iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္မွန္တပ္ထားတဲ့ သူေတြမ်ား ရွိလားရွင့္။ ဒါဆိုရင္ေတာ့ ကိုယ္ႀကံဳေတြ႔ရတဲ့ အခက္ခဲတစ္ခ်ိဳ႕ကိုလည္း comment ေပးခဲ့ဦးေနာ္။

၁။ 3 D ဇာတ္ကားေတြ ၾကည့္ရတာ ဟန္မက်ဘူး။ 3D မ်က္မွန္ကို ဘယ္လိုတပ္ရမွန္းမသိ။ မ်က္မွန္အေပၚမွာပဲ ထပ္ၿပီးတပ္ရမလား မ်က္မွန္းပဲ ခၽြတ္ရမလား ေ၀ခြဲရခပ္ခက္ခက္ရယ္။ ဟုတ္ရဲ့လားရွင့္။

၂။ ခဏခဏ မ်က္မွန္းကို သန္႔ရွင္းေရးလုပ္ရတယ္။

၃။ ေခၽြးေတြထြက္လာၿပီဆိုရင္ မ်က္မွန္က ကၽြတ္ကၽြတ္က်ေရာ။ ေလ့က်င့္ခန္းလုပ္ေနရင္ မ်က္မွန္နဲ႔ နပန္းသတ္ေနရတာ အေမာေလ။

၄။ မိုးရြာၿပီဆို ဘာမွကို မျမင္ရေတာ့တာ။ ဟုတ္တယ္မလားရွင့္။

၅။ လက္နဲ႔ မွန္ကို ထိမိရင္လည္း မ်က္မွန္က ညစ္ပတ္သြားေတာ့ ျပန္ၿပီး သန္႔ရွင္းေပးရတာ အေမာပါပဲ။ ၿပီးေတာ့ ၅ မိနစ္တစ္ခါေလာက္ မ်က္မွန္ကို ျပန္ျပန္ ပင့္ေနရတယ္ေလ။ စတိုင္လ္တစ္ခုေပါ့။

၆။ မ်က္မွန္ခၽြတ္ထားမိၿပီဆိုရင္ ခဏခဏ လိုက္ရွာရတာလည္း အလုပ္တစ္ခုလိုပါပဲ။

၇။ မ်က္မွန္တပ္ၿပီး အိပ္ရင္ ၊ လွဲေနရင္ မ်က္မွန္က အဆင္မေျပဘူး။ က်ိဳးမွာကလည္း ေၾကာက္ရေသးတယ္။

၈။ ေကာ္ဖီပူပူ ေရေႏြးပူပူေသာက္ရင္ မ်က္မွန္မွာ အေငြ႔ရိုက္လို႔ ဘာမွမျမင္ရေတာ့ဘူး။ တခါတေလ Aircon ခန္းကေန အျပင္ကိုထြက္လိုက္ရင္ မ်က္မွန္က ၀ါးသြားေရာ။

၉။ အိက်ီ ၤခၽြတ္ေတာ့မယ္ဆိုရင္ မ်က္မွန္ခၽြတ္ဖို႔ေမ့ရင္ သြားသြားတုိက္တာ။ ကိ်ဳးမွာေက်ာက္လို႔ ခပ္ျမန္ျမန္ေလး ခၽြတ္ရတဲ့ဒုကၡ။

၁၀။ ခ်စ္သူရွိလို႔ အနမ္းေပးေတာ့မယ္ဆို မ်က္မွန္နဲ႔အဆင္ကိုမေျပပါဘူးေလ။

ဘာပဲျဖစ္ျဖစ္ မွန္ေၾကာင္ေလးဆိုတာ လူေတြအလည္မွာ ထင္းေနတာလည္း မတတ္ႏိုင္ဘူးေလေနာ္။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မျက်မှန်တပ်ထားတဲ့ သူတွေများ ရှိလားရှင့်။ ဒါဆိုရင်တော့ ကိုယ်ကြုံတွေ့ရတဲ့ အခက်ခဲတစ်ချို့ကိုလည်း comment ပေးခဲ့ဦးနော်။

၁။ 3 D ဇာတ်ကားတွေ ကြည့်ရတာ ဟန်မကျဘူး။ 3D မျက်မှန်ကို ဘယ်လိုတပ်ရမှန်းမသိ။ မျက်မှန်အပေါ်မှာပဲ ထပ်ပြီးတပ်ရမလား မျက်မှန်းပဲ ချွတ်ရမလား ဝေခွဲရခပ်ခက်ခက်ရယ်။ ဟုတ်ရဲ့လားရှင့်။

၂။ ခဏခဏ မျက်မှန်းကို သန့်ရှင်းရေးလုပ်ရတယ်။

၃။ ချွေးတွေထွက်လာပြီဆိုရင် မျက်မှန်က ကျွတ်ကျွတ်ကျရော။ လေ့ကျင့်ခန်းလုပ်နေရင် မျက်မှန်နဲ့ နပန်းသတ်နေရတာ အမောလေ။

၄။ မိုးရွာပြီဆို ဘာမှကို မမြင်ရတော့တာ။ ဟုတ်တယ်မလားရှင့်။

၅။ လက်နဲ့ မှန်ကို ထိမိရင်လည်း မျက်မှန်က ညစ်ပတ်သွားတော့ ပြန်ပြီး သန့်ရှင်းပေးရတာ အမောပါပဲ။ ပြီးတော့ ၅ မိနစ်တစ်ခါလောက် မျက်မှန်ကို ပြန်ပြန် ပင့်နေရတယ်လေ။ စတိုင်လ်တစ်ခုပေါ့။

၆။ မျက်မှန်ချွတ်ထားမိပြီဆိုရင် ခဏခဏ လိုက်ရှာရတာလည်း အလုပ်တစ်ခုလိုပါပဲ။

၇။ မျက်မှန်တပ်ပြီး အိပ်ရင် ၊ လှဲနေရင် မျက်မှန်က အဆင်မပြေဘူး။ ကျိုးမှာကလည်း ကြောက်ရသေးတယ်။

၈။ ကော်ဖီပူပူ ရေနွေးပူပူသောက်ရင် မျက်မှန်မှာ အငွေ့ရိုက်လို့ ဘာမှမမြင်ရတော့ဘူး။ တခါတလေ Aircon ခန်းကနေ အပြင်ကိုထွက်လိုက်ရင် မျက်မှန်က ဝါးသွားရော။

၉။ အိကျီ ၤချွတ်တော့မယ်ဆိုရင် မျက်မှန်ချွတ်ဖို့မေ့ရင် သွားသွားတိုက်တာ။ ကျိုးမှာကျောက်လို့ ခပ်မြန်မြန်လေး ချွတ်ရတဲ့ဒုက္ခ။

၁၀။ ချစ်သူရှိလို့ အနမ်းပေးတော့မယ်ဆို မျက်မှန်နဲ့အဆင်ကိုမပြေပါဘူးလေ။

ဘာပဲဖြစ်ဖြစ် မှန်ကြောင်လေးဆိုတာ လူတွေအလည်မှာ ထင်းနေတာလည်း မတတ်နိုင်ဘူးလေနော်။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top