iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတေလ ကိုယ္စိတ္၀င္စားေနတဲ့ ေကာင္မေလးကုိ သူငယ္ခ်င္း အရင္းေခါက္ေခါက္ကလည္း စိတ္၀င္စားေနတာမ်ိဳး ႀကံဳရတတ္ပါတယ္။ ပုိဆုိးတာက ႀကိတ္ၿပီး ပုန္းလွ်ိဳးကြယ္လွ်ိဳး Crush ေလ့ရွိတဲ့ သူငယ္ခ်င္းနဲ႔ဆုိ လုပ္ရကိုင္ရ ခက္တတ္ပါ တယ္။ အဲဒီလုိလူက ဒဲ့ေမးတဲ့အခါမွာလည္း ေ၀့လည္ေၾကာင္ပတ္နဲ႔ ေျဖခ်င္မွေျဖတာမ်ိဳးေလ။ ဒီေတာ့ ေကာင္မေလးတစ္ဦး ကုိ သူငယ္ခ်င္းနဲ႔အၿပိဳင္ Crush ေနမိတယ္ဆုိရင္ လုပ္သင့္တဲ့အခ်က္ေတြကို  ေဖာ္ျပေပးလုိက္ပါတယ္။

(၁) ေလ့လာေစာင့္ၾကည့္ပါ
ေလ့လာေစာင့္ၾကည့္ပါဆုိတာက သူငယ္ခ်င္းျဖစ္သူနဲ႔ သင့္ Crush ရင္းနီးမႈအေျခအေန၊ တုိးတက္မႈအေျခအေန၊ ဆုတ္ယုတ္မႈ အေျခအေနကို မ်က္ေျခမပ်က္ေစာင့္ၾကည့္ဖုိ႔ပါ။ ဒီအခ်က္ဟာ ကုိယ္လႈပ္ရွားတဲ့အခါမွာ အားသာခ်က္ အားနည္းခ်က္ေတြကိုလည္း ပညာယူတတ္ရင္ ျပင္ဆင္သြားလုိ႔ ရပါတယ္။
(၂) သေဘာထားကို ေစာင့္ၾကည့္ေလ့လာပါ

ေနာက္ၿပီး သေဘာထားကုိ သိဖုိ႔လုိပါတယ္။ ဒါလည္း ေကာင္မေလးနဲ႔ ကိုယ့္သူငယ္ခ်င္းရဲ႕ သေဘာထားကုိ သိဖုိ႔ပါ။ အထူးသျဖင့္ ကိုုယ့္ၿပိဳင္ဘက္ျဖစ္ေနတဲ့ သူငယ္ခ်င္းက အတည္လား၊ ခဏတာ စိတ္ကစားတာလား၊ ဒီတစ္ေယာက္တည္း မဟုတ္ဘဲ တစ္ျခားေကာင္မေလးေတြကိုလည္း ႀကဳံရာ Crush တဲ့သူလားဆုိတာ သူငယ္ခ်င္းအခ်င္းခ်င္းမို႔ သိထားသင့္ပါ တယ္။ ဒီအခ်က္သာ ေသခ်ာရင္ သူ႕ကို အရမ္းႀကီးထည့္တြက္ဖုိ႔ မလုိေတာ့ဘူး။

(၃) အမ်ိးသမီးရဲ႕ စိတ္ကုိ သိပါေစ
အေရးႀကီးဆုံးအခ်က္ကေတာ့ အမ်ိဳးသမီးရဲ႕ စိတ္ေနစိတ္ထားပါဘဲ။ သူ႕ကုိ စိတ္၀င္စားသေယာင္ ျပသလား၊ သုိ႔မဟုတ္ သင့္ကိုလား၊ ဒါမွမဟုတ္ တစ္ျခားတစ္ေယာက္နဲ႕ ဘာညာသာရကာလားဆုိတာကိုေပါ့။ ဒီေတာ့ ကိုယ့္ဘက္ကေန စဥ္းစားရ မယ့္  အခ်က္က ကိုယ့္ကုိစိတ္၀င္စားသလုိလုိဆုိရင္ေတာ့ ဇာတ္လမ္းဆက္သင့္ပါတယ္။ တစ္ျခားႏွစ္ခ်က္နဲ႔ ၿငိေနရင္ေတာ့ မႀကိဳးစားတာ အေကာင္းဆုံးပါ။
(၄) ျပႆနာကို အခ်င္းခ်င္းတုိင္ပင္ပါ

