iMyanmarHouse.com - Best Property Website for Myanmar
×

၁။ လံုလံုေလာက္ေလာက္စားပါ

ကေလးႏို႔တိုက္တဲ့ မိခင္ေတြဟာ အစားကို လံုလံုေလာက္ေလာက္နဲ႔ အာဟာရရွိေအာင္ စားေပးရပါမယ္။ ခႏၶာကိုယ္တြင္းမွာ ေရဓာတ္ျပည့္ေနေအာင္လည္း ျဖည့္တင္းရပါမယ္။ အိမ္မွာ စားစရာေတြကို ေဆာင္ထားပါ။ မိခင္က်န္းမာမွ ကေလးကိုလည္း ေကာင္းေကာင္းေစာင့္ေရွာက္ႏိုင္မွာျဖစ္တဲ့အျပင္ ႏို႔ရည္လည္းေကာင္းေကာင္းထြက္ေစပါတယ္။

၂။ ကိုယ္ဝန္ေဆာင္စဥ္ကအားေဆး

ကိုယ္ဝန္လြယ္ထားရစဥ္က ေသာက္ခဲ့တဲ့ အားေဆးေတြကိုလည္း ဆက္ေသာက္ရပါမယ္။ ကေလးႏို႔တုိက္တဲ့အခါ ခႏၶာကိုယ္က ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ပိုလိုအပ္တယ္ေလ။ ကိုယ္ဝန္လြယ္ထားစဥ္ထက္ေတာင္ ပိုၿပီးလိုအပ္တာမို႔ အာားေဆးကို ဆက္ေသာက္ရပါမယ္။

၃။ လူေတြအမ်ားႀကီးနဲ႔ သိပ္မေတြ႔ပါနဲ႔

ကေလးေမြးတဲ့အခါ ခႏၶာကိုယ္က အားအင္ေတြလည္း ကုန္ခမ္းသြားရပါတယ္။ ဟိုဟိုဒီဒီ ေလွ်ာက္မသြားဘဲ အားျပည့္ေအာင္ နားနားေနေန ေနပါ။ ဧည့္သည္ေတြ အမ်ားႀကီးကိုလည္း လက္ခံေတြ႔ဆံုတာမ်ိဳး ခဏေလာက္ေတာ့ ေလ်ာ့ထားလိုက္ပါ။ လူမ်ားမ်ားနဲ႔ေတြ႕ေတာ့ မိခင္ေရာ ကေလးပါ အနားယူခ်ိန္နည္းသြားတယ္ေလ။ မိတ္မပ်က္ေအာင္ေတာ့ ေျပာတတ္ဖုိ႔ အေရးႀကီးပါတယ္။

၄။ ႏို႔တိုက္ရင္စိတ္႐ွည္ပါ

ကေလးကိုႏို႔တုိက္ရတာ ထင္သေလာက္မလြယ္ပါဘူး။ ထင္ထားတာထက္လည္း ပိုမိုခက္ခဲပါတယ္။ ရင္သားေတြ နာက်င္ရပါတယ္။ ႏို႔တုိက္တဲ့အခါ ပံုစံမွန္ေအာင္ သူနာျပဳေတြဆီမွာ ေသေသခ်ာခ်ာ သင္ပါ။
၅။ Kegel ေလ့က်င့္ခန္း

ဒါကေတာ့ ကေလးေမြးၿပီးတဲ့ အမ်ိဳးသမီးတိုင္း မျဖစ္မေန လုပ္သင့္ပါတယ္။ Kegel ေလ့က်င့္ခန္းဆုိတာ သားအိမ္ၾကြက္သားေတြကို သန္မာလာေအာင္ ေလ့က်င့္ေပးတာျဖစ္ၿပီး ဆီးမထိန္းႏိုင္တာ၊ တင္ပါးဆံံု႐ိုးနာတာေတြ သက္သာေစပါတယ္။ ဘယ္လိုလုပ္ရသလဲဆုိတာကို ဒီမွာဖတ္ၾကည့္ပါ။

