iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
မှန်ကိုထောင်ကြည့်လိုက်လို့ ကိုယ့်ရဲ့ မျက်စံကအညိုရောင်ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်အကြောင်းလေးကို ကိုယ်ဖတ်ကြည့်လိုက်တော့နော်။ မျက်ဝန်းညိုညိုလေးပိုင်ရှင်လေးတွေဟာ ကမ္ဘာပေါ်မှာ လူတော်တော်များများ ပိုင်ဆိုင်ထားတဲ့ မျက်ဝန်းဖြစ်ပါတယ်။
သင်ကိုယ်တိုင် အညိုရောင်မျက်ဝန်းပိုင်ရှင်လေးဖြစ်နေတယ်ဆိုရင်တော့ သင်ဟာ လွတ်လပ်မှုကိုနှစ်သက်တဲ့သူဖြစ်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသူဖြစ်တယ်။ ဒါ့အပြင် စိတ်ဆုံးဖြတ်ချက် ချမှတ်နိုင်သူဖြစ်ပါတယ်။
သင့်ကို ကြည့်လိုက်ရင် လူတိုင်းက ယုံကြည်စိတ်ချကြပြီး လုံခြုံစိတ်ချတယ်။ ပြီးတော့ တည်ငြိမ်တယ်လို့ လူတွေကမြင်ကြပါတယ်။
ဒါတင်မကသေးပါဘူး။ လေ့လာတွေ့ရှိမှုတွေအရ အညိုရောင် မျက်ဝန်းပိုင်ရှင်တွေဟာ ထူးခြားတဲ့သူတွေဖြစ်ကြပါတယ်။
ယုံကြည်မှုအတွက် စွန့်စားချင်စိတ်ရှိကြသလို ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုအပြည့်ရှိလို့ ချန်ပီယံတွေအများကြီး ပေါ်ထွန်းတဲ့သူတွေပါ။
စိတ်သဘောထားပြည့်ဝသူတွေလည်းဖြစ်ပါတယ်။
အညိုရောင်မျက်ဝန်းပိုင်ရှင် မိန်းကလေးတွေဆိုရင် အရမ်းကို ဂရုစိုက်တတ်တဲ့သူတွေဖြစ်ပြီး ချစ်သူခင်သူပေါပါတယ်။ ဒါ့အပြင် ချစ်တဲ့သူအတွက်ဆိုရင် ဘာမဆို လုပ်နိုင်တဲ့သူတွေပါ။
သူ့အပေါ် မကောင်းတဲ့သူတွေကိုလည်း သတိထားလေ့ရှိသူတွေဖြစ်ကြပါတယ်။
Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top