို ဖြတ်သန်းရင်း လန်းဆန်းစွာ ဘဝကို ဖြတ်သန်းတတ်ကြပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top