iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေလးနဲ႔ အျပင္တစ္ခါထြက္ဖုိ႔အေရး သူျပင္ဆင္ေနတာကို ေစာင့္လိုက္ရတာ တစ္နာရီမက ၾကာရလြန္းလို႔ စိတ္မ႐ွည္ၾကတဲ့ ေယာက္်ားေတြအတြက္ ဒါကို ေရးလိုက္တာပါ။ ဒါက မိန္းကေလး အေတာ္မ်ားမ်ားရဲ႕ သဘာဝပါပဲ။ အထူးသျဖင့္ေတာ့ ငယ္႐ြယ္တဲ့ မိန္းကေလးေတြဆုိရင္ ပိုၿပီးၾကာတတ္ပါတယ္။ ခ်စ္သူနဲ႔ ခ်ိန္းထားတယ္ဆုိမွေတာ့ လွလွပပေလးပဲ ျဖစ္ခ်င္တယ္ေလ။ ဒီလိုနဲ႔ပဲ ျပင္ရင္းဆင္ရင္း ၾကာသြားရတာပါ။ ဘယ္လိုေတြေၾကာင့္ ၾကာေနရသလဲဆုိေတာ့.....

၁။ ဖုန္းဆက္လိုက္လို႔ "ခနေန ထြက္လာေတာ့မယ္" ေျဖရင္ တကယ္တမ္းက ေရခ်ိဳးဖို႔ ျပင္ေနတုန္း။ ေရခ်ိဳးရင္လည္း ၾကာတယ္။ ဆပ္ျပာတုိက္တာတင္ ၂ ထပ္ေလာက္ တုိက္ေနတာ။

၂။ ဆံပင္ကို စည္းရမလား၊ ခ်ထားရမလား၊ စက္ဆြဲၿပီးေျဖာင့္ရမလား၊ အနားေတြ ေခြလိုက္ရမလားနဲဲ႔ တစ္မ်ိဳးၿပီးတစ္မ်ိဳး ေျပာင္းလုပ္တယ္။ ေနာက္ဆံုးက်ေတာ့လည္း အခ်ိန္မရေတာ့လို႔ဆိုၿပီး ဆံပင္ဖားလ်ားနဲ႔ပဲ အျပင္ေရာက္လာေရာ။

၃။ ၿဖီးလိမ္းျပင္ဆင္ေနရင္း သီခ်င္းနားေထာင္တာျဖစ္ျဖစ္ တီဗီကိုျဖစ္ျဖစ္ ၾကည့္ေနမိရင္ေတာ့ မၿပီးေတာ့ဘူးသာမွတ္။ နည္းနည္းေလာက္ ဆက္ၾကည့္မယ္/နားေထာင္မယ္ကေန နာရီဝက္မက ၾကာခ်င္ၾကာသြားတတ္တယ္။

၄။ အၾကာဆံုးထဲက တစ္မ်ိဳးကေတာ့ အဝတ္အစား ေ႐ြးတာပဲ။ ဗီ႐ိုကိုဖြင့္တယ္ ဘာဝတ္ရမလဲလို႔ စဥ္းစားတယ္။ ဘာမွဝတ္စရာမ႐ွိဘူးလို႔လည္း ခံစားရတယ္။ အဝတ္ေတြကို တစ္ခုခ်င္း လိုက္ၾကည့္တယ္၊ အဆင္ေျပမယ့္ဟာကို ထုတ္လိုက္တယ္။ ဝတ္ၾကည့္ၿပီးမွ ျပန္ခၽြတ္ၿပီး တျခားတစ္ထည္နဲ႔ျပန္လဲတယ္။

၅။ ျပင္ဆင္ၿပီးသြားရင္ လွ၊ မလွဆိုတာ မွန္ထဲဲမွာ ဘယ္ျပန္ညာျပန္၊ ေ႐ွ႕ေနာက္လွည့္ၿပီးၾကည့္တာကလည္း အနည္းဆံုး ၂ မိနစ္ပဲ။

၆။ အားလံုးလည္းၿပီးၿပီ၊ စိတ္တုိင္းလည္းက်ၿပီ။ ဒါေပမဲ့ အျပင္မေရာက္ေသးဘူး။ ဘာလို႔လဲဲဆုိေတာ့ ဆယ္ဖီဆြဲေနတာက ၁၅ ခါေလာက္ ႐ွိဦးမယ္။ ၿပီးရင္ "အျပင္သြားလိုက္ဦးမယ္တုိ႔..ဘာတုိ႔" စတဲ့ ေခါင္းစဥ္ေလးနဲ႔ ေဖ့စ္ဘြတ္ေပၚ တင္လိုက္ဦးမွ။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version

