iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္လုပ္ေနတုန္း အာရုံစိုက္လို႔မရတာဟာ လူတုိင္းျဖစ္တတ္တဲ့ ကိစၥမ်ိဳး ျဖစ္ပါတယ္။ အခ်ိန္ပိုင္း၊ မိနစ္ပိုင္းမ်ိဳး ျဖစ္တယ္ဆိုရင္ ကိစၥမရွိပါဘူး။ ဒါေပမယ့္ ေန႔စဥ္ရက္ဆက္နဲ႔ အက်င့္တစ္ခုလို ျဖစ္လာတတ္ပါတယ္။ ဒီအခါမွာေတာ့ သင့္ဘက္က ျပင္ဆင္မႈေတြလုပ္ဖို႔ လိုပါတယ္။

၁ - လက္နဲ႔ေရးပါ

ေရးသားမွတ္ယူရတဲ့ကိစၥေတြမွာ လက္နဲ႔ခ်ေရးလို႔ရတယ္ဆုိရင္ လက္နဲ႔ခ်ေရးပါ။  လက္နဲ႔ခ်ေရးတာဟာ ရုပ္ပိုင္းဆုိင္ရာအရ ပိုမို လႈပ္ရွားရျပီး စိတ္ထဲမွာ ပိုမိုရွင္းလင္းစြာ မွတ္မိပါတယ္။ သင့္အခက္အခဲက အစည္းအေဝးနဲ႔ စာသင္ခန္းမ်ိဳးမွာ အာရုံစိုက္ဖို႔ ခက္ေနတာဆိုရင္ ခ်ေရးျပီးမွတ္စုမွတ္တာက အဆင္ေျပမွာပါ။

၂ - အသံထြက္ပါ

အလုပ္လုပ္ေနတုန္း အသံက်ယ္က်ယ္ေျပာျပီးလုပ္တာ၊ စာက်က္ရင္ေအာ္က်က္တာေတြဟာ သင္လုပ္ေနတဲ့အလုပ္ကို ပိုမိုမွတ္မိေစပါတယ္။ စာေရးျခင္းလိုပဲ အသံထြက္ျခင္းဟာ သင္ေလ့လာေနတဲ့အရာကို ပိုမိုစုပ္ယူမွတ္မိႏုိင္စြမ္းရွိပါတယ္။
၃ - တစ္ခုကိုပဲ အာရုံစိုက္

လုပ္ေနတဲ့ တစ္ခုကိုပဲ အာရုံစိုက္ပါ။ ႏွစ္ခုသံုးခုျပိဳင္လုပ္တာက သင့္ရဲ႕ အာရုံစိုက္ႏုိင္မႈကုိ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အလုပ္လုပ္ရင္း အင္တာနက္သံုးတာ၊ လုပ္ထားတဲ့အလုပ္ကို ျပီးဖို႔ ေစာင့္ေနရင္း အင္တာနက္သံုးတာေတြဟာ အာရုံကို ပ်ံ႕လႊင့္ေစပါတယ္။

၄ - အစီစဥ္ဆြဲပါ

သင္က ဘယ္အခ်ိန္မွာ အလုပ္ကို ဖိဖိစီးစီးလုပ္တတ္တဲ့ အက်င့္ရွိလဲ။ တခ်ိဳ႕က မနက္သမားေတြျဖစ္ျပီး မနက္ပိုင္းေတြမွာ အားစိုက္ျပီး လုပ္တတ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ ေန႔လယ္ ၂ နာရီ၊ ၃ နာရီေလာက္မွာ အရွိန္ရလာျပီး ပိုလုပ္တတ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ ဇီးကြက္ေတြလို သူမ်ားေတြ အိပ္ခ်ိန္မွာ အလုပ္လုပ္တတ္တဲ့ ညသမားေတြ ျဖစ္ပါတယ္။
၅ - အစမွာ စီစဥ္