အဲ ေကာင္မေလးကလည္း ကိုယ့္ကုိ စိတ္၀င္စားသလုိ ပုံစံျဖစ္ေနရင္ သင့္ သူငယ္ခ်င္းနဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးဖုိ႔ လုိပါတယ္။ တစ္ခ်ိဳ႕ကေတာ့ လက္ေရွာင္ေပးတတ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ သူငယ္ခ်င္းအခ်င္းခ်င္း ညစ္တြန္းတြန္းၿပီး။ မင္းရရင္ မင္းယူ၊ ငါရ ငါယူေပါ့ဆုိၿပီး လုပ္တတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ သူ႕ သေဘာထားကို သိရရင္ သင့္လႈပ္ရွားမႈက ပုိမုိ ျပတ္သားလာမွာပါ။

(၅) အျဖဴအမည္းကြဲဖုိ႔ အဓိက
ေနာက္ဆုံးအဆင့္ကေတာ့ ေကာင္မေလးက ကိုယ့္ဘက္က ရွိေနတယ္ဆုိတာ ေသခ်ာရင္ ညစ္တြန္းတြန္းတဲ့ သူငယ္ခ်င္းမ်ိဳး ဆုိရင္လည္း ဂ႐ုစုိက္ဖုိ႔ မလုိအပ္ေတာ့ပါဘူး။ ဒီၾကားထဲမွာ သင့္ရဲ႕ လႈပ္ရွားမႈ ပါးနပ္ရင္ ပါးနပ္သေလာက္ ေကာင္မေလးက ကုိယ့္ဘက္ပါလာမွာ ျဖစ္သလုိ၊ အခြင့္အေရးရရင္ ရသေလာက္ သင့္သေဘာထားကို စည္း႐ုံးၿပီး ၿပိဳင္ဘက္သူငယ္ခ်င္းဆီက ခြာထုတ္လာလုိ႔ ရပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်ခါတလေ ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးကို သူငယ်ချင်း အရင်းခေါက်ခေါက်ကလည်း စိတ်ဝင်စားနေတာမျိုး ကြုံရတတ်ပါတယ်။ ပိုဆိုးတာက ကြိတ်ပြီး ပုန်းလျှိုးကွယ်လျှိုး Crush လေ့ရှိတဲ့ သူငယ်ချင်းနဲ့ဆို လုပ်ရကိုင်ရ ခက်တတ်ပါ တယ်။ အဲဒီလိုလူက ဒဲ့မေးတဲ့အခါမှာလည်း ဝေ့လည်ကြောင်ပတ်နဲ့ ဖြေချင်မှဖြေတာမျိုးလေ။ ဒီတော့ ကောင်မလေးတစ်ဦး ကို သူငယ်ချင်းနဲ့အပြိုင် Crush နေမိတယ်ဆိုရင် လုပ်သင့်တဲ့အချက်တွေကို  ဖော်ပြပေးလိုက်ပါတယ်။

(၁) လေ့လာစောင့်ကြည့်ပါ
လေ့လာစောင့်ကြည့်ပါဆိုတာက သူငယ်ချင်းဖြစ်သူနဲ့ သင့် Crush ရင်းနီးမှုအခြေအနေ၊ တိုးတက်မှုအခြေအနေ၊ ဆုတ်ယုတ်မှု အခြေအနေကို မျက်ခြေမပျက်စောင့်ကြည့်ဖို့ပါ။ ဒီအချက်ဟာ ကိုယ်လှုပ်ရှားတဲ့အခါမှာ အားသာချက် အားနည်းချက်တွေကိုလည်း ပညာယူတတ်ရင် ပြင်ဆင်သွားလို့ ရပါတယ်။
(၂) သဘောထားကို စောင့်ကြည့်လေ့လာပါ