ချစ်သူလေးနဲ့ အပြင်တစ်ခါထွက်ဖို့အရေး သူပြင်ဆင်နေတာကို စောင့်လိုက်ရတာ တစ်နာရီမက ကြာရလွန်းလို့ စိတ်မရှည်ကြတဲ့ ယောက်ျားတွေအတွက် ဒါကို ရေးလိုက်တာပါ။ ဒါက မိန်းကလေး အတော်များများရဲ့ သဘာဝပါပဲ။ အထူးသဖြင့်တော့ ငယ်ရွယ်တဲ့ မိန်းကလေးတွေဆိုရင် ပိုပြီးကြာတတ်ပါတယ်။ ချစ်သူနဲ့ ချိန်းထားတယ်ဆိုမှတော့ လှလှပပလေးပဲ ဖြစ်ချင်တယ်လေ။ ဒီလိုနဲ့ပဲ ပြင်ရင်းဆင်ရင်း ကြာသွားရတာပါ။ ဘယ်လိုတွေကြောင့် ကြာနေရသလဲဆိုတော့.....

၁။ ဖုန်းဆက်လိုက်လို့ "ခနနေ ထွက်လာတော့မယ်" ဖြေရင် တကယ်တမ်းက ရေချိုးဖို့ ပြင်နေတုန်း။ ရေချိုးရင်လည်း ကြာတယ်။ ဆပ်ပြာတိုက်တာတင် ၂ ထပ်လောက် တိုက်နေတာ။

၂။ ဆံပင်ကို စည်းရမလား၊ ချထားရမလား၊ စက်ဆွဲပြီးဖြောင့်ရမလား၊ အနားတွေ ခွေလိုက်ရမလားနဲ့ တစ်မျိုးပြီးတစ်မျိုး ပြောင်းလုပ်တယ်။ နောက်ဆုံးကျတော့လည်း အချိန်မရတော့လို့ဆိုပြီး ဆံပင်ဖားလျားနဲ့ပဲ အပြင်ရောက်လာရော။

၃။ ဖြီးလိမ်းပြင်ဆင်နေရင်း သီချင်းနားထောင်တာဖြစ်ဖြစ် တီဗီကိုဖြစ်ဖြစ် ကြည့်နေမိရင်တော့ မပြီးတော့ဘူးသာမှတ်။ နည်းနည်းလောက် ဆက်ကြည့်မယ်/နားထောင်မယ်ကနေ နာရီဝက်မက ကြာချင်ကြာသွားတတ်တယ်။

၄။ အကြာဆုံးထဲက တစ်မျိုးကတော့ အဝတ်အစား ရွေးတာပဲ။ ဗီရိုကိုဖွင့်တယ် ဘာဝတ်ရမလဲလို့ စဉ်းစားတယ်။ ဘာမှဝတ်စရာမရှိဘူးလို့လည်း ခံစားရတယ်။ အဝတ်တွေကို တစ်ခုချင်း လိုက်ကြည့်တယ်၊ အဆင်ပြေမယ့်ဟာကို ထုတ်လိုက်တယ်။ ဝတ်ကြည့်ပြီးမှ ပြန်ချွတ်ပြီး တခြားတစ်ထည်နဲ့ပြန်လဲတယ်။

၅။ ပြင်ဆင်ပြီးသွားရင် လှ၊ မလှဆိုတာ မှန်ထဲမှာ ဘယ်ပြန်ညာပြန်၊ ရှေ့နောက်လှည့်ပြီးကြည့်တာကလည်း အနည်းဆုံး ၂ မိနစ်ပဲ။

၆။ အားလုံးလည်းပြီးပြီ၊ စိတ်တိုင်းလည်းကျပြီ။ ဒါပေမဲ့ အပြင်မရောက်သေးဘူး။ ဘာလို့လဲဆိုတော့ ဆယ်ဖီဆွဲနေတာက ၁၅ ခါလောက် ရှိဦးမယ်။ ပြီးရင် "အပြင်သွားလိုက်ဦးမယ်တို့..ဘာတို့" စတဲ့ ခေါင်းစဉ်လေးနဲ့ ဖေ့စ်ဘွတ်ပေါ် တင်လိုက်ဦးမှ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top