ေန႔တစ္ေန႔ရဲ႕ အစမွာပဲ ဒီေန႔ ဘာလုပ္မယ္ဆိုတာ အစီစဥ္ဆြဲထားသင့္ပါတယ္။ ဆြဲထားတဲ့ အစီစဥ္တိုင္းတစ္ခုခ်င္းလုပ္သြားတာဟာ သင့္စိတ္ကို ရွင္းလင္းျပီး အလုပ္ျပီးေျမာက္မႈကို အျပည့္အဝခံစားရပါတယ္။ အစီစဥ္ဆြဲတဲ့အခါ အခ်ိန္အတုိင္းအတာကိုပါ ထည့္သြင္းတြက္ခ်က္ထားသင့္ပါတယ္။ အခ်ိန္ဘယ္ေလာက္အတြင္း ျပီးေအာင္ လုပ္မယ္ဆိုတာမ်ိဳးပါ။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အလုပ်လုပ်နေတုန်း အာရုံစိုက်လို့မရတာဟာ လူတိုင်းဖြစ်တတ်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ အချိန်ပိုင်း၊ မိနစ်ပိုင်းမျိုး ဖြစ်တယ်ဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမယ့် နေ့စဉ်ရက်ဆက်နဲ့ အကျင့်တစ်ခုလို ဖြစ်လာတတ်ပါတယ်။ ဒီအခါမှာတော့ သင့်ဘက်က ပြင်ဆင်မှုတွေလုပ်ဖို့ လိုပါတယ်။

၁ - လက်နဲ့ရေးပါ

ရေးသားမှတ်ယူရတဲ့ကိစ္စတွေမှာ လက်နဲ့ချရေးလို့ရတယ်ဆိုရင် လက်နဲ့ချရေးပါ။  လက်နဲ့ချရေးတာဟာ ရုပ်ပိုင်းဆိုင်ရာအရ ပိုမို လှုပ်ရှားရပြီး စိတ်ထဲမှာ ပိုမိုရှင်းလင်းစွာ မှတ်မိပါတယ်။ သင့်အခက်အခဲက အစည်းအဝေးနဲ့ စာသင်ခန်းမျိုးမှာ အာရုံစိုက်ဖို့ ခက်နေတာဆိုရင် ချရေးပြီးမှတ်စုမှတ်တာက အဆင်ပြေမှာပါ။

၂ - အသံထွက်ပါ

အလုပ်လုပ်နေတုန်း အသံကျယ်ကျယ်ပြောပြီးလုပ်တာ၊ စာကျက်ရင်အော်ကျက်တာတွေဟာ သင်လုပ်နေတဲ့အလုပ်ကို ပိုမိုမှတ်မိစေပါတယ်။ စာရေးခြင်းလိုပဲ အသံထွက်ခြင်းဟာ သင်လေ့လာနေတဲ့အရာကို ပိုမိုစုပ်ယူမှတ်မိနိုင်စွမ်းရှိပါတယ်။
၃ - တစ်ခုကိုပဲ အာရုံစိုက်

လုပ်နေတဲ့ တစ်ခုကိုပဲ အာရုံစိုက်ပါ။ နှစ်ခုသုံးခုပြိုင်လုပ်တာက သင့်ရဲ့ အာရုံစိုက်နိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အလုပ်လုပ်ရင်း အင်တာနက်သုံးတာ၊ လုပ်ထားတဲ့အလုပ်ကို ပြီးဖို့ စောင့်နေရင်း အင်တာနက်သုံးတာတွေဟာ အာရုံကို ပျံ့လွှင့်စေပါတယ်။

၄ - အစီစဉ်ဆွဲပါ

သင်က ဘယ်အချိန်မှာ အလုပ်ကို ဖိဖိစီးစီးလုပ်တတ်တဲ့ အကျင့်ရှိလဲ။ တချို့က မနက်သမားတွေဖြစ်ပြီး မနက်ပိုင်းတွေမှာ အားစိုက်ပြီး လုပ်တတ်ကြပါတယ်။ တချို့ကတော့ နေ့လယ် ၂ နာရီ၊ ၃ နာရီလောက်မှာ အရှိန်ရလာပြီး ပိုလုပ်တတ်ကြပါတယ်။ တချို့ကတော့ ဇီးကွက်တွေလို သူများတွေ အိပ်ချိန်မှာ အလုပ်လုပ်တတ်တဲ့ ညသမားတွေ ဖြစ်ပါတယ်။
၅ - အစမှာ စီစဉ်

နေ့တစ်နေ့ရဲ့ အစမှာပဲ ဒီနေ့ ဘာလုပ်မယ်ဆိုတာ အစီစဉ်ဆွဲထားသင့်ပါတယ်။ ဆွဲထားတဲ့ အစီစဉ်တိုင်းတစ်ခုချင်းလုပ်သွားတာဟာ သင့်စိတ်ကို ရှင်းလင်းပြီး အလုပ်ပြီးမြောက်မှုကို အပြည့်အဝခံစားရပါတယ်။ အစီစဉ်ဆွဲတဲ့အခါ အချိန်အတိုင်းအတာကိုပါ ထည့်သွင်းတွက်ချက်ထားသင့်ပါတယ်။ အချိန်ဘယ်လောက်အတွင်း ပြီးအောင် လုပ်မယ်ဆိုတာမျိုးပါ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top