iMyanmarHouse.com - Best Property Website for Myanmar
×

“ဘယ္ေတာ့စားရမလဲ။မစားရေသးဘူးလား”စတဲ့အေမးေတြကို လူမႈပတ္၀န္း က်င္မွာ မၾကာခဏဆိုသလို ၾကားေနရမွာပါ။တကယ္ေတာ့ လက္ထပ္တယ္ဆို တာဟာ တစ္ဘ၀လံုးနဲ႔ဆိုင္တဲ့ ကိစၥပါ။ေဘးက၀ိုင္းတိုက္တြန္းတိုင္း အလ်င္စလို ထလုပ္ရမယ့္ကိစၥမ်ိဳးမဟုတ္ပါဘူး။

(၁)လက္ထပ္ျခင္းဆိုတာ ဧည့္ခံပြဲတစ္ခုထက္ပိုပါတယ္

သတို႔သမီးအရံ၊သတို႔သားအရန္အျဖစ္နဲ႔ေလးငါးပြဲေလာက္လုပ္ၿပီးသြားတဲ့သူေတြ၊သူငယ္ခ်င္းေတြအားလံုး လက္ထပ္ၿပီး ေဘာ္ဒါေတြၾကားထဲ လက္မထပ္ရေသး တဲ့သူဆိုလို႔ ကိုယ္ပဲက်န္ေတာ့တဲ့ အေျခအေနမ်ိဳးမွာဆိုရင္ေတာ့ စိတ္ထဲမွာ လက္ ထပ္ဖို႔ကိစၥအတြက္ စိုးရိမ္တႀကီး အေလာတႀကီးျဖစ္ေနမွာပါ။ေဘးပတ္၀န္း က်င္ကလူေတြရဲ႕အေျပာေတြ၊အေမးေတြကို ႀကံ့ႀကံ့ခံဖို႔ဆိုတာ တကယ္မလြယ္ ပါဘူး။ဒါေပမယ့္ ဒီလိုစိတ္ခံစားခ်က္တစ္ခုတည္းေၾကာင့္ေတာ့ လက္ထပ္ဖုိ႔ကိစၥ  ကို အလ်င္စလို လုပ္စရာမလိုပါဘူး။အျဖဴေရာင္သတို႔သမီး၀တ္စံုႀကီးကို၀တ္ အခမ္းအနားမွာ လူအားလံုးရဲ႕အာရံုစိုက္ခံရတဲ့ ခဏတာအခ်ိန္ေလးဟာ ေပ်ာ္ စရာေကာင္းခ်င္ေကာင္းႏုိင္ေပမယ့္  ေနာက္တစ္ေန႔ေရာက္ရင္ေတာ့ သင္ တစ္ေယာက္တည္းမဟုတ္ေတာ့ပဲ တျခားလူတစ္ေယာက္နဲ႔တကယ့္ဘ၀ သစ္ကိုစတင္ရမယ္ဆိုတဲ့အခ်က္ကိုေတာ့ မေမ့ပါနဲ႔။

(၂)တစ္ေယာက္တည္းေနရမွာ ေၾကာက္လို႔

တစ္ေယာက္တည္းအထီးက်န္ရမွာ(သို႔)တစ္ေယာက္တည္းေနရမွာ ေၾကာက္တယ္ဆိုတဲ့ အေတြးေၾကာင့္ေတာ့ဘယ္ေတာ့မွ လက္မထပ္ပါနဲ႔။ဒါဟာလြဲမွားတဲ့ မျဖစ္သင့္တဲ့ အေၾကာင္းျပခ်က္ပါ။တစ္ေယာက္တည္းမေနခ်င္တာနဲ႔ လက္ထပ္ လိုက္ၿပီးမွ ကိုယ္လက္ထပ္တဲ့သူက မေကာင္းတဲ့လူ တစ္ေယာက္ျဖစ္ေနခဲ့ရင္ အေျခအေနက ပိုဆိုးလာမွာပါ။တစ္ေယာက္တည္းမေနခ်င္ဘူးဆိုတဲ့ စိတ္တစ္ခုတည္းနဲ႔ေတာ့ မ်က္ကန္းေတာတိုး လက္ထပ္ပြဲမ်ိဳးကို ဘယ္ေတာ့ မွမလုပ္ပါနဲ႔။

(၃)အလ်င္စလို လက္ထပ္ခ်င္တဲ့စိတ္ေၾကာင့္ ခ်စ္သူနဲ႔ေ၀းႏိုင္

လက္ထပ္ခ်င္ေနတဲ့ ကိုယ္္စိတ္တစ္ခုတည္းေၾကာင့္ အသင့္မျဖစ္ေသးတဲ့ ခ်စ္သူကို လက္ထပ္ဖို႔ အေၾကာင္းေတြကိုခ်ည္းပဲ တိုက္တြန္းေနမယ္၊ ဖိအားေ ပးေနမယ္ဆိုရင္ေတာ့ ၾကာလာရင္ ခ်စ္သူက ကိုယ့္ကိုစြန္႔ခြာသြားႏိုင္ပါတယ္။ ခ်စ္ရတဲ့သူနဲ႔ေစာေစာစီးစီးအတူတူေနလိုက္တာနဲ႔ ၾကည္ႏူးစရာေကာင္းတဲ့ ဘ၀ကိုျမန္ျမန္ရမွာပဲလို႔ တစ္ထစ္ခ်တြက္ထားလို႔မရပါဘူး။

