iMyanmarHouse.com - Best Property Website for Myanmar
×

သံလြင္ဆီအသန္႔ဟာ ကမၻာမွာ အေက်ာ္ၾကားဆုံးအစားအစာ ခုနစ္မ်ဳိးထဲက တစ္မ်ဳိးအပါအဝင္ပဲ ျဖစ္ပါတယ္။ က်န္းမာေရးနဲ႔ ညီညႊတ္ျပီး မီးဖိုေခ်ာင္မွာ မရိွမျဖစ္လိုအပ္တဲ့ ဆီတစ္မ်ဳိးပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဝယ္ယူတဲ့ေနရာမွာ သတိထားရဲ႕မယ့္အခ်က္ေတြ ရိွပါတယ္။ အတုအပ၊ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ ဆီ အစရိွတဲ့ မွားယြင္းမႈေတြ ျဖစ္မသြားေအာင္ သတိေပးတဲ့အေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ပလတ္စတစ္ဗူး သို႔မဟုတ္ ေျပာင္ေနတဲ့ဖန္ဗူးေတြနဲ႔ ထည့္ထားတဲ့ သံလြင္ဆီ

သံလြင္ဆီအသန္႔ရဲ႕ အႏၱရာယ္အရိွဆုံး ရန္သူမွာ ေအာက္ဆီဂ်င္နဲ႔ ေနေရာင္ပဲျဖစ္ပါတယ္။ ပလတ္စတစ္ဗူး သို႔မဟုတ္ ဖန္ဗူးထဲထည့္ထားတဲ့ သံလြင္ဆီကို သင္ဝယ္မိတယ္ဆိုရင္ အထဲမွာရိွေနတဲ့ဆီမွာ အႏၱရာယ္ ရိွႏိုင္ပါတယ္။ အဆင့္ျမင့္တဲ့ သံလြင္ဆီေတြဟာ စိမ္းနက္ေရာင္ သို႔မဟုတ္ ညိွမဲေရာင္ ပုလင္းေတြနဲ႔ ေရာင္းခ်ထားတာေတြ႕ရပါလိမ့္မယ္။

၂။ သင့္အိမ္က သံလြင္ဆီကို ပူေနတဲ့ေနရာမွာ ထားျခင္း

အိမ္မွာသုံးတဲ့ဆီကို မီးဖိုနား သို႔မဟုတ္ ေနေရာင္တိုက္ရိုက္က်တဲ့ေနရာမွာ ထားရင္ ပိုးမႊားေတြရိွလာႏိုင္ျပီး ဆီရဲ႕အရသာ ထိခိုက္သြားေစႏိုင္ပါတယ္။ မီးဖိုခန္းထဲက ေၾကာင္အိမ္ထဲမွာပဲ သိမ္းထားသင့္ပါတယ္။

၃။ အရည္အေသြးကို အေရာင္အလိုက္ အကဲျဖတ္ျခင္း

 တခ်ဳိ႕ေစ်းဝယ္တဲ့သူေတြက ဆီရဲ႕အရည္အေသြးကို အေရာင္အလိုက္ေရြးခ်ယ္ အကဲျဖတ္တတ္ၾကပါတယ္။ အေရာင္ဟာ သံလြင္ပင္ကို ရိတ္သိမ္းခဲ့တဲ့အခ်ိန္နဲ႔ အဆီထုတ္ခဲ့တဲ့အခ်ိန္ေတြကို ေဖာ္ျပတဲ့အရာ သက္သက္ပဲျဖစ္ပါတယ္။ အဲဒါေၾကာင့္ အေရာင္အနည္းငယ္ ကြဲျပားျခင္းေၾကာင့္ အဲဒီဆီကို ေလ်ာ့မတြက္မိဖို႔ သတိထားသင့္ပါတယ္။

၄။ ဆီအမ်ဳိးအစား တစ္ခုတည္းကို အစားအေသာက္ အားလုံးအတြက္အသုံးျပဳဖို႔ ကိုက္ညီတယ္လို႔ ယူဆျခင္း

