iMyanmarHouse.com - Best Property Website for Myanmar
×

၀ိုင္အနီ ေတြနဲ႔ ဘယ္ရီသီးေတြဟာ ဗိုင္ရာဂရာ အသစ္တစ္မ်ိဳးပဲ ျဖစ္တယ္လို႔ သုေတသန အသစ္တစ္ခုအရ သိရပါတယ္။ ကၽြမ္းက်င္သူေတြ အခိုင္အမာဆိုထားတာကေတာ့ ဘယ္ရီသီး လက္တစ္ဆုပ္ ခန္႔ကို တစ္ပတ္ကို ၃ ႀကိမ္ စားသံုးျခင္း (သို႔) ၀ိုင္အနီ ခြက္အနည္းငယ္ခန္႔ကို ပံုမွန္ေသာက္သံုးျခင္းဟာ ပန္းေသပန္းညိႈးျခင္း ကေန ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္။

ေလ့လာမႈအသစ္တစ္ခုက ေဆြးေႏြးတင္ျပလာတာကေတာ့ ဘယ္ရီသီးစားျခင္းဟာလည္း တစ္ပတ္ကို ၅ နာရီခန္႔ ပံုမွန္ လမ္းေလွ်ာက္သလိုပင္ လိင္ပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္လာေစတယ္လို႔ ဆိုထားပါတယ္။ ဒါဟာလည္း ဘယ္ရီသီးေတြနဲ႔ ၀ိုင္အနီေတြမွာ ပါ၀င္တဲ့ flavanoids နဲ႔ anthycyanins ဆိုတဲ့ သဘာ၀ ျဒပ္ေပါင္းေတြေၾကာင့္ပဲျဖစ္ပါတယ္။

ဒါ့အျပင္ ခ်ယ္ရီသီးမ်ား ၊ ဘလက္ခ္ဘယ္ရီသီးမ်ား ၊ မုန္လာဥျဖဴမ်ား ၊ ဘလူးဘယ္ရီသီးမ်ား နဲ႔ အရည္ရႊမ္းေသာ လိေမၼာ္မ်ိဳး အသီးမ်ားမွာလည္း flavanoids နဲ႔ anthycyanins တို႔ပါ၀င္ေနတဲ့အတြက္ တူညီတဲ့ သက္ေရာက္မႈေတြရွိေနတယ္လို႔ ေလ့လာမႈက ဆိုထားပါေသးတယ္။

ပန္းေသပန္းညိႈးျခင္းေရာဂါဟာ ေသြးလည္ပတ္မႈ မေကာင္းမြန္ျခင္းနဲ႔ ႏွလံုးေရာဂါတို႔ရဲ ႔ လကၡဏာေတြလည္းျဖစ္ပါတယ္။ ပန္းေသပန္းညိႈးေရာဂါ ဟာ ႏွလံုးေရာဂါရဲ ႔ အဆင့္ျမင့္ သတိေပးမႈ တစ္ခုျဖစ္တယ္လို႔လည္း သုေတသီေတြကဆိုပါတယ္။ ေလ့လာမႈ အသစ္တစ္ခုမွာ ေဖာ္ျပခဲ့တာက flavanoids ျဒပ္ေပါင္းဟာ စြမ္းေဆာင္ရည္ ခ်ိဳ ႔တဲ့ေနျခင္းကို ၁၄ ရာခိုင္ႏႈန္းေလ်ာ့နည္းသြားေစႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ flavanoid ၾကြယ္၀တဲ့အစားအစာ ေတြစားသံုးသလို ပံုမွန္ လမ္းေလွ်ာက္ျခင္း ကိုလည္း လုပ္ေဆာင္ေပးပါက ပန္းေသပန္းညိႈးေရာဂါ ျဖစ္ေနျခင္းကိုပင္ ၂၁ ရာခိုင္ႏႈန္း ခန္႔ ျပန္လည္ေကာင္းမြန္လာေစႏိုင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ flavanoids ျဒပ္ေပါင္းပါ၀င္တဲ့ အစားအစာေတြ စားသံုးျခင္းဟာ ႏွလံုးေရာဂါကို ပင္ ကာကြယ္ႏိုင္စြမ္းရွိလာခဲ့ပါတယ္။