(၄)ေငြနဲ႔ကေလး ကိစၥမွာ စိတ္သေဘာထားခ်င္းညွိမရေသးခင္

လက္ထပ္ၿပီးရင္ ဘာလုပ္မယ္၊ဘယ္လိုလုပ္မယ္ဆိုတဲ့ေငြေရးေၾကးေရး စီမံခန္႔ ခြဲမယ့္ကိစၥေတြ၊ကေလးယူမယ္၊မယူေသးဘူး၊ဘယ္ႏွစ္ေယာက္ယူမယ္စတဲ့ ကိစၥေတြမွာ တစ္ဦးနဲ႔တစ္ဦးသေဘာတူညီမႈမရေသးပဲနဲ႔ေတာ့ လက္မထပ္ သင့္ေသးပါဘူး။သေဘာထားကြဲလြဲမႈေတြကို ညွိမရေသးပဲနဲ႔ လက္ထပ္ရင္ေတာ့ အခ်ည္းအႏွီးလက္ထပ္ပြဲပဲ ျဖစ္လာမွာပါ။

(၅)ယံုၾကည္မႈသိပ္မရွိေသးရင္

Marital Status(အိမ္ေထာင္ရွိ၊မရွိ) မွာ Married လို႔ေရးဖို႔ လက္ထပ္မွတ္ပံု တင္ တင္ခ်င္ရံုစိတ္ သက္သက္နဲ႔ဆိုရင္ေတာ့ လံုး၀လက္မထပ္ပါနဲ႔။ခင္ပြန္း (သို႔)ဇနီးဆိုတာဟာ လူတစ္ေယာက္ရဲ႕ဘ၀အတြက္ တကယ့္အေဖာ္ မြန္ေကာင္း၊ပါရမီျဖည့္ဖက္ဆိုတာေတာ့မွန္ေပမယ့္ ေလာကႀကီးမွာ ကိုယ့္ကို တစ္ရာရာခိုင္ႏႈန္း စိတ္ေက်နပ္မႈအျပည့္ေပးႏုိင္တဲ့သူဆိုတာ လံုး၀မရွိႏိုင္ဘူးဆိုတဲ့ အခ်က္ကိုေတာ့ မေမ့လိုက္ပါနဲ႔။

Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
“ဘယ်တော့စားရမလဲ။မစားရသေးဘူးလား”စတဲ့အမေးတွေကို လူမှုပတ်ဝန်း ကျင်မှာ မကြာခဏဆိုသလို ကြားနေရမှာပါ။တကယ်တော့ လက်ထပ်တယ်ဆို တာဟာ တစ်ဘဝလုံးနဲ့ဆိုင်တဲ့ ကိစ္စပါ။ဘေးကဝိုင်းတိုက်တွန်းတိုင်း အလျင်စလို ထလုပ်ရမယ့်ကိစ္စမျိုးမဟုတ်ပါဘူး။

(၁)လက်ထပ်ခြင်းဆိုတာ ဧည့်ခံပွဲတစ်ခုထက်ပိုပါတယ်

သတို့သမီးအရံ၊သတို့သားအရန်အဖြစ်နဲ့လေးငါးပွဲလောက်လုပ်ပြီးသွားတဲ့သူတွေ၊သူငယ်ချင်းတွေအားလုံး လက်ထပ်ပြီး ဘော်ဒါတွေကြားထဲ လက်မထပ်ရသေး တဲ့သူဆိုလို့ ကိုယ်ပဲကျန်တော့တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ စိတ်ထဲမှာ လက် ထပ်ဖို့ကိစ္စအတွက် စိုးရိမ်တကြီး အလောတကြီးဖြစ်နေမှာပါ။ဘေးပတ်ဝန်း ကျင်ကလူတွေရဲ့အပြောတွေ၊အမေးတွေကို ကြံ့ကြံ့ခံဖို့ဆိုတာ တကယ်မလွယ် ပါဘူး။ဒါပေမယ့် ဒီလိုစိတ်ခံစားချက်တစ်ခုတည်းကြောင့်တော့ လက်ထပ်ဖို့ကိစ္စ  ကို အလျင်စလို လုပ်စရာမလိုပါဘူး။အဖြူရောင်သတို့သမီးဝတ်စုံကြီးကိုဝတ် အခမ်းအနားမှာ လူအားလုံးရဲ့အာရုံစိုက်ခံရတဲ့ ခဏတာအချိန်လေးဟာ ပျော် စရာကောင်းချင်ကောင်းနိုင်ပေမယ့်  နောက်တစ်နေ့ရောက်ရင်တော့ သင် တစ်ယောက်တည်းမဟုတ်တော့ပဲ တခြားလူတစ်ယောက်နဲ့တကယ့်ဘ၀ သစ်ကိုစတင်ရမယ်ဆိုတဲ့အချက်ကိုတော့ မမေ့ပါနဲ့။

