iMyanmarHouse.com - Best Property Website for Myanmar
×

ငယ္ငယ္ကေျပာခဲ့ၾကတဲ့ စကားေလးေတာင္ ျပန္ၾကားေယာင္မိတယ္။ “နတ္ျပည္တစ္ရက္ လူ႔ျပည္တစ္သက္” ဆိုတဲ့ ကေလးစကားေလးေတြက မွန္မ်ားေနၿပီလားပဲဗ်။ ဘာလို႔လဲဆိုရင္ က်ေနာ္တို႔ ျမင္ေတြ႔ေနရတဲ့ လေပၚကတစ္ရက္မွာေတာင္ ကမၻာကရက္ေပါင္း ၂၉ ရက္ခြဲနဲ႔ ညီမွ်ေနတယ္ေလ။ ဒါဆို ဒီလိုဘာေၾကာင့္ ကြားျခားေနရတာလဲဆိုတာ စိတ္ဝင္စားစရာပဲဗ်။

အားလံုးသိတဲ့အတိုင္းပဲ က်ေနာ္တို႔ကမၻာေပၚက တစ္ရက္ဆိုတာဟာ ကမၻာရဲ႕မိမိဘာသာ တစ္ပတ္ျပည့္ေအာင္ လည္ပတ္လိုက္တဲ့ ၾကာခ်ိန္ပမာဏပဲမဟုတ္လား။ လေပၚကတစ္ရက္ဆိုတာဟာလည္း ဒီလိုပါပဲ။ လရဲ႕ မိမိဘာသာ တစ္ပတ္ျပည့္ေအာင္ လည္ပတ္လိုက္တဲ့ ၾကာခ်ိန္ပမာဏပါပဲ။ ဒါေၾကာင့္ က်ေနာ္တို႔ ကမၻာေပၚမွာ ေန႔၊ ည ေျပာလဲမႈရွိသလို လေပၚမွာလည္း ေန႔၊ ညေျပာင္းလဲမႈ ရွိတယ္ဗ်။ ကမၻာလိုပဲ ေနနဲ႔ မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေနတဲ့ဘက္ျခမ္းက ေန႔ျဖစ္ၿပီး က်န္တစ္ျခမ္းကေတာ့ ညေပါ့။ အဲဒီလို တစ္လွည့္စီ တစ္ႀကိမ္က်ရင္ တစ္ပတ္ျပည့္ၿပီျဖစ္တဲ့အတြက္ တစ္ရက္ေပါ့ဗ်ာ။

က်ေနာ္တို႔ကမၻာက တစ္ပတ္ျပည့္ဖို႔ရာအတြက္ဆိုရင္ ၂၃ နာရီ ၅၆ မိနစ္ ၄ စကၠန္႔ ၾကာပါတယ္။ ဒါေပမဲ့ လရဲ႕လည္ပတ္ႏႈန္းက ကမၻာထက္ အေတာ္ေလးေႏွးလွဆိုပဲဗ်။ ဘယ္ေလာက္ေတာင္ေႏွးလဲဆိုရင္ ၂၇.၃ ရက္ေတာင္ၾကာတယ္ဆိုပဲ။ ဒါဆို ဒီေနရာမွာ စဥ္းစားစရာတစ္ခုျဖစ္လာၿပီ။ သတိထားမိလားေတာ့မသိဘူးဗ်။ အေပၚမွာေျပာခဲ့တာက “လေပၚက တစ္ရက္က ကမၻာေပၚက ၂၉ ရက္ခြဲနဲ႔ညီမွ်တယ္။ ၿပီးေတာ့ လရဲ႕မိမိဘာသာ တစ္ပတ္ျပည့္ေအာင္ လည္ပတ္လိုက္တဲ့ၾကာခ်ိန္က တစ္ရက္” ဆိုၿပီး အခု လတစ္ပတ္ျပည့္တဲ့ ၾကာခ်ိန္က ဘာေၾကာင့္ ၂၇.၃ ရက္ျဖစ္ေနရတာလဲေပါ့။ ဒါဆို ဘယ္ဟာအမွန္လဲ။ လေပၚကတစ္ရက္က ၂၇.၃ နဲ႔ညီမွ်တာလား ၂၉.၅ ညီမွ်တာလားဆိုတာ အျငင္းပြားစရာတစ္ခုပဲဗ်။

ဒါေပမဲ့ လဟာ ကမၻာလို ေနတစ္မ်ိဳးတည္းကိုပဲ လွည့္ပတ္ေနတာမဟုတ္ဘူးဆိုပဲ။ သူဟာ ကမၻာနဲ႔ ေန ႏွစ္ခုစလံုးကို တစ္ၿပိဳင္တည္း လွည့္ပတ္ေနတာဗ်။ ဒါေၾကာင့္ ကမၻာဟာ ေနကို တစ္ပတ္ျပည့္ေအာင္ လွည့္ပတ္ၿပီးလို႔ မူလအေနအထားအတိုင္း ျပန္ေရာက္သြားတဲ့အခ်ိန္မွာ လကေတာ့ ကမၻာကိုပါ ပတ္ေနရတာမုိ႔ သူ႔ရဲ႕မူလအေနအထားကို အျပည့္အဝ ျပန္မေရာက္ႏိုင္ေသးဘူးဆိုပဲဗ်။ ဘယ္ေလာက္ေတာင္ လိုေသးလဲဆိုရင္ ကမၻာေပၚက ၂.၂ ရက္ေတာင္ လိုေနေသးပါတယ္။ ဒါေၾကာင့္ လေပၚကတစ္ရက္ဟာ ကမၻာေပၚက ၂၉ ရက္ခြဲ (၂၉.၅ ရက္)နဲ႔ ညီမွ်ရျခင္းျဖစ္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ငယ်ငယ်ကပြောခဲ့ကြတဲ့ စကားလေးတောင် ပြန်ကြားယောင်မိတယ်။ “နတ်ပြည်တစ်ရက် လူ့ပြည်တစ်သက်” ဆိုတဲ့ ကလေးစကားလေးတွေက မှန်များနေပြီလားပဲဗျ။ ဘာလို့လဲဆိုရင် ကျနော်တို့ မြင်တွေ့နေရတဲ့ လပေါ်ကတစ်ရက်မှာတောင် ကမ္ဘာကရက်ပေါင်း ၂၉ ရက်ခွဲနဲ့ ညီမျှနေတယ်လေ။ ဒါဆို ဒီလိုဘာကြောင့် ကွားခြားနေရတာလဲဆိုတာ စိတ်ဝင်စားစရာပဲဗျ။

အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့ကမ္ဘာပေါ်က တစ်ရက်ဆိုတာဟာ ကမ္ဘာရဲ့မိမိဘာသာ တစ်ပတ်ပြည့်အောင် လည်ပတ်လိုက်တဲ့ ကြာချိန်ပမာဏပဲမဟုတ်လား။ လပေါ်ကတစ်ရက်ဆိုတာဟာလည်း ဒီလိုပါပဲ။ လရဲ့ မိမိဘာသာ တစ်ပတ်ပြည့်အောင် လည်ပတ်လိုက်တဲ့ ကြာချိန်ပမာဏပါပဲ။ ဒါကြောင့် ကျနော်တို့ ကမ္ဘာပေါ်မှာ နေ့၊ ည ပြောလဲမှုရှိသလို လပေါ်မှာလည်း နေ့၊ ညပြောင်းလဲမှု ရှိတယ်ဗျ။ ကမ္ဘာလိုပဲ နေနဲ့ မျက်နှာချင်းဆိုင် ဖြစ်နေတဲ့ဘက်ခြမ်းက နေ့ဖြစ်ပြီး ကျန်တစ်ခြမ်းကတော့ ညပေါ့။ အဲဒီလို တစ်လှည့်စီ တစ်ကြိမ်ကျရင် တစ်ပတ်ပြည့်ပြီဖြစ်တဲ့အတွက် တစ်ရက်ပေါ့ဗျာ။

ကျနော်တို့ကမ္ဘာက တစ်ပတ်ပြည့်ဖို့ရာအတွက်ဆိုရင် ၂၃ နာရီ ၅၆ မိနစ် ၄ စက္ကန့် ကြာပါတယ်။ ဒါပေမဲ့ လရဲ့လည်ပတ်နှုန်းက ကမ္ဘာထက် အတော်လေးနှေးလှဆိုပဲဗျ။ ဘယ်လောက်တောင်နှေးလဲဆိုရင် ၂၇.၃ ရက်တောင်ကြာတယ်ဆိုပဲ။ ဒါဆို ဒီနေရာမှာ စဉ်းစားစရာတစ်ခုဖြစ်လာပြီ။ သတိထားမိလားတော့မသိဘူးဗျ။ အပေါ်မှာပြောခဲ့တာက “လပေါ်က တစ်ရက်က ကမ္ဘာပေါ်က ၂၉ ရက်ခွဲနဲ့ညီမျှတယ်။ ပြီးတော့ လရဲ့မိမိဘာသာ တစ်ပတ်ပြည့်အောင် လည်ပတ်လိုက်တဲ့ကြာချိန်က တစ်ရက်” ဆိုပြီး အခု လတစ်ပတ်ပြည့်တဲ့ ကြာချိန်က ဘာကြောင့် ၂၇.၃ ရက်ဖြစ်နေရတာလဲပေါ့။ ဒါဆို ဘယ်ဟာအမှန်လဲ။ လပေါ်ကတစ်ရက်က ၂၇.၃ နဲ့ညီမျှတာလား ၂၉.၅ ညီမျှတာလားဆိုတာ အငြင်းပွားစရာတစ်ခုပဲဗျ။

ဒါပေမဲ့ လဟာ ကမ္ဘာလို နေတစ်မျိုးတည်းကိုပဲ လှည့်ပတ်နေတာမဟုတ်ဘူးဆိုပဲ။ သူဟာ ကမ္ဘာနဲ့ နေ နှစ်ခုစလုံးကို တစ်ပြိုင်တည်း လှည့်ပတ်နေတာဗျ။ ဒါကြောင့် ကမ္ဘာဟာ နေကို တစ်ပတ်ပြည့်အောင် လှည့်ပတ်ပြီးလို့ မူလအနေအထားအတိုင်း ပြန်ရောက်သွားတဲ့အချိန်မှာ လကတော့ ကမ္ဘာကိုပါ ပတ်နေရတာမို့ သူ့ရဲ့မူလအနေအထားကို အပြည့်အဝ ပြန်မရောက်နိုင်သေးဘူးဆိုပဲဗျ။ ဘယ်လောက်တောင် လိုသေးလဲဆိုရင် ကမ္ဘာပေါ်က ၂.၂ ရက်တောင် လိုနေသေးပါတယ်။ ဒါကြောင့် လပေါ်ကတစ်ရက်ဟာ ကမ္ဘာပေါ်က ၂၉ ရက်ခွဲ (၂၉.၅ ရက်)နဲ့ ညီမျှရခြင်းဖြစ်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top