သုေတသီေတြရဲ ႔ခန္႔မွန္းမႈအရ ေတာ့ ၂၀၂၅ ခုႏွစ္ ေရာက္တဲ့အခါမွာ ကမာၻတစ္၀ွမ္းက အမ်ိဳးသား ၃၂၂ သန္း ကို ပန္းေသပန္းညိႈးေရာဂါ သက္ေရာက္လာ ဖြယ္ရွိတယ္လို႔ ခန္႔မွန္းထားပါတယ္။
Credit:သစ္ထူးလြင္
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 ဝိုင်အနီ တွေနဲ့ ဘယ်ရီသီးတွေဟာ ဗိုင်ရာဂရာ အသစ်တစ်မျိုးပဲ ဖြစ်တယ်လို့ သုတေသန အသစ်တစ်ခုအရ သိရပါတယ်။ ကျွမ်းကျင်သူတွေ အခိုင်အမာဆိုထားတာကတော့ ဘယ်ရီသီး လက်တစ်ဆုပ် ခန့်ကို တစ်ပတ်ကို ၃ ကြိမ် စားသုံးခြင်း (သို့) ဝိုင်အနီ ခွက်အနည်းငယ်ခန့်ကို ပုံမှန်သောက်သုံးခြင်းဟာ ပန်းသေပန်းညှိုးခြင်း ကနေ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

လေ့လာမှုအသစ်တစ်ခုက ဆွေးနွေးတင်ပြလာတာကတော့ ဘယ်ရီသီးစားခြင်းဟာလည်း တစ်ပတ်ကို ၅ နာရီခန့် ပုံမှန် လမ်းလျှောက်သလိုပင် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ကောင်းမွန်လာစေတယ်လို့ ဆိုထားပါတယ်။ ဒါဟာလည်း ဘယ်ရီသီးတွေနဲ့ ဝိုင်အနီတွေမှာ ပါဝင်တဲ့ flavanoids နဲ့ anthycyanins ဆိုတဲ့ သဘာ၀ ဒြပ်ပေါင်းတွေကြောင့်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ချယ်ရီသီးများ ၊ ဘလက်ခ်ဘယ်ရီသီးများ ၊ မုန်လာဥဖြူများ ၊ ဘလူးဘယ်ရီသီးများ နဲ့ အရည်ရွှမ်းသော လိမ္မော်မျိုး အသီးများမှာလည်း flavanoids နဲ့ anthycyanins တို့ပါဝင်နေတဲ့အတွက် တူညီတဲ့ သက်ရောက်မှုတွေရှိနေတယ်လို့ လေ့လာမှုက ဆိုထားပါသေးတယ်။

ပန်းသေပန်းညှိုးခြင်းရောဂါဟာ သွေးလည်ပတ်မှု မကောင်းမွန်ခြင်းနဲ့ နှလုံးရောဂါတို့ရဲ့ လက္ခဏာတွေလည်းဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါ ဟာ နှလုံးရောဂါရဲ့ အဆင့်မြင့် သတိပေးမှု တစ်ခုဖြစ်တယ်လို့လည်း သုတေသီတွေကဆိုပါတယ်။ လေ့လာမှု အသစ်တစ်ခုမှာ ဖော်ပြခဲ့တာက flavanoids ဒြပ်ပေါင်းဟာ စွမ်းဆောင်ရည် ချို့တဲ့နေခြင်းကို ၁၄ ရာခိုင်နှုန်းလျော့နည်းသွားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် flavanoid ကြွယ်ဝတဲ့အစားအစာ တွေစားသုံးသလို ပုံမှန် လမ်းလျှောက်ခြင်း ကိုလည်း လုပ်ဆောင်ပေးပါက ပန်းသေပန်းညှိုးရောဂါ ဖြစ်နေခြင်းကိုပင် ၂၁ ရာခိုင်နှုန်း ခန့် ပြန်လည်ကောင်းမွန်လာစေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် flavanoids ဒြပ်ပေါင်းပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်းဟာ နှလုံးရောဂါကို ပင် ကာကွယ်နိုင်စွမ်းရှိလာခဲ့ပါတယ်။

သုတေသီတွေရဲ့ခန့်မှန်းမှုအရ တော့ ၂၀၂၅ ခုနှစ် ရောက်တဲ့အခါမှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသား ၃၂၂ သန်း ကို ပန်းသေပန်းညှိုးရောဂါ သက်ရောက်လာ ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
Credit:သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top