သံလြင္ဆီ အမ်ဳိးအစားအမ်ားၾကီးအထပ္လိုက္ တင္ထားတဲ့ စင္နားေရာက္လာျပီဆိုရင္ အမ်ားအားျဖင့္ အလယ္အလတ္ေစ်းႏႈန္းကို ဆြဲယူၾကတာမ်ားပါတယ္။ ျပီးေတာ့ ဝယ္ထားတဲ့ ဆီတစ္မ်ဳိးတည္းကိုပဲ ဘာပဲခ်က္ခ်က္ အသုံးျပဳတတ္ၾကပါတယ္။ ဒီလိုဆိုရင္ေတာ့ အာမခံထားတဲ့ သံလြင္ဆီေတြကိုပဲ ေရြးခ်ယ္ အသုံးျပဳသင့္ပါတယ္။ အိမ္မွာလုပ္တဲ့ အသုပ္ေတြဆိုရင္ေတာ့ သံလြင္ဆီက ေတာက္ပေနမွ ျဖစ္တာမို႔ တစ္မ်ဳိးတည္းနဲ႔အားလုံးက အဆင္ေျပေကာင္းေျပပါလိမ့္မယ္။

၅။ လြန္ကဲတဲ့အပူခ်ိန္မွာ ခ်က္ျပဳတ္ျခင္း

အပူခ်ိန္ဟာ လိုအပ္တာထက္ လြန္ကဲေနတယ္ဆိုရင္ေတာ့ သင္အသုံးျပဳတဲ့ သံလြင္ဆီ အရသာ ပ်က္ဆီးသြားႏိုင္ပါတယ္။ အပူခ်ိန္ ၃၆၀ ဒီဂရီဖာရင္ဟိုက္ထက္ မ်ားျပီး ခ်က္ျပဳတ္ျခင္း မလုပ္သင့္ပါဘူး။

၆။ အခ်ိန္အၾကာၾကီးသိမ္းထားျခင္း

သံလြင္ဆီကို ခရားအိုးလိုက္ဝယ္ျပီးေတာ့ ႏွစ္နဲ႔ခ်ီျပီးသိမ္းထားျခင္းေတြကို မလုပ္သင့္ပါဘူး။ ဆီအသန္႔ေတြဟာ ၂၄လခန္႔ပဲ ထားသင့္ပါတယ္။ အရသာပ်က္ဆီးသြားတဲ့သံလြင္ဆီေတြဟာ က်န္းမာေရးနဲ႔လည္း မညီညြတ္ေတာ့တာမို႔ သုံးသင့္သေလာက္နဲ႔ ဝယ္ယူစုေဆာင္းထားသင့္ပါတယ္။
 Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သံလွင်ဆီအသန့်ဟာ ကမ္ဘာမှာ အကျော်ကြားဆုံးအစားအစာ ခုနစ်မျိုးထဲက တစ်မျိုးအပါအဝင်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး မီးဖိုချောင်မှာ မရှိမဖြစ်လိုအပ်တဲ့ ဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဝယ်ယူတဲ့နေရာမှာ သတိထားရဲ့မယ့်အချက်တွေ ရှိပါတယ်။ အတုအပ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီ အစရှိတဲ့ မှားယွင်းမှုတွေ ဖြစ်မသွားအောင် သတိပေးတဲ့အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပလတ်စတစ်ဗူး သို့မဟုတ် ပြောင်နေတဲ့ဖန်ဗူးတွေနဲ့ ထည့်ထားတဲ့ သံလွင်ဆီ

သံလွင်ဆီအသန့်ရဲ့ အန္တရာယ်အရှိဆုံး ရန်သူမှာ အောက်ဆီဂျင်နဲ့ နေရောင်ပဲဖြစ်ပါတယ်။ ပလတ်စတစ်ဗူး သို့မဟုတ် ဖန်ဗူးထဲထည့်ထားတဲ့ သံလွင်ဆီကို သင်ဝယ်မိတယ်ဆိုရင် အထဲမှာရှိနေတဲ့ဆီမှာ အန္တရာယ် ရှိနိုင်ပါတယ်။ အဆင့်မြင့်တဲ့ သံလွင်ဆီတွေဟာ စိမ်းနက်ရောင် သို့မဟုတ် ညှိမဲရောင် ပုလင်းတွေနဲ့ ရောင်းချထားတာတွေ့ရပါလိမ့်မယ်။

