iMyanmarHouse.com - Best Property Website for Myanmar
×

Yb0bs515rzz7ttxmxavg
V0ob7fo4zo1yoslrcefm
Jpt4evguzvz6gjucltze
(၃) ရေများများသောက်ပါ။
I4flvdjuo6uuzrwwzxeh (၄) အစားအစာကို ကြေညက်စွာဝါးပါ။

Credit:momolay

#Unicode Version
ခါးနဲ့ ဗိုက်တစ်ဝိုက်မှာ အဆီပိုတွေရှိနေလို့ စိတ်ညစ်နေရလား။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဖြစ်နေလား။ ဒါဆိုရင်တော့ မပူပါနဲ့တော့နော်။ သင့်ရဲ့နေစဉ်အလုပ်လေးတွေကို စနစ်တကျဂရုတစိုက်လုပ်ရင်း အဆီပိုတွေကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) အိပ်ချိန်လုံလောက်စွာထားရှိပါ။
အိပ်ရေးမဝခြင်းကို ခံစားရတဲ့သူအများစုဟာ ပုံမှန်ထက် ကယ်လိုရီများတဲ့ အစားသောက်တွေကို ပိုစားသောက်ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို (၈)နာရီခန့်ထားရှိဖို့ လိုအပ်ပါတယ်။

(၂) သကြားစားသုံးမှုကို ဆန်းစစ်ပါ။
သကြားပါဝင်တဲ့ အစားသောက်တွေကို ပုံမှန်ထက်စားသုံးခြင်းက အသဲကို ထိခိုက်စေပြီး ဝမ်းဗိုက်တစ်ဝိုက်အဆီတွေကို စုစေပါတယ်။

(၃) ရေများများသောက်ပါ။
သင့်ရဲ့တစ်နေ့တာကို ရေနွေးလေးတစ်ခွက်သောက်ပြီး စတင်ခြင်းက အစာခြေလမ်းကြောင်းကို ဆေးကြောသန့်ရှင်းပြီးသား ဖြစ်စေပါတယ်။ ဒါအပြင့် ရေများများသောက်ခြင်းကြောင့် တခြားသရေစာ စားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

 (၄) အစားအစာကို ကြေညက်စွာဝါးပါ။
အစားအစာကို ကြေညက်အောင်မဝါးပဲ မြန်မြန်မြိုချလိုက်ခြင်းက အစာခြေစနစ်ကို အနှောင့်အယှက်ပေးပြီး အဆီပိုများလာစေပါတယ်။

(၅) အမျှင်ဓာတ်များကို အစားအစာကို စားပါ။
အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေကို စားသောက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝမ်းခြင်းချုပ်ကို ကာကွယ်ပေးပါတယ်။

Credit:momolay

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top