နောက်ပြီး သဘောထားကို သိဖို့လိုပါတယ်။ ဒါလည်း ကောင်မလေးနဲ့ ကိုယ့်သူငယ်ချင်းရဲ့ သဘောထားကို သိဖို့ပါ။ အထူးသဖြင့် ကိုုယ့်ပြိုင်ဘက်ဖြစ်နေတဲ့ သူငယ်ချင်းက အတည်လား၊ ခဏတာ စိတ်ကစားတာလား၊ ဒီတစ်ယောက်တည်း မဟုတ်ဘဲ တစ်ခြားကောင်မလေးတွေကိုလည်း ကြုံရာ Crush တဲ့သူလားဆိုတာ သူငယ်ချင်းအချင်းချင်းမို့ သိထားသင့်ပါ တယ်။ ဒီအချက်သာ သေချာရင် သူ့ကို အရမ်းကြီးထည့်တွက်ဖို့ မလိုတော့ဘူး။

(၃) အမျိးသမီးရဲ့ စိတ်ကို သိပါစေ
အရေးကြီးဆုံးအချက်ကတော့ အမျိုးသမီးရဲ့ စိတ်နေစိတ်ထားပါဘဲ။ သူ့ကို စိတ်ဝင်စားသယောင် ပြသလား၊ သို့မဟုတ် သင့်ကိုလား၊ ဒါမှမဟုတ် တစ်ခြားတစ်ယောက်နဲ့ ဘာညာသာရကာလားဆိုတာကိုပေါ့။ ဒီတော့ ကိုယ့်ဘက်ကနေ စဉ်းစားရ မယ့်  အချက်က ကိုယ့်ကိုစိတ်ဝင်စားသလိုလိုဆိုရင်တော့ ဇာတ်လမ်းဆက်သင့်ပါတယ်။ တစ်ခြားနှစ်ချက်နဲ့ ငြိနေရင်တော့ မကြိုးစားတာ အကောင်းဆုံးပါ။
(၄) ပြဿနာကို အချင်းချင်းတိုင်ပင်ပါ

အဲ ကောင်မလေးကလည်း ကိုယ့်ကို စိတ်ဝင်စားသလို ပုံစံဖြစ်နေရင် သင့် သူငယ်ချင်းနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုပါတယ်။ တစ်ချို့ကတော့ လက်ရှောင်ပေးတတ်ပါတယ်။ တစ်ချို့ကတော့ သူငယ်ချင်းအချင်းချင်း ညစ်တွန်းတွန်းပြီး။ မင်းရရင် မင်းယူ၊ ငါရ ငါယူပေါ့ဆိုပြီး လုပ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ သဘောထားကို သိရရင် သင့်လှုပ်ရှားမှုက ပိုမို ပြတ်သားလာမှာပါ။

(၅) အဖြူအမည်းကွဲဖို့ အဓိက
နောက်ဆုံးအဆင့်ကတော့ ကောင်မလေးက ကိုယ့်ဘက်က ရှိနေတယ်ဆိုတာ သေချာရင် ညစ်တွန်းတွန်းတဲ့ သူငယ်ချင်းမျိုး ဆိုရင်လည်း ဂရုစိုက်ဖို့ မလိုအပ်တော့ပါဘူး။ ဒီကြားထဲမှာ သင့်ရဲ့ လှုပ်ရှားမှု ပါးနပ်ရင် ပါးနပ်သလောက် ကောင်မလေးက ကိုယ့်ဘက်ပါလာမှာ ဖြစ်သလို၊ အခွင့်အရေးရရင် ရသလောက် သင့်သဘောထားကို စည်းရုံးပြီး ပြိုင်ဘက်သူငယ်ချင်းဆီက ခွာထုတ်လာလို့ ရပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top