(၂)တစ်ယောက်တည်းနေရမှာ ကြောက်လို့

တစ်ယောက်တည်းအထီးကျန်ရမှာ(သို့)တစ်ယောက်တည်းနေရမှာ ကြောက်တယ်ဆိုတဲ့ အတွေးကြောင့်တော့ဘယ်တော့မှ လက်မထပ်ပါနဲ့။ဒါဟာလွဲမှားတဲ့ မဖြစ်သင့်တဲ့ အကြောင်းပြချက်ပါ။တစ်ယောက်တည်းမနေချင်တာနဲ့ လက်ထပ် လိုက်ပြီးမှ ကိုယ်လက်ထပ်တဲ့သူက မကောင်းတဲ့လူ တစ်ယောက်ဖြစ်နေခဲ့ရင် အခြေအနေက ပိုဆိုးလာမှာပါ။တစ်ယောက်တည်းမနေချင်ဘူးဆိုတဲ့ စိတ်တစ်ခုတည်းနဲ့တော့ မျက်ကန်းတောတိုး လက်ထပ်ပွဲမျိုးကို ဘယ်တော့ မှမလုပ်ပါနဲ့။

(၃)အလျင်စလို လက်ထပ်ချင်တဲ့စိတ်ကြောင့် ချစ်သူနဲ့ဝေးနိုင်

လက်ထပ်ချင်နေတဲ့ ကိုယ်စိတ်တစ်ခုတည်းကြောင့် အသင့်မဖြစ်သေးတဲ့ ချစ်သူကို လက်ထပ်ဖို့ အကြောင်းတွေကိုချည်းပဲ တိုက်တွန်းနေမယ်၊ ဖိအားေ ပးနေမယ်ဆိုရင်တော့ ကြာလာရင် ချစ်သူက ကိုယ့်ကိုစွန့်ခွာသွားနိုင်ပါတယ်။ ချစ်ရတဲ့သူနဲ့စောစောစီးစီးအတူတူနေလိုက်တာနဲ့ ကြည်နူးစရာကောင်းတဲ့ ဘဝကိုမြန်မြန်ရမှာပဲလို့ တစ်ထစ်ချတွက်ထားလို့မရပါဘူး။


(၄)ငွေနဲ့ကလေး ကိစ္စမှာ စိတ်သဘောထားချင်းညှိမရသေးခင်

လက်ထပ်ပြီးရင် ဘာလုပ်မယ်၊ဘယ်လိုလုပ်မယ်ဆိုတဲ့ငွေရေးကြေးရေး စီမံခန့် ခွဲမယ့်ကိစ္စတွေ၊ကလေးယူမယ်၊မယူသေးဘူး၊ဘယ်နှစ်ယောက်ယူမယ်စတဲ့ ကိစ္စတွေမှာ တစ်ဦးနဲ့တစ်ဦးသဘောတူညီမှုမရသေးပဲနဲ့တော့ လက်မထပ် သင့်သေးပါဘူး။သဘောထားကွဲလွဲမှုတွေကို ညှိမရသေးပဲနဲ့ လက်ထပ်ရင်တော့ အချည်းအနှီးလက်ထပ်ပွဲပဲ ဖြစ်လာမှာပါ။

(၅)ယုံကြည်မှုသိပ်မရှိသေးရင်

Marital Status(အိမ်ထောင်ရှိ၊မရှိ) မှာ Married လို့ရေးဖို့ လက်ထပ်မှတ်ပုံ တင် တင်ချင်ရုံစိတ် သက်သက်နဲ့ဆိုရင်တော့ လုံးဝလက်မထပ်ပါနဲ့။ခင်ပွန်း (သို့)ဇနီးဆိုတာဟာ လူတစ်ယောက်ရဲ့ဘဝအတွက် တကယ့်အဖော် မွန်ကောင်း၊ပါရမီဖြည့်ဖက်ဆိုတာတော့မှန်ပေမယ့် လောကကြီးမှာ ကိုယ့်ကို တစ်ရာရာခိုင်နှုန်း စိတ်ကျေနပ်မှုအပြည့်ပေးနိုင်တဲ့သူဆိုတာ လုံးဝမရှိနိုင်ဘူးဆိုတဲ့ အချက်ကိုတော့ မမေ့လိုက်ပါနဲ့။

Credit:shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top