၆။ ေမးျမန္းဖုိ႔ ဝန္မေလးပါနဲဲ႔

ကိုယ့္ရဲ႕စီနီယာမမေတြဆီက အၾကံဉာဏ္ေတြကို ရယူပါ။ မသိတာေတြကို ေမးျမန္းပါ။ မိခင္အခ်င္းခ်င္းဆုိေတာ့ ကူညီေပးၾကပါလိမ့္မယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁။ လုံလုံလောက်လောက်စားပါ

ကလေးနို့တိုက်တဲ့ မိခင်တွေဟာ အစားကို လုံလုံလောက်လောက်နဲ့ အာဟာရရှိအောင် စားပေးရပါမယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်ပြည့်နေအောင်လည်း ဖြည့်တင်းရပါမယ်။ အိမ်မှာ စားစရာတွေကို ဆောင်ထားပါ။ မိခင်ကျန်းမာမှ ကလေးကိုလည်း ကောင်းကောင်းစောင့်ရှောက်နိုင်မှာဖြစ်တဲ့အပြင် နို့ရည်လည်းကောင်းကောင်းထွက်စေပါတယ်။

၂။ ကိုယ်ဝန်ဆောင်စဉ်ကအားဆေး

ကိုယ်ဝန်လွယ်ထားရစဉ်က သောက်ခဲ့တဲ့ အားဆေးတွေကိုလည်း ဆက်သောက်ရပါမယ်။ ကလေးနို့တိုက်တဲ့အခါ ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုလိုအပ်တယ်လေ။ ကိုယ်ဝန်လွယ်ထားစဉ်ထက်တောင် ပိုပြီးလိုအပ်တာမို့ အာားဆေးကို ဆက်သောက်ရပါမယ်။

၃။ လူတွေအများကြီးနဲ့ သိပ်မတွေ့ပါနဲ့

ကလေးမွေးတဲ့အခါ ခန္ဓာကိုယ်က အားအင်တွေလည်း ကုန်ခမ်းသွားရပါတယ်။ ဟိုဟိုဒီဒီ လျှောက်မသွားဘဲ အားပြည့်အောင် နားနားနေနေ နေပါ။ ဧည့်သည်တွေ အများကြီးကိုလည်း လက်ခံတွေ့ဆုံတာမျိုး ခဏလောက်တော့ လျော့ထားလိုက်ပါ။ လူများများနဲ့တွေ့တော့ မိခင်ရော ကလေးပါ အနားယူချိန်နည်းသွားတယ်လေ။ မိတ်မပျက်အောင်တော့ ပြောတတ်ဖို့ အရေးကြီးပါတယ်။

၄။ နို့တိုက်ရင်စိတ်ရှည်ပါ

ကလေးကိုနို့တိုက်ရတာ ထင်သလောက်မလွယ်ပါဘူး။ ထင်ထားတာထက်လည်း ပိုမိုခက်ခဲပါတယ်။ ရင်သားတွေ နာကျင်ရပါတယ်။ နို့တိုက်တဲ့အခါ ပုံစံမှန်အောင် သူနာပြုတွေဆီမှာ သေသေချာချာ သင်ပါ။
၅။ Kegel လေ့ကျင့်ခန်း

ဒါကတော့ ကလေးမွေးပြီးတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ လုပ်သင့်ပါတယ်။ Kegel လေ့ကျင့်ခန်းဆိုတာ သားအိမ်ကြွက်သားတွေကို သန်မာလာအောင် လေ့ကျင့်ပေးတာဖြစ်ပြီး ဆီးမထိန်းနိုင်တာ၊ တင်ပါးဆံုံရိုးနာတာတွေ သက်သာစေပါတယ်။ ဘယ်လိုလုပ်ရသလဲဆိုတာကို ဒီမှာဖတ်ကြည့်ပါ။

၆။ မေးမြန်းဖို့ ဝန်မလေးပါနဲ့

ကိုယ့်ရဲ့စီနီယာမမတွေဆီက အကြံဉာဏ်တွေကို ရယူပါ။ မသိတာတွေကို မေးမြန်းပါ။ မိခင်အချင်းချင်းဆိုတော့ ကူညီပေးကြပါလိမ့်မယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top