၂။ သင့်အိမ်က သံလွင်ဆီကို ပူနေတဲ့နေရာမှာ ထားခြင်း

အိမ်မှာသုံးတဲ့ဆီကို မီးဖိုနား သို့မဟုတ် နေရောင်တိုက်ရိုက်ကျတဲ့နေရာမှာ ထားရင် ပိုးမွှားတွေရှိလာနိုင်ပြီး ဆီရဲ့အရသာ ထိခိုက်သွားစေနိုင်ပါတယ်။ မီးဖိုခန်းထဲက ကြောင်အိမ်ထဲမှာပဲ သိမ်းထားသင့်ပါတယ်။

၃။ အရည်အသွေးကို အရောင်အလိုက် အကဲဖြတ်ခြင်း

 တချို့ဈေးဝယ်တဲ့သူတွေက ဆီရဲ့အရည်အသွေးကို အရောင်အလိုက်ရွေးချယ် အကဲဖြတ်တတ်ကြပါတယ်။ အရောင်ဟာ သံလွင်ပင်ကို ရိတ်သိမ်းခဲ့တဲ့အချိန်နဲ့ အဆီထုတ်ခဲ့တဲ့အချိန်တွေကို ဖော်ပြတဲ့အရာ သက်သက်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် အရောင်အနည်းငယ် ကွဲပြားခြင်းကြောင့် အဲဒီဆီကို လျော့မတွက်မိဖို့ သတိထားသင့်ပါတယ်။

၄။ ဆီအမျိုးအစား တစ်ခုတည်းကို အစားအသောက် အားလုံးအတွက်အသုံးပြုဖို့ ကိုက်ညီတယ်လို့ ယူဆခြင်း

သံလွင်ဆီ အမျိုးအစားအများကြီးအထပ်လိုက် တင်ထားတဲ့ စင်နားရောက်လာပြီဆိုရင် အများအားဖြင့် အလယ်အလတ်ဈေးနှုန်းကို ဆွဲယူကြတာများပါတယ်။ ပြီးတော့ ဝယ်ထားတဲ့ ဆီတစ်မျိုးတည်းကိုပဲ ဘာပဲချက်ချက် အသုံးပြုတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ အာမခံထားတဲ့ သံလွင်ဆီတွေကိုပဲ ရွေးချယ် အသုံးပြုသင့်ပါတယ်။ အိမ်မှာလုပ်တဲ့ အသုပ်တွေဆိုရင်တော့ သံလွင်ဆီက တောက်ပနေမှ ဖြစ်တာမို့ တစ်မျိုးတည်းနဲ့အားလုံးက အဆင်ပြေကောင်းပြေပါလိမ့်မယ်။

၅။ လွန်ကဲတဲ့အပူချိန်မှာ ချက်ပြုတ်ခြင်း

အပူချိန်ဟာ လိုအပ်တာထက် လွန်ကဲနေတယ်ဆိုရင်တော့ သင်အသုံးပြုတဲ့ သံလွင်ဆီ အရသာ ပျက်ဆီးသွားနိုင်ပါတယ်။ အပူချိန် ၃၆၀ ဒီဂရီဖာရင်ဟိုက်ထက် များပြီး ချက်ပြုတ်ခြင်း မလုပ်သင့်ပါဘူး။

၆။ အချိန်အကြာကြီးသိမ်းထားခြင်း

သံလွင်ဆီကို ခရားအိုးလိုက်ဝယ်ပြီးတော့ နှစ်နဲ့ချီပြီးသိမ်းထားခြင်းတွေကို မလုပ်သင့်ပါဘူး။ ဆီအသန့်တွေဟာ ၂၄လခန့်ပဲ ထားသင့်ပါတယ်။ အရသာပျက်ဆီးသွားတဲ့သံလွင်ဆီတွေဟာ ကျန်းမာရေးနဲ့လည်း မညီညွတ်တော့တာမို့ သုံးသင့်သလောက်နဲ့ ဝယ်ယူစုဆောင်းထားသင့်ပါတယ်။
 Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top