iMyanmarHouse.com - Best Property Website for Myanmar
×

ယခုတစ္ေလာ ကုိရီးယားဇာတ္လမ္းတြဲၾကည့္သူေတြရဲ႕ အသည္းစြဲျဖစ္ေနရတဲ႔ Strong Woman Do Bong Soon ရုပ္သံစီးရီးမွ မင္းသားျဖစ္သူ Park Hyung Sik က သူအေနနဲ႔ မင္းသမီး Park Bo Young အေပၚ တကယ္ခ်စ္ခင္မိခဲ႔ပါေၾကာင္း အင္တာဗ်ဴးအစီအစဥ္တစ္ခုမွာ ေျဖဆုိသြားခဲ႔ပါတယ္။

မင္းသားေခ်ာ Park Hyung Sik က " ကြ်န္ေတာ္ မင္းသမီး Park Bo Young ကုိ တကယ္ခ်စ္မိတာပါ။ သူမက အရမ္းခ်စ္ဖုိ႔ေကာင္းတာကုိ။ ၿပီးေတာ့ သူမဟာ တကယ့္ကုိ Do Bong Soon ဇာတ္ရုပ္နဲ႔ လုိက္ဖက္သူပါ။ ကြ်န္ေတာ္ သူမကုိ Do Bong Soon အျဖစ္နဲ႔ ဆက္ခ်စ္ေနခ်င္ေသးေပမယ့္ ဇာတ္လမ္းတြဲၿပီးဆုံးသြားၿပီဆုိေတာ့ မျဖစ္ႏုိင္ေတာ့ဘူးေပါ့ " လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။ အဆုိပါဇာတ္လမ္းတြဲအတြင္းမွာ လုိက္ဖက္ညီညီ အေပးအယူမွ်မွ်နဲ႔ အၾကင္နာေပးတဲ႔ ဇာတ္ဝင္ခန္းအစ သဘာဝက်ေအာင္ သရုပ္ေဆာင္သြားခဲ႔ၾကတဲ႔ မင္းသား Park Hyung Sik နဲ႔ မင္းသမီး Park Bo Young တုိ႔ကုိ အခ်ိဳ႕ပရိသတ္ေတြက တကယ့္ခ်စ္သူေတြလုိ႔ အထင္မွားသြားေစခဲ႔ရပါတယ္။

Strong Woman Do Bong Soon မွာ ပါဝင္ျဖစ္ခဲ့တဲ႔ အေၾကာင္းအရင္းနဲ႔ပတ္သက္ၿပီးေတာ့လည္း မင္းသား Park Hyung Sik က " ကြ်န္ေတာ္စဥ္းစားမိတာက ဒီလုိဇာတ္လမ္းတြဲမ်ိဳးမွာ သရုပ္ေဆာင္ဖုိ႔ လာကမ္းလွမ္းမႈကုိ ျငင္းဆန္လုိက္မယ္ဆုိရင္ ကြ်န္ေတာ္ေလာက္တုံးအတဲ႔လူ ရွိေတာ့မွာမဟုတ္ဘူးေပါ့ေလ။ ၿပီးေတာ့ တြဲဖက္သရုပ္ေဆာင္ရမယ့္လူက မင္းသမီး Park Bo Young ဆုိေတာ့ ကြ်န္ေတာ္ဘယ္လုိမွ မျငင္းႏုိင္ေတာ့ဘူးေပါ့။ အျခားလူေတြကေတာ့ ကြ်န္ေတာ့္ကုိ မနာလုိျဖစ္ေနၾကမယ္ထင္တယ္ " လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္ခင္ဗ်ာ။

Credit:momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version

ယခုတစ်လော ကိုရီးယားဇာတ်လမ်းတွဲကြည့်သူတွေရဲ့ အသည်းစွဲဖြစ်နေရတဲ့ Strong Woman Do Bong Soon ရုပ်သံစီးရီးမှ မင်းသားဖြစ်သူ Park Hyung Sik က သူအနေနဲ့ မင်းသမီး Park Bo Young အပေါ် တကယ်ချစ်ခင်မိခဲ့ပါကြောင်း အင်တာဗျူးအစီအစဉ်တစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

မင်းသားချော Park Hyung Sik က " ကျွန်တော် မင်းသမီး Park Bo Young ကို တကယ်ချစ်မိတာပါ။ သူမက အရမ်းချစ်ဖို့ကောင်းတာကို။ ပြီးတော့ သူမဟာ တကယ့်ကို Do Bong Soon ဇာတ်ရုပ်နဲ့ လိုက်ဖက်သူပါ။ ကျွန်တော် သူမကို Do Bong Soon အဖြစ်နဲ့ ဆက်ချစ်နေချင်သေးပေမယ့် ဇာတ်လမ်းတွဲပြီးဆုံးသွားပြီဆိုတော့ မဖြစ်နိုင်တော့ဘူးပေါ့ " လို့ ပြောဆိုသွားခဲ့ပါတယ်။ အဆိုပါဇာတ်လမ်းတွဲအတွင်းမှာ လိုက်ဖက်ညီညီ အပေးအယူမျှမျှနဲ့ အကြင်နာပေးတဲ့ ဇာတ်ဝင်ခန်းအစ သဘာဝကျအောင် သရုပ်ဆောင်သွားခဲ့ကြတဲ့ မင်းသား Park Hyung Sik နဲ့ မင်းသမီး Park Bo Young တို့ကို အချို့ပရိသတ်တွေက တကယ့်ချစ်သူတွေလို့ အထင်မှားသွားစေခဲ့ရပါတယ်။

Strong Woman Do Bong Soon မှာ ပါဝင်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီးတော့လည်း မင်းသား Park Hyung Sik က " ကျွန်တော်စဉ်းစားမိတာက ဒီလိုဇာတ်လမ်းတွဲမျိုးမှာ သရုပ်ဆောင်ဖို့ လာကမ်းလှမ်းမှုကို ငြင်းဆန်လိုက်မယ်ဆိုရင် ကျွန်တော်လောက်တုံးအတဲ့လူ ရှိတော့မှာမဟုတ်ဘူးပေါ့လေ။ ပြီးတော့ တွဲဖက်သရုပ်ဆောင်ရမယ့်လူက မင်းသမီး Park Bo Young ဆိုတော့ ကျွန်တော်ဘယ်လိုမှ မငြင်းနိုင်တော့ဘူးပေါ့။ အခြားလူတွေကတော့ ကျွန်တော့်ကို မနာလိုဖြစ်နေကြမယ်ထင်တယ် " လို့ ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

Credit:momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top