iMyanmarHouse.com - Best Property Website for Myanmar
×

စွပ်ပြုတ်


သစ်သီးများ


ချင်း(ဂျင်း)


Credit:မိုမိုလေး

#Unicode Version
ကိုယ်ဝန်စဆောင်ပြီဆိုကတည်းက တချို့ကိုယ်ဝန်ဆောင် မိခင်လောင်းတွေဟာ မနက်ခင်း ပျို့အန်တတ်လေ့ရှိကြပါတယ်။ အန်ပြီးတဲ့အခါ ဗိုက်ထဲမှာ ဆာသလို ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစားအစာကို ရွေးချယ် စားသောက်တတ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ ပျို့အန်ပြီးချိန်မှာ စားသုံးသင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။
စွပ်ပြုတ်

နူးအိနေအောင် ပြုတ်ထားတဲ့ ဘယ်စွပ်ပြုတ်မဆို သောက်လို့ရပါတယ်။ ပျို့အန်ပြီးချိန်မှာ မာတဲ့ အစားအစာတွေကို မစားသင့်သေးပါဘူး။ စွပ်ပြုတ်ကိုလည်း စပ်တာမျိုးတွေ မဖြစ်ရပါဘူး။ အစပ်ပါတဲ့ စွပ်ပြုတ်တွေဟာ အစာအိမ်ကို ထိခိုက်စေနိုင်ပြီး ပျို့အန်ခြင်းကို နောက်တစ်ကြိမ်ထပ်ဖြစ်စေနိုင်တာကြောင့်ပါ။

သစ်သီးများ

ကိုယ်ဝန်ဆောင်မေမေတို့ ပျို့အန်ပြီးချိန်မှာ စားသုံးပေးသင့်တဲ့ အစားအစာတွေမှာ သစ်သီးလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ သစ်သီးဟာ မနက်ခင်းပျို့အန်ခြင်းတွေကိုပါ လျော့နည်းစေပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဘယ်လိုသစ်သီးမျိုးမဆို စားသုံးလို့ရပါတယ်။

ချင်း(ဂျင်း)

ချင်း(ဂျင်း) ဟာ ရေဓါတ်ကုန်ခန်းခြင်းကို လျော့ကျစေပြီး ကိုယ်ဝန်ဆောင်မေမေတို့ ပျို့အန်ခြင်းကို သက်သာစေပါတယ်။ ပျို့အန်ပြီးနောက် ချင်း(ဂျင်း) ကို အပြားသေးသေးလေးတွေ လှီးပြီး စားသုံးပေးသင့်ပါတယ်။

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top