iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူမရွိေတာ့ သူ႔အတြက္ တကူးတကပူပင္စရာမလိုဘဲ ကိုယ့္အတြက္ဘဲ ကိုယ္ေအးေအးေဆးေဆး စဥ္းစားေတြးေတာႏိုင္ပါတယ္။ ကိုယ့္ကိုကိုယ္လည္း အျပည့္အ၀ခ်စ္လို႔ရပါတယ္။ တျခားသူတို႔ခ်စ္ဖို႔မသင္ယူခင္ ကိုယ့္ကိုကိုယ္ အရင္ခ်စ္ရတယ္မလား။ ကိုယ္ႀကိဳက္တာစား ႀကိဳက္တာလုပ္လို႔ရတာေပါ့။

စိတ္ဖိစီးမႈေလ်ာ့သြားတယ္

ခ်စ္သူနဲ႔အဆင္မေျပလို႔ စိတ္ညစ္တာ စိတ္ဖိစီးတာေတြ မရွိေတာ့ဘူး။ Single ေတြေပ်ာ္ေပ်ာ္ပါးပါးပါပဲ။

ကိုယ့္ကိုကိုယ္ဆံုးျဖတ္ခ်က္ခ်ႏိုင္သြားတယ္

တစ္ခုခုကို ဆံုးျဖတ္ဖို႔အတြက္ တျခားသူကို အားကိုတိုင္ပင္စရာမလိုေတာ့ ကိုယ့္ကိုကိုယ္ ဆံုးျဖတ္ခ်က္ခ်ရင္း တျဖည္းျဖည္းနဲ႔ သင္ဟာ ယံုၾကည္မႈအျပည့္ရွိသူျဖစ္သြားပါတယ္။ ဆံုးျဖတ္ခ်က္လည္း မွန္ကန္စြာခ်ႏိုင္ၿပီး တစ္ခုခုလုပ္ဖို႔ တြန္႔ဆုတ္မေနေတာ့ပါဘူး။

ကိုယ္ႀကိဳက္တဲ့အနုပညာရွင္ေတြကို လြတ္လြတ္လပ္လပ္ Crush လို႔ရတယ္

ကိုယ္ႀကိဳက္တဲအႏုပညာရွင္ေတြရဲ့ လက္မွတ္ထိုးပြဲ ၊ ရိႈးပြဲေတြကို သူငယ္ခ်င္းေတြနဲ႔ လြတ္လြတ္လပ္လပ္ၾကည့္လို႔ရပါတယ္။ ကိုယ့္ကို အူပုပ္ေနမယ့္သူမရွိေတာ့ Crush ခ်င္တဲ့သူကို Crush လို႔ရတာေပါ့။

သူနဲ႔ျပတ္မွာ၊ အနာဂတ္အတြက္ စိတ္ပူစရာမလို

ခ်စ္သူရွိရင္ ေရွ႕ဆက္ဘယ္လို လက္တြဲသြားမလဲဆိုတဲ့ စိုးရိမ္ပူပန္မႈေတြနဲ႔ အလုပ္ေတြ ပိုႀကိဳးစားလုပ္ကိုင္ရပါတယ္။ သူ႔ကို စိတ္မခ်တာ၊ ေနာက္တေယာက္ေတြ႔သြားမွာ စိတ္ပူစရာမလိုေတာ့ပါဘူး။

အိပ္ေရး၀တယ္

ညဖက္လည္း ႀကိဳက္တဲ့ခ်ိန္အိပ္ယာ၀င္ၿပီး မနက္လည္းႀကိဳက္တဲ့အခ်ိန္ ထလို႔ရပါတယ္။ ညဖက္မွာ ဖုန္းအၾကာႀကီးေျပာ အီစရာမလို၊ မနက္ေစာေစာ ႏိုးမယ့္သူမရွိေတာ့ အိပ္ေရး၀တာေပါ့ေနာ္။

ႏွလံုးသားဟာ လံုၿခံဳတယ္

ႏွလံုးသားမွာ ထိခိုက္ဒဏ္ရာမရွိေတာ့ က်န္းမာေနမယ္။ ႏွလံုးသားကို ဘယ္သူမွ စိတ္ထိခိုက္ေအာင္လုပ္လို႔မရေတာ့ ႏွလံုးသားေလး လံုၿခံဳေနတာေပါ့ရွင့္။

Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူမရှိတော့ သူ့အတွက် တကူးတကပူပင်စရာမလိုဘဲ ကိုယ့်အတွက်ဘဲ ကိုယ်အေးအေးဆေးဆေး စဉ်းစားတွေးတောနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း အပြည့်အဝချစ်လို့ရပါတယ်။ တခြားသူတို့ချစ်ဖို့မသင်ယူခင် ကိုယ့်ကိုကိုယ် အရင်ချစ်ရတယ်မလား။ ကိုယ်ကြိုက်တာစား ကြိုက်တာလုပ်လို့ရတာပေါ့။

စိတ်ဖိစီးမှုလျော့သွားတယ်

ချစ်သူနဲ့အဆင်မပြေလို့ စိတ်ညစ်တာ စိတ်ဖိစီးတာတွေ မရှိတော့ဘူး။ Single တွေပျော်ပျော်ပါးပါးပါပဲ။

ကိုယ့်ကိုကိုယ်ဆုံးဖြတ်ချက်ချနိုင်သွားတယ်

တစ်ခုခုကို ဆုံးဖြတ်ဖို့အတွက် တခြားသူကို အားကိုတိုင်ပင်စရာမလိုတော့ ကိုယ့်ကိုကိုယ် ဆုံးဖြတ်ချက်ချရင်း တဖြည်းဖြည်းနဲ့ သင်ဟာ ယုံကြည်မှုအပြည့်ရှိသူဖြစ်သွားပါတယ်။ ဆုံးဖြတ်ချက်လည်း မှန်ကန်စွာချနိုင်ပြီး တစ်ခုခုလုပ်ဖို့ တွန့်ဆုတ်မနေတော့ပါဘူး။

ကိုယ်ကြိုက်တဲ့အနုပညာရှင်တွေကို လွတ်လွတ်လပ်လပ် Crush လို့ရတယ်

ကိုယ်ကြိုက်တဲအနုပညာရှင်တွေရဲ့ လက်မှတ်ထိုးပွဲ ၊ ရှိုးပွဲတွေကို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ကြည့်လို့ရပါတယ်။ ကိုယ့်ကို အူပုပ်နေမယ့်သူမရှိတော့ Crush ချင်တဲ့သူကို Crush လို့ရတာပေါ့။

သူနဲ့ပြတ်မှာ၊ အနာဂတ်အတွက် စိတ်ပူစရာမလို

ချစ်သူရှိရင် ရှေ့ဆက်ဘယ်လို လက်တွဲသွားမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အလုပ်တွေ ပိုကြိုးစားလုပ်ကိုင်ရပါတယ်။ သူ့ကို စိတ်မချတာ၊ နောက်တယောက်တွေ့သွားမှာ စိတ်ပူစရာမလိုတော့ပါဘူး။

အိပ်ရေးဝတယ်

ညဖက်လည်း ကြိုက်တဲ့ချိန်အိပ်ယာဝင်ပြီး မနက်လည်းကြိုက်တဲ့အချိန် ထလို့ရပါတယ်။ ညဖက်မှာ ဖုန်းအကြာကြီးပြော အီစရာမလို၊ မနက်စောစော နိုးမယ့်သူမရှိတော့ အိပ်ရေးဝတာပေါ့နော်။

နှလုံးသားဟာ လုံခြုံတယ်

နှလုံးသားမှာ ထိခိုက်ဒဏ်ရာမရှိတော့ ကျန်းမာနေမယ်။ နှလုံးသားကို ဘယ်သူမှ စိတ်ထိခိုက်အောင်လုပ်လို့မရတော့ နှလုံးသားလေး လုံခြုံနေတာပေါ့ရှင